မော်စကို ၊ ၆-၈-၂၀၁၅
အဏ္ဏဝါဗေဒ နှင့် ရေနေသတ္တဝါ များ၏ နေထိုင်မှု ပုံစံများကို လေ့လာနိုင်မည့် ဥရောပတိုက် ၏ အကြီးမား ဆုံးသော အဏ္ဏ၀ါပြတိုက် ကို ရုရှားနိုင်ငံ ၊ မော်စကိုမြို့ ၌ ယမန်နေ့တွင် ဖွင့်လှစ် ခဲ့ကြောင်း Sputnik သတင်း တစ်အရပ် အရ သိရသည်။
အဆိုပါ Moskvarium Oceanography and Marine Biology Center ပြတိုက်ကို အကျယ်အဝန်း ၂ဝ၅ဝဝ မိုင် ပတ်လည်တွင် ရေဂါလန်ပေါင်း ၆ ဒသမ ၆ သန်း အသုံးပြုကာ နှစ်နှစ်အတွင်း ဇုန်သုံးခုဖြင့် တည်ဆောက် ထားခြင်း ဖြစ်သည်။
ဇုန်(၁) တွင် ကမ္ဘာတစ်ဝန်းရှိ ရေနေသတ္တဝါ ပေါင်း ၈ဝဝဝ ကျော်ကို သဘာဝ အတိုင်း မွေးမြူပြသ ထားခြင်းဖြစ်သည်။ ဇုန်(၂)တွင် အသားစား ဝေလငါးများ၊ အဖြူရောင် ဝေလငါးများ၊ လင်းပိုင်များနှင့် ပင်လယ်ဖျံတို့ ဖျော်ဖြေ တင်ဆက်မှုကို သုံးဘက်မြင်၊ ငါးဘက်မြင် ပရိုဂျက်တာ များဖြင့် တင်ဆက် သွားမည် ဖြစ်သည်။ ဇုန်(၃)တွင်မူ ရေကူးကန် ခုနစ်ကန် ပါဝင်ပြီး လာရောက် လည်ပတ်သူများ အနေဖြင့် အဆိုပါ ရေကူးကန်များ အတွင်း လင်းပိုင်များနှင့် ရေကူးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ပြတိုက်ဝင်ကြေး များအဖြစ် ကလေး တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ခုနစ်ဒေါ်လာနှင့် လူကြီးတစ်ဦးလျှင် ၁၁ ဒေါ်လာ သတ်မှတ် ထားကြောင်း သိရသည်။
#PyiChitThar