လန်ဒန် ၊ ၂-၈-၂ဝ၁၅
အင်္ဂလန်နိုင်ငံ တောင်ပိုင်း ဟမ့်ပ်ရှိုင်းယား ခရိုင်ရှိ ဘလက်ဘုရှ် လေဆိပ်အနီး၌ ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းတွင် ဆော်ဒီ ကိုယ်ပိုင် လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘရာဇီး နိုင်ငံထုတ် Phenom 300 အမျိုးအစား လေယာဉ်သည် အဆိုပါ လေဆိပ်သို့ ဆင်းသက်ရန် ကြိုးပမ်းစဉ် လေယာဉ် ပြေးလမ်းအား ကျော်လွန်၍ အနီးရှိ ကားလေလံပွဲ နေရာသို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာန များက ထုတ်ပြန် ထားသည်။
လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်မှူး တစ်ဦးနှင့် အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင် ၏ မိထွေး အပါအဝင် ခရီးသည် သုံးဦး သေဆုံးပြီး လေယာဉ်သည် မီးလောင် ပျက်စီးခဲ့ကြောင်း လေဆိပ် မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ထားသည်။
ထို့အပြင် လေယာဉ် ပျက်ကျသည့် ကားလေလံပြပွဲ အတွင်းရှိ ကားများစွာ မီးလောင် ခဲ့ကြောင်းနှင့် ၄င်းလေယာဉ် ပျက်ကျမှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း ဗြိတိန် လေကြောင်း မတော်တဆမှု စုံစမ်း စစ်ဆေးရေး အဖွဲ့က ပြောကြား ထားသည်။
#PyiChitThar