Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အင္းစိန္အက်ဥ္းေထာင္တြင္ ေျမျမဳပ္ထားသည့္ စိတ္ၾကြေဆးျပားမ်ား သိမ္းဆည္းရမိ

$
0
0
ရန္ကုန္ၿမိဳ႕ အင္းစိန္ၿမိဳ႕နယ္ ဗဟိုအက်ဥ္းေထာင္ဝင္းရွိ ေတာင္ယာစိုက္ခင္းတြင္ ေျမျမဳပ္ထားသည့္ တန္ဖိုးေငြက်ပ္ ေျခာက္သိန္းေက်ာ္ရွိေသာ
WY စာတမ္းပါ စိတ္ႂကြေဆးျပားမ်ားကို ေမ ၂၁ ရက္ မြန္းတည့္ ၁၂ နာရီက ေတြ႔ရွိခဲ့သည္။
ယင္းေတြ႕ရွိခဲ့သည့္ စိတ္ႂကြေဆးျပားမ်ားကို ေမ ၁၉ ရက္က အသက္ ၃၆ ႏွစ္အရြယ္ အက်ဥ္းသား ထြန္းမင္းလတ္က ေထာင္ဝင္းအတြင္းရွိ
အမွတ္(၄)ၿခံဝင္း ေတာင္ယာစိုက္ခင္းတြင္ ေျမျမဳပ္ သိမ္းဆည္းထားေၾကာင္း သတင္းရရွိသျဖင့္ ရွာေဖြခဲ့ရာမွ သိမ္းဆည္းရမိခဲ့ေၾကာင္း
အင္းစိန္ ဗဟိုအက်ဥ္းဦးစီးဌာနမွ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။
"စိတ္ၾကြေဆးျပား ၁၈၄ ျပားကို ပလတ္စတစ္အိတ္နဲ႔ ထုပ္ၿပီး ေျမျမဳပ္ဖြက္ထားတာ။ ဒီေဆးျပားေတြကို အက်ဥ္းသား တရုတ္ေလး(ခ)
သက္ႏိုင္ထြန္းက ဖြက္ခိုင္းတာလို႔ စစ္ေဆးသိရျပီး သူတို႔ႏွစ္ေယာက္ကို အင္းစိန္ရဲစခန္းမွာ အမႈဖြင့္ အေရးယူထားတယ္"ဟု ၎က
ဆက္လက္ ေျပာၾကားသည္။
၂၀၁၄ ခုႏွစ္မွ စတင္ကာ အင္းစိန္ဗဟို အက်ဥ္းေထာင္အတြင္းသို႔ အက်ဥ္းသားမ်ားက မူးယစ္ေဆးဝါးမ်ား ခိုးဝွက္သယ္ေဆာင္ျပီး
ေထာင္အတြင္း ေရာင္းခ်ေနမႈေၾကာင့္ အက်ဥ္းဦးစီးဌာနမွ တာဝန္ရွိသူမ်ားက ေထာင္ပိတ္ဆို႔ စစ္ေဆးမႈမ်ား ဆက္တိုက္
ေဆာင္ရြက္လ်က္ရွိေၾကာင္း မူးယစ္တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔ထံမွ သိရသည္။
==================
The Voice Weekly
.........
အင်းစိန်အကျဉ်းထောင်တွင် မြေမြုပ်ထားသည့် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဗဟိုအကျဉ်းထောင်ဝင်းရှိ တောင်ယာစိုက်ခင်းတွင် မြေမြုပ်ထားသည့် တန်ဖိုးငွေကျပ် ခြောက်သိန်းကျော်ရှိသော
WY စာတမ်းပါ စိတ်ကြွဆေးပြားများကို မေ ၂၁ ရက် မွန်းတည့် ၁၂ နာရီက တွေ့ရှိခဲ့သည်။
ယင်းတွေ့ရှိခဲ့သည့် စိတ်ကြွဆေးပြားများကို မေ ၁၉ ရက်က အသက် ၃၆ နှစ်အရွယ် အကျဉ်းသား ထွန်းမင်းလတ်က ထောင်ဝင်းအတွင်းရှိ
အမှတ်(၄)ခြံဝင်း တောင်ယာစိုက်ခင်းတွင် မြေမြုပ် သိမ်းဆည်းထားကြောင်း သတင်းရရှိသဖြင့် ရှာဖွေခဲ့ရာမှ သိမ်းဆည်းရမိခဲ့ကြောင်း
အင်းစိန် ဗဟိုအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"စိတ်ကြွဆေးပြား ၁၈၄ ပြားကို ပလတ်စတစ်အိတ်နဲ့ ထုပ်ပြီး မြေမြုပ်ဖွက်ထားတာ။ ဒီဆေးပြားတွေကို အကျဉ်းသား တရုတ်လေး(ခ)
သက်နိုင်ထွန်းက ဖွက်ခိုင်းတာလို့ စစ်ဆေးသိရပြီး သူတို့နှစ်ယောက်ကို အင်းစိန်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်"ဟု ၎င်းက
ဆက်လက် ပြောကြားသည်။
၂၀၁၄ ခုနှစ်မှ စတင်ကာ အင်းစိန်ဗဟို အကျဉ်းထောင်အတွင်းသို့ အကျဉ်းသားများက မူးယစ်ဆေးဝါးများ ခိုးဝှက်သယ်ဆောင်ပြီး
ထောင်အတွင်း ရောင်းချနေမှုကြောင့် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက ထောင်ပိတ်ဆို့ စစ်ဆေးမှုများ ဆက်တိုက်
ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
==================
The Voice Weekly

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>