Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ညောင်တုန်းမြို့တွင် လိမ္မော်ရောင်အဆင့် အရေးပေါ်အခြေအနေကြေညာထား

$
0
0







ညောင်တုန်းမြို့တွင် သြဂုတ်လ ၄ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့ပတ်တာများအနီး ရေရောက်ရှိမှုများ ရှိနေသောကြောင့် လိမ္မော်ရောင်အဆင့် အရေးပေါ်အခြေအနေကြေညာကာ ဆေးရုံရှိလူနာများအား နေရာပြောင်းရွေ့ခြင်း မြို့ပေါ်ရပ်ကွက်များအတွင်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားခြင်းများ ပြုလုပ်နေကြကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ အခုမြို့ပေါ် ဆယ်ရပ်ကွက်မှာ ကယ်ဆယ်ရေးစခန်း (၁၀)ခု ဖွင့်လှစ်ပြီးတော့ သက်ကြီးရွယ်အိုတွေ ကလေးတွေကို ပို့ဆောင်ပေးဖို့လုပ်နေပါတယ်။ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးမှာ ကွပ်ကဲရေးရုံးဖွင့်ပြီးတော့ လုပ်ဆောင်နေတယ်။ တပ်ကလဲ အင်အားတစ်ရာကျော်လာပြီးတော့ ကူညီနေပါတယ်၊ တာတွေကို ရေကျော်တာတော့ မရှိသေးပါဘူး။ သဲအိတ်တွေလဲ ဖို့ထားပြီးတော့ လုပ်ဆောင်နေပါတယ်။ အရေးပေါ်အခြေအနေအတွက် အားလုံးကို ပြင်ဆင်ထားပါတယ်။”ဟု ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းကပြောသည်။
ညောင်တုန်းမြို့ပေါ်တွင် ဒေသခံအများစုမှာ ကြောက်ရွံ့မှုများဖြစ်ပေါ်နေပြီး ဆေးရုံရှိလူနာများကို ပြောင်းရွေ့မှုများပြုလုပ်နေကာ၊ နေအိမ်အသီးသီးတွင် ပစ္စည်းများသိမ်းဆည်းလျှက် အသင့်အနေအထားဖြင့် ပြင်ဆင်မှုများပြုလုပ်နေရကြောင်း သိရသည်။
“အခုဆိုရင် ဆေးရုံကြီးက လူနာတွေကို အထက(၂)ကျောင်း ထဲကို ပြောင်းရွေ့လိုက်ပြီ ဈေးတွေပိတ်ထားတယ်၊ ကျောင်းတွေပိတ်ထားတယ်၊ မြို့ပေါ်မှာတော့ ရှုပ်ယှက်ကိုခပ်နေတာပဲ၊ တာကို ရေကတိုက်နေပြီဆိုတော့ သဲအိတ်တွေကြောင့်သာ ခံသာနေတာ၊ မြို့ပေါ်မှာလဲ နံနက်၁၁နာရီလောက်မှာ ဟက်စကီးတစ်စင်းလာဝဲနေတာ ကို မြင်ရတယ်။”ဟု ညောင်တုန်းမြို့ခံတစ်ဦးဖြစ်သူ ကိုဆင်ပေါက်ကပြောသည်။
ညောင်တုန်းမြို့ တာအပြင်ရှိကျေးရွာများ တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးစခန်းများသို့ တိမ်းရှောင်သူများရှိနေကာ မြို့ပေါ်တွင် အရေးပေါ်အခြေအနေသို့ ရောက်ရှိပါက အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သူများမှ ရွှေတောင်တန်းဓမ္မာရုံ၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သူများမှ သွန်းဘုရားကြီး၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သူများမှ ပုလောစာသင်တိုက်၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သူများမှ ဈေးဓမ္မာရုံ၊ အမှတ်(၅)ရပ်ကွက်တွင်နေထိုင်သူများမှ ဝေဠုဝန်သာသနာ့ဗိမာန်၊ အမှတ်(၆)ရပ်ကွက်တွင် နေထိုင်သူများမှ မန္တလေးကျောင်းတိုက်၊ အမှတ်(၇)ရပ်ကွက်တွင် နေထိုင်သူများမှ တောရကျောင်းတိုက်၊ အမှတ်(၈)ရပ်ကွက်တွင် နေထိုင်သူများမှ အထက(၁)ကျောင်းအပေါ်ထပ်၊ အမှတ်(၉)ရပ်ကွက်တွင် နေထိုင်သူများမှ နိဂေဓာရုံကျောင်းတိုက်နှင့် ပေါက်အင်းကျောင်းတိုက်၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သူများမှ သဲအင်းဂူဝိပသနာ ကျောင်းတိုက်များသို့ အမြန်ဆုံးပြောင်းရွေ့ကြရန် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးကော်မတီမှ ကြေညာထားကြောင်း သိရသည်။

Eleven Media Group

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>