Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စစ္ေတြၿမဳိ႕ရွိ မူဆလင္ရပ္ကြက္မ်ားတြင္ လူဦးေရ စစ္ေဆးမႈ စတင္ေနၿပီ

$
0
0

စစ္ေတြၿမဳိ႕၊ ေအာင္မဂၤလာရပ္ကြက္၏ လူဦးေရမွာ ျပည္နယ္လူ၀င္မႈႀကီးၾကပ္ေရး မွတ္တမ္းမ်ားအရ ၿပီးခဲ့သည့္၂၀၁၂ ခုႏွစ္က ၄၀၀၀ ခန္႔ ရွိေသာ္လည္း ၄ ႏွစ္အတြင္း ၂၀၀၀၀ နီးပါးထိ တုိးလာေၾကာင္း သတင္းမ်ား ထြက္ေပၚလာသျဖင့္ တရားမဝင္ ဝင္ေရာက္ေနထုိင္မႈမ်ား ရွိမရွိကုိ ေမလ ၂၁ ရက္က စတင္ကာ စစ္ေဆးေနၿပီျဖစ္သည္။
စစ္ေဆးမႈကုိ ျပည္နယ္ နယ္စပ္ေရးရာႏွင့္ လုံၿခဳံေရး၀န္ႀကီးဌာန၊ ရခုိင္ျပည္နယ္ရဲတပ္ဖြဲ႔၊ ရပ္ကြက္အုပ္ခ်ဴပ္ေရးမွဴးအဖြဲ႔၊ လူ၀င္မႈႀကီးၾကပ္ေရးအဖြဲ႔ႏွင့္ စစ္ေတြၿမဳိ႕မွ အရပ္ဖက္အဖြဲ႔အစည္းမ်ားက ေဆာင္ရြက္ေနျခင္း ျဖစ္သည္။
"တကယ့္ က်ေနာ္တုိ႔ရဲ႕ စာရင္းအရေတာ့ ၄၃၀၀ ေက်ာ္ပဲ ရွိပါတယ္။ ဒါေပမယ့္ ဒီ မီဒီယာေတြကေနတက္လာတဲ့ သတင္းေတြအရ ၁၂၀၀၀ ေက်ာ္ထိ ရွိေနတယ္ဆုိၿပီး သတင္းတက္လာတယ္။ ဒါေၾကာင့္ ေျမျပင္မွာ ဘယ္ေလာက္ရွိလဲ၊ မရွိဘူးဆုိတာ က်ေနာ္တုိ႔ စစ္ေဆးရတာပါ"ဟု ျပည္နယ္လူ၀င္မႈႀကီးၾကပ္ေရးဌာနမွ ဦးဝင္းလြင္က မဇၩိမကုိ ေျပာၾကားသည္။
ေအာင္မဂၤလာရပ္ကြက္မွာ ၿပီးခဲ့သည့္ ၂၀၁၂ ခုႏွစ္ မတုိင္မီက စစ္ေတြၿမဳိ႕ရွိ မူဆလင္မ်ား ေနထုိင္ရာ ဒုတိယအႀကီးဆုံး ရပ္ကြက္တစ္ခုျဖစ္ၿပီး ပထမအႀကီးဆုံး ရပ္ကြက္ျဖစ္သည့္ စက္႐ုံစုရပ္ကြက္ ေခၚ နာဇီရပ္ကြက္တြင္ ေနထုိင္သူမ်ားမွာ စစ္ေတြၿမဳိ႕ျပင္ရွိ ဒုကၡသည္စခန္းမ်ားသုိ႔ ေျပာင္းေရြ႕ခဲ့ၾကသည္။
"ေအာင္မဂၤလာရပ္ကြက္မွာ လူဦးေရက အဆမတန္တုိးပြားေနပါတယ္ဆုိၿပီးေတာ့ေပါ့ တုိင္ၾကားခ်က္ေတြရွိတဲ့အတြက္ ခုလုိ သက္ဆုိင္ရာက လာေရာက္ စစ္ေဆးတဲ့အေပၚမွာ က်ေနာ္တုိ႔အေနနဲ႔ ဘယ္လုိမွ သေဘာမထားပါဘူး။ စစ္ေဆးပါ။ ၿပီးမွ သတင္းအမွန္ကုိ သိၾကရမွာ ျဖစ္ပါတယ္။"ဟု ေအာင္မဂၤလာရပ္ကြက္ေန ဦးအာႏုက ေျပာသည္။
