သပိတ်ကျင်း မြို့နယ်တွင် သမီးဖြစ်သူ အခန်းထဲ ၀င်ရောက်နေသူကို ဖခင်ဖြစ်သူက တွေ့ရှိခဲ့သဖြင့် အမှုဖွင့်ခဲ့သည်။ ယခုလ (၂၆)ရက်နေ့တွင် ဦးမြင့်နိုင်သည် နေအိမ် အပေါ်ထပ်တွင် မိသားစုများနှင့်အတူ အိပ်နေပြီး အပေါ့သွားရန် နေအိမ် အောက်ထပ်သို့ သွားခဲ့ပြီး အပေါ်ထပ်သို့ ပြန်တက်လာစဉ် သမီးဖြစ်သူ မ..... (၁၆) နှစ် အိပ်သည့် အခန်းတံခါး ပွင့်နေ၍ ဓာတ်မီးဖြင့် ထိုးကြည့်ရာ တစ်ရွာတည်းနေ မောင်...... (၂၆)နှစ်မှာ နေအိမ် တံခါးပေါက်မှ ခုန်ချ ထွက်ပြေးသွားကြောင်း တွေ့ရှိခဲ့သည်။
(၃၀)ရက်နေ့တွင် မောင်.......အား နယ်မြေစခန်း (တကောင်း)မှ (ပ)၄၅/၂၀၁၅ ပြစ်မှုပုဒ်မ ၄၅၆ ဖြင့် အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိသည်။
http://messengernewsjournal.com/News/Local/detail.php?id=41740