ရွမ္းျပည္နယ္ လႊတ္ေတာ္ အစည္းအေဝး က်င္းပေနစဥ္ |
တုိက္ပဲြအတြင္းမွာ ျပည္သူေတြ ေသဆံုးရတာကို ကန္႔ကြက္ရႈွတ္ခ်ေၾကာင္းနဲ႔ စစ္ေဘးဒုကၡသည္ေတြ ျပန္လည္ ထူေထာင္ေရးအတြက္ အကူအညီေပးဖို႔ ရွမ္းျပည္နယ္ အစိုးရကို တိုက္တြန္းတာျဖစ္တယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေက်ာက္မဲၿမိဳ႕နယ္ အမွတ္ ၂ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းထြန္းဥာဏ္က ေျပာ ပါတယ္။
"အေရးႀကီးတဲ့အဆိုထဲမွာ လက္နက္ကိုင္တိုင္းရင္းအခ်င္းခ်င္း တိုက္ခိုက္တဲ့စစ္ပြဲမွာ လူသားေတြကို လူသားတိုင္းအျဖစ္အသံုးျပဳၿပီးေတာ့ စစ္ပြဲဆင္ႏႊဲတာကိုေတာ့ ရွမ္းျပည္နယ္မွာလည္း ျဖစ္ပြားေနတယ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္အေနနဲ႔ ဒီကိစၥကို အျပင္းအထန္ ကန္႔ကြက္ရႈတ္ခ်သင့္တာေပါ့၊ က်ေနာ္ ပထမ တစ္ခ်က္အေနနဲ႔ မီးေမာင္းထိုးၿပီးေတာ့ တင္ျပတာေပါ့ေလ၊ နံပါတ္ ၂ က အရပ္သားေတြ သတ္ျဖတ္ခံ ရတယ္၊ ျပည္သူေတြရဲ႕ အိမ္နဲ႔ပစၥည္းေတြ လုယက္ခံရတာေပါ့ေလ၊ အဲ့ဒါကို တိုင္းရင္းသားအခ်င္းခ်င္း တိုက္ခိုက္တဲ့စစ္ပြဲမွာ အျပစ္မ့ဲျပည္သူမ်ားကို သတ္ျဖတ္တာတို႔ဘာတို႔ အဲ့ဒါလည္းပဲ လႊတ္ေတာ္ကေန တဆင့္ေပါ့ေလ အျပင္အထန္ ကန္႔ကြက္ရႈတ္ခ်ဖို႔ စစ္ပြဲကာလအတြင္းမွာ ေနအိမ္ ၈ လံုး မီးရိႈ႕ခံရတယ္၊ ဆိုင္ကယ္ ၈ စီး ၉ စီးေလာက္ ဖ်က္ဆီးခံရတယ္၊ အျခားပစၥးေတြအမ်ားႀကီး လုယက္ခံရတယ္၊ ဒီလိုမ်ိဳး အေနအထားမွာဆိုလို႔ရွိရင္ ျပန္လည္ထူေထာင္တဲ့ကာလမွာ အစိုးရအေနနဲ႔ အျပည့္အဝ ကူညီေဆာင္ ရြက္ေပးဖို႔ေပါ့ေလ က်ေနာ္ အေလးအနက္ အစိုးရကို တိုက္တြန္းတာေပါ့"
ၿပီးခဲ့တဲ့ႏွစ္ ႏုိဝင္ဘာလကစၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္း၊ နမ့္ဆန္၊ မန္တံု၊ ေက်ာက္မဲ၊ သီေပါနဲ႔ နမ့္မတူၿမိဳ႕နယ္ေတြမွာ TNLA နဲ႔ RCSS/SSA တို႔ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတာ ျဖစ္ပါတယ္။
တိုက္ပြဲေတြေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္ မင္းကုန္း၊ ေညာင္ေမာင္းနဲ႔ ေတာ့ဆန္ေက်းရြာေတြမွာ ေနအိမ္ေတြနဲ႔ ဆိုင္ကယ္ေတြ ဖ်က္ဆီးခံခဲ့ရတယ္လို႔ သိရပါတယ္။
တိုက္ပြဲေတြေၾကာင့္ ေက်ာက္မဲၿမိဳ႕ေပၚမွာ ဒုကၡသည္စခန္း ၂ဝ ေက်ာ္ ဖြင့္လွစ္ထားရၿပီး စစ္ေဘးဒုကၡသည္ ၄ ေထာင္ ေက်ာ္ ခိုလံႈေနၾကပါတယ္။ ဒီရက္ပိုင္းအတြင္း တိုက္ပြဲေတြ မရွိေပမယ့္ ဒုကၡသည္ေတြဟာ ေနရပ္ကို မျပန္ရဲၾကေသးဘူးလို႔လည္း သိရပါတယ္။
အ့ဲဒီအဆုိဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာ အသစ္စတင္တဲ့ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ အစည္းအေဝးေတြမွာ ပထမဆံုးတင္သြင္းတဲ့ အဆုိျဖစ္ပါတယ္။ အဆုိကို ျပည္နယ္လႊတ္ေတာ္မွာ ေဆြးေႏြးဖို႔ ကန္႔ကြက္သူမရွိတာေၾကာင့္ မနက္ျဖန္ ေဆြးေႏြးၾကမွာျဖစ္ပါတယ္။
ဒီေန႔ ရွမ္းျပည္နယ္ လႊတ္ေတာ္အျပင္ ဧရာဝတီတိုင္းေဒသႀကီးနဲ႔ မေကြးတိုင္းေဒသႀကီးတို႔မွာ လႊတ္ေတာ္အစည္း အေဝးေတြ ျပန္လည္က်င္းပခဲ့ၿပီး လႊတ္ေတာ္ေရးရာ ေကာ္မတီေတြကို ဖဲြ႔စည္းခဲ့ၾကပါတယ္။
RFA Burmese
http://www.rfa.org/burmese/news/northern-shan-state-war-refugees-02252016101155.html
..........
ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြာင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရအနေနဲ့ အမြန်ဆုံး အကူအညီတွေပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဒီနေ့ ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းလိုက် ပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူတွေ သေဆုံးရတာကို ကန့်ကွက်ရှုှတ်ချကြောင်းနဲ့ စစ်ဘေးဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေးအတွက် အကူအညီပေးဖို့ ရှမ်းပြည်နယ် အစိုးရကို တိုက်တွန်းတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျောက်မဲမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြော ပါတယ်။
"အရေးကြီးတဲ့အဆိုထဲမှာ လက်နက်ကိုင်တိုင်းရင်းအချင်းချင်း တိုက်ခိုက်တဲ့စစ်ပွဲမှာ လူသားတွေကို လူသားတိုင်းအဖြစ်အသုံးပြုပြီးတော့ စစ်ပွဲဆင်နွှဲတာကိုတော့ ရှမ်းပြည်နယ်မှာလည်း ဖြစ်ပွားနေတယ်၊ ရှမ်းပြည်နယ်လွှတ်တော်အနေနဲ့ ဒီကိစ္စကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသင့်တာပေါ့၊ ကျနော် ပထမ တစ်ချက်အနေနဲ့ မီးမောင်းထိုးပြီးတော့ တင်ပြတာပေါ့လေ၊ နံပါတ် ၂ က အရပ်သားတွေ သတ်ဖြတ်ခံ ရတယ်၊ ပြည်သူတွေရဲ့ အိမ်နဲ့ပစ္စည်းတွေ လုယက်ခံရတာပေါ့လေ၊ အဲ့ဒါကို တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်တဲ့စစ်ပွဲမှာ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်တာတို့ဘာတို့ အဲ့ဒါလည်းပဲ လွှတ်တော်ကနေ တဆင့်ပေါ့လေ အပြင်အထန် ကန့်ကွက်ရှုတ်ချဖို့ စစ်ပွဲကာလအတွင်းမှာ နေအိမ် ၈ လုံး မီးရှို့ခံရတယ်၊ ဆိုင်ကယ် ၈ စီး ၉ စီးလောက် ဖျက်ဆီးခံရတယ်၊ အခြားပစ္စးတွေအများကြီး လုယက်ခံရတယ်၊ ဒီလိုမျိုး အနေအထားမှာဆိုလို့ရှိရင် ပြန်လည်ထူထောင်တဲ့ကာလမှာ အစိုးရအနေနဲ့ အပြည့်အဝ ကူညီဆောင် ရွက်ပေးဖို့ပေါ့လေ ကျနော် အလေးအနက် အစိုးရကို တိုက်တွန်းတာပေါ့"
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ သီပေါနဲ့ နမ့်မတူမြို့နယ်တွေမှာ TNLA နဲ့ RCSS/SSA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ် မင်းကုန်း၊ ညောင်မောင်းနဲ့ တော့ဆန်ကျေးရွာတွေမှာ နေအိမ်တွေနဲ့ ဆိုင်ကယ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ပေါ်မှာ ဒုက္ခသည်စခန်း ၂ဝ ကျော် ဖွင့်လှစ်ထားရပြီး စစ်ဘေးဒုက္ခသည် ၄ ထောင် ကျော် ခိုလှုံနေကြပါတယ်။ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ မရှိပေမယ့် ဒုက္ခသည်တွေဟာ နေရပ်ကို မပြန်ရဲကြသေးဘူးလို့လည်း သိရပါတယ်။
အဲ့ဒီအဆိုဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အသစ်စတင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေမှာ ပထမဆုံးတင်သွင်းတဲ့ အဆိုဖြစ်ပါတယ်။ အဆိုကို ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးဖို့ ကန့်ကွက်သူမရှိတာကြောင့် မနက်ဖြန် ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီနေ့ ရှမ်းပြည်နယ် လွှတ်တော်အပြင် ဧရာဝတီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ လွှတ်တော်အစည်း အဝေးတွေ ပြန်လည်ကျင်းပခဲ့ပြီး လွှတ်တော်ရေးရာ ကော်မတီတွေကို ဖွဲ့စည်းခဲ့ကြပါတယ်။
RFA Burmese
http://www.rfa.org/burmese/news/northern-shan-state-war-refugees-02252016101155.html