Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပြည်မြို့ န၀င်းတာရိုး ရေယိုစိမ့်ခြင်း အက်ကွဲခြင်းများရှိ

$
0
0

ပြည်မြို့တွင်းသို့ ရေဝင်ရောက်မှုမရှိစေရန် ကာရံထားသော န၀င်းတာရိုး၏ သုံးနေရာခန့်မှ ရေယိုစိမ့်ခြင်း နှင့်အက်ကွဲကြောင်းများဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများက တာရိုးကျိုးကျမည်ကို စိုးရိမ်နေကြသည်။
ယနေ့ နံနက်ပိုင်းတွင် ရှမ်းစု၊ချင်းကုန်းရပ်ကွက်နေရာရှိ တာရိုးသည် အလယ်မှ အက်ကွဲလာသဖြင့် စိုရိမ်နေရသည့်အတွက် မြေဖို့ခြင်း တမံတုတ်ခြင်း များကို ဒေသခံများ၊ပြည်ခိုင်ဖြိုးပါတီနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ၀န်ထမ်းတစ်ဦးတို့ ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။
“ညကတည်းက တာရိုးကျိုးပြီဆိုတဲ့ သတင်းတွေထွက်နေပြီး ဒေသခံတွေ စိုးရိမ်နေကြတယ်၊တကယ်တန်းကျတော့ မကျိုးသေးဘူး၊ဒါပေမယ့် ကြွက်တွင်းပေါက် ကရေယိုစိမ့်တာတို့တာရိုးအက်တာတွေရှိနေတော့လည်း စိုးရိမ်ကြတာပေါ့၊တာကျိုးရင် မြို့ထဲပါ ရေမြုပ်နိုင်တယ် ဟု ဒေသခံ ကိုဖိုးဇော်ကပြောသည်။
နံနက် ၁၁နာရီခွဲ တိုင်းတာချက်အရ ပြညမြို့ရှိ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေ အမှတ်ထက် ၅၀ စင်တီမီတာကျော်လွန်နေပြီး ရေအတက်နှေးလာသော်လည်း နောက်သုံး ရက်အထိ စိုးရိမ်ရေမှတ်၏ အထက်တွင်ရှိနေနိုင်ကြောင်း ပြည် မိုး/ဇလမှ သိရသည်။
လက်ရှိတွင် အိမ်ခြေ ရှစ်ရာကျော် ၊လူဦးရေ နှစ်ထောင်နီးပါး ရေဘေးဒုက္ခ ရောက်နေပြီး ကယ်ဆယ်ရေးစခန်း၅ခုရှိသည့်အနက် ရေဘေးကယ်ဆယ်ရေးစခန်းနှစ်ခုဖြစ်သည့် ၀ါဆို ဘုန်းကြီးကျောင်းနှင့် န၀င်းအမက ကျောင်းသို့ပါ ရေ၀င်လာသောကြောင့် ရွှေကူ အမက(၁)နှင့်(၂)တို့တွင်ပြောင်းရွေ့ဖွင့်လှစ်ထားကြောင်း သိရသည်။

ဓာတ်ပုံ-ဇော်မင်းထိုက်
7Day News Journal 



Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>