Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကျောက်တော်၊မြောက်ဦး၊မင်းပြားရေသုံးပေခန့် လျော့ကျသွားသည့်အခြေအနေ

$
0
0
 ရေလွှမ်းမိုးမှုဆိုးရွားစွာကြုံတွေ့နေသော ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များ
တွင်နံနက်၁၁နာရီဝန်းကျင်တွင် ရေသုံးပေခန့် လျော့ကျသွားပြီဖြစ်ပြီး ရာသီဥတုမှာ
လည်း မိုးရွာသွန်းခြင်းမရှိဘဲ နေသာနေသည်။ ရေတဖြည်းဖြည်းကျနေသော်
လည်း မြေနိမ့်ပိုင်းရပ်ကွက်မှ နေအိမ်အတော်များများမှာ ရေလေးပေခန့် ကျန်နေ
သေးကြောင်း မြို့ခံများက ပြောသည်။ ရေကျနေပြီဖြစ်သော်လည်း ကယ်ဆယ်ရေး
စခန်းများ တွင်ရောက်ရှိနေသူများမှာ နေအိမ်ရှင်းလင်းရေးကို မလုပ်နိုင်ကြသေးဘဲ
ရေလုံးဝကျမည့် အချိန်ကို စောင့်ဆိုင်းနေကြကြောင်း သတင်းရရှိသည်။
"ကျောက်တော်မှာ ရေသုံးပေလောက်ကျသွားပါပြီ၊ ထပ်လို့ကျနေဆဲပါ"ဟု ရေဘေး
ကယ် ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ ဦးဇော်ဝင်းက ပြောသည်။
"မင်းပြားမှာလည်း ရေပြန်ကျနေပြီဖြစ်တဲ့ အတွက် ရေမြုပ်နေတဲ့နေအိမ်တစ်ချို့
ခေါင်းမိုးတွေ ပေါ်နေပါပြီ၊ အခြေနေကိုတော့ ဆက်ပြီးစောင့် ကြည့်နေဆဲဖြစ်ပါတယ်"
ဟု မင်းပြားမြို့ခံတစ်ဦးက ဆိုသည်။
သတင်း- 7Day News Journal .
ဓာတ်ပုံ- မောင်ကံ


Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>