Iraqi professors, students receive military training to fight ISIS |
ဘဂ္ဂဒက် ၊ ၆-၈-၂၀၁၅
ISIS စစ်သွေးကြွ များကို တိုက်ခိုက်ရန် အတွက် အီရတ်နိုင်ငံ အတွင်းရှိ ပါမောက္ခ များနှင့် တက္ကသိုလ် ကျောင်းသားများက စစ်ရေး လေ့ကျင့်မှု များတွင် ပါဝင်၍ လေ့ကျင့် သင်ယူလျက် ရှိကြောင်း Press TV သတင်းတစ်ရပ် အရ သိရသည်။
ယင်း စစ်ရေး လေ့ကျင့်မှုတွင် နိုင်ငံအတွင်း ရှိ တက္ကသိုလ်များမှ ကျောင်းသား ရာပေါင်းများစွာ ပါဝင်ခဲ့ပြီး ၄င်းတို့သည် လေ့ကျင့်မှု အတွင်း လက်နက်ငယ် များကို အသုံးပြု၍ ပစ်ခတ် တိုက်ခိုက်နည်း များကို လေ့လာ သင်ယူခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက သြဂုတ် ၄ ရက်တွင် ဖော်ပြထားသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှု များသည် ကျောင်းပိတ်ချိန် အတွင်း တက္ကသိုလ် ကျောင်းသားများ အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်ရေး လေ့ကျင့်မှု များကို ပြုလုပ်ခြင်းဖြင့် ၄င်းတို့၏ အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချရန် အီရတ် ဘာသာရေး ခေါင်းဆောင်များက တိုက်တွန်းခဲ့ပြီး နောက်ပိုင်းတွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
ယခု ပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှု များတွင် ဘဂ္ဂဒက်မြို့ မြောက်ပိုင်း အယ်လ်အက်ဒ် ဟာမီရာ ခရိုင် အတွင်းရှိ အီရတ် ဆေးပညာ တက္ကသိုလ်မှ ပါမောက္ခနှင့် ကျောင်းသား ၂၅ဝ ခန့် ပါဝင်လေ့ကျင့် ခဲ့ကြောင်း သိရသည်။
#PyiChitThar