တစ်မြို့ လုံးနီးပါး ရေ မြုပ် နေသော ပန်းတောင်းမြို့ သို့ Oriental News ဂျာနယ် မိသားစုက မနက်ဖြန် (5-8-2015) ရက်နေ့တွင် သွားရောက် လှူ ဒါန်းမည်ဖြစ်ပါ၍ အလှူ ငွေ များ၊ ပစ္စည်းများထည့်ဝင်လှူ ဒါန်းပေးကြပါရန် ရိုသေလေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ခင်ဗျား..။
ရိုသေလေးစားစွာဖြင့်
Oriental News
ဖုန်း
၀၉၂၅၃၆၆၀၂၅၃- 09253660253
၀၉-၂၆၂၄၀၄၅၉၅ - 09262404595
==============
ပန်းတောင်းမြို့တွင် တစ်မြို့လုံးနီးပါးရေမြုပ်
====================
ပန်းတောင်း၊ သြဂုတ် ၂ ။
ဧရာဝတီမြစ်ရေ တိုးလာသည့်အတွက်ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်တွင်
ဆင်တဲ-ပန်းတောင်း ကားလမ်းနံဘေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အားလုံးနီးပါး ရေနစ်မြုပ်လျှက်ရှိကြောင်း
ပန်းတောင်းမြို့ဒေသခံများကသြဂုတ် ၂ ရက်ညနေပိုင်းတွင်Oriental News သို့ပြောသည်။
ပန်းတောင်းမြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်မှအိမ်ခြေအကုန်လုံးနီးပါး အပြင် အစိုးရရုံးဋ္ဌာနများနှင့် ဆေးရုံတို့မှာ
ရေနစ်မြုပ်လျှက်ရှိကြောင်း၊ရေဘေးသင့်ပြည်သူများအနေဖြင့်ပြည်-တောင်ကုတ်
ကားလမ်းမပေါ်များတွင် ယာယီတဲများထိုး၍နေကြရကြောင်း အဆိုပါဒေသသို့
ကယ်ဆယ်ရေးလုပ်ငန်း များသွားရောက် ကူညီလုပ်ကိုင် ပေးရန်အတွက် ပြည်မြို့မှ
သွားရောက်သော မိုးမေတ္တာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
“ဆေးရုံမှာ လူနာက(၂၀)ကျော်လောက်ရှိတယ်။အခုတော့ အဲဒီလူနာတွေကိုဆုတောင်းပြည့်ဓမ္မာရုံမှာ
ပြောင်းပြီး ကုသပေးနေတယ်။”ဟု ဆေးရုံအနီးမှဒေသခံတစ်ဦးကပြောသည်။
ရေဘေးသင့်သုများ ကိုကယ်ဆယ်ရေးစခန်းများဖွင့်၍ကူညီပေးနေကြောင်း
ပန်းတောင်းမြို့၊ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးကိုကိုထွေးကပြောသည်။
ရေကြီးမှုဖြစ်စဉ်နှင့်ပါတ်သက်သည့် မှတ်တမ်းမှတ်ရာများသိရှိနိုင်ရန်အတွက် ပန်းတောင်းမြို့နယ်အုပ်ချုပ်
ရေးမှူးရုံးသို့သွားရောက်မေးမြန်းပါသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးးမှာ
အရေးပေါ်အစည်းအဝေး ပြုလုပ်နေသည့်အတွက် တွေ့ဆုံမေးမြန်းခွင့်မရခဲ့ပေ။
မင်းထက်( Oriental News)
Photo By - MH ( Oriental News)