Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မြန်မာ့ရေဘေး သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး..

$
0
0


မြောက်ဦးပုဇွန်ဖေကျေးရွာမှ ရေဘေးကြောင့်သေဆုံးကလေးငယ်များ
သြဂုတ် ၂။ ။ ရက်ပေါင်းများ မိုးသည်းထန်စွာရွာပြိးနောက် မြန်မာနိုင်ငံအတွင်း မိုးကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကနေ သေဆုံးသူဦးရေ တိုးမြင့်လာနိုင်ကြောင်း ကုလသမဂ္ဂ က တနင်္ဂနွေနေ့က သတိပေးလိုက်ပါတယ်။
လတ်တလောရက်တွေအတွင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ရေဘေးကြောင့် လူ ၂၇ဦးထက်မနည်းသေဆုံးပြီး လူ ၁၅၀ ၀၀၀ ကျော်ရေဘေးဒဏ်သင့်ခဲ့ရပါတယ်။ အစိုးရက မြန်မာနိုင်ငံအလယ်ပိုင်း နဲ့ အနောက်ပိုင်းက ရေဘေးဒဏ်အခံရဆုံးနေရာ ၄ခုကို ` အမျိုးသားသဘာဝဘေးဒဏ်ခံစားရတဲ့ဒေသများ´ လို့ ကြေညာခဲ့ပါတယ်။
သည်းထန်တဲ့မုတ်သုန်မိုးကြောင့် ရေကြီးမြေပြိုမှုတွေဖြစ်ပြီး အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန် နဲ့ ဗီယက်နမ်တို့မှာလည်း သေဆုံးမှုတွေရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းနေပြီး ဝေးလံတဲ့ဒေသတွေမှာ အကြီးအကျယ်ရေလွှမ်းမိုးမှုကြောင့် လမ်းပန်းဆက်သွယ် ရေးတွေပြတ်တောက်နေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးရုံး ( OCHA) က လက်ရှိရေကြီးမှုဒဏ်ကို ခံစားရသူ ၁၅၆၀၀၀ ထက်မနည်းရှိကြောင်း မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနရဲ့ အစီရင်ခံစာကို ကိုးကားဆိုပါတယ်။
ဒါပေမယ့် ဒေသအများအပြားကို သွားရောက်လို့မရသေးတဲ့အပြင် အကဲဖြတ်ရေးအဖွဲ့တွေ သတင်းပို့နိုင်ခြင်းမရှိတဲ့နေရာတွေ ကျန်နေသေးတဲ့ အတွက် ရေဘေးသင့်ပြည်သူအရေအတွက်ဟာ သိသိသာသာမြင့်တက်လာဖွယ်ရှိကြောင်း ကုလအေဂျင်စီက သတိပေးပါတယ်။
အစိုးရကထုတ်ပြန်တဲ့ သေဆုံးသူ ၂၇ဦးဆိုတဲ့ အရေအတွက်ဟာ လျော့နည်းနေဖွယ်ရှိကြောင်း OCHA ကဆိုပါတယ်။
` နောက်ထပ်သတင်းအချက်အလက်တွေရရင် သေဆုံးသူအရေအတွက်မြင့်တက်လာမယ်လို့ ခန့်မှန်းရပါတယ် ´ လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျယ်ပြန့်ကြီးမားလွန်းတဲ့ ရေဘေးသင့်မှုအတိုင်းအတာဟာ အစိုးရရဲ့ အကန့်အသတ်နဲ့သာရှိတဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်နိုင်စွမ်းကို စမ်းသပ်နေပါတယ်။
မြန်မာလူမှုဖူလုံရေးဝန်ကြီးဌာနက အမည်မဖော်လိုတဲ့တာဝန်ရှိသူတစ်ဦးက နိုင်ငံ့ပြည်နယ်နဲ့ တိုင်း ၁၄ခုအနက် တစ်ခုကလွဲရင် ရေဘေး ဒဏ်ကြုံနေရပြီး ကယ်ဆယ်ရေးလုပ်သားတွေဟာ ` ရေကြီးတဲ့ဒဏ်ခံစားနေရတဲ့ဒေသတွေကို သွားရောက်ဖို့ အခက်တွေ့နေတယ်´ လို့ AFP ကို ပြောပြခဲ့ကြောင်း သိရပါတယ်။
ဘာသာပြန် - စုပြည့်စုံ
Ref: AFP
ပုံ - AFP
Kumudra

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>