လူဦးေရစစ္ေဆးမႈကုိ ေမလ ၂၁ ရက္ေန႔က စတင္စစ္ေဆးခဲ့ရာတြင္ သတင္းရယူခဲ့ၾကေသာ သတင္းသမားမ်ား၏ မွတ္တမ္းဖုိင္မ်ားကုိ လုံၿခဳံေရးအဖြဲ႔မ်ားက ဖ်ကဆီးခဲ့ၿပီး သတင္းေရးသားမႈကုိပါ ပိတ္ပင္ခဲ့ေသာ္လည္း ေမလ ၂၂ ရက္တြင္ သတင္းမီဒီယာမ်ားအားလုံးကုိ သတင္းရယူခြင့္ျပဳခဲ့သည္။
Mizzima - News in Burmese
................
စစ်တွေမြို့ရှိ မူဆလင်ရပ်ကွက်များတွင် လူဦးရေ စစ်ဆေးမှု စတင်နေပြီ
စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်၏ လူဦးရေမှာ ပြည်နယ်လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းများအရ ပြီးခဲ့သည့်၂၀၁၂ ခုနှစ်က ၄၀၀၀ ခန့် ရှိသော်လည်း ၄ နှစ်အတွင်း ၂၀၀၀၀ နီးပါးထိ တိုးလာကြောင်း သတင်းများ ထွက်ပေါ်လာသဖြင့် တရားမဝင် ဝင်ရောက်နေထိုင်မှုများ ရှိမရှိကို မေလ ၂၁ ရက်က စတင်ကာ စစ်ဆေးနေပြီဖြစ်သည်။
စစ်ဆေးမှုကို ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် စစ်တွေမြို့မှ အရပ်ဖက်အဖွဲ့အစည်းများက ဆောင်ရွက်နေခြင်း ဖြစ်သည်။
"တကယ့် ကျနော်တို့ရဲ့ စာရင်းအရတော့ ၄၃၀၀ ကျော်ပဲ ရှိပါတယ်။ ဒါပေမယ့် ဒီ မီဒီယာတွေကနေတက်လာတဲ့ သတင်းတွေအရ ၁၂၀၀၀ ကျော်ထိ ရှိနေတယ်ဆိုပြီး သတင်းတက်လာတယ်။ ဒါကြောင့် မြေပြင်မှာ ဘယ်လောက်ရှိလဲ၊ မရှိဘူးဆိုတာ ကျနော်တို့ စစ်ဆေးရတာပါ"ဟု ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနမှ ဦးဝင်းလွင်က မဇ္ဈိမကို ပြောကြားသည်။
အောင်မင်္ဂလာရပ်ကွက်မှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတိုင်မီက စစ်တွေမြို့ရှိ မူဆလင်များ နေထိုင်ရာ ဒုတိယအကြီးဆုံး ရပ်ကွက်တစ်ခုဖြစ်ပြီး ပထမအကြီးဆုံး ရပ်ကွက်ဖြစ်သည့် စက်ရုံစုရပ်ကွက် ခေါ် နာဇီရပ်ကွက်တွင် နေထိုင်သူများမှာ စစ်တွေမြို့ပြင်ရှိ ဒုက္ခသည်စခန်းများသို့ ပြောင်းရွေ့ခဲ့ကြသည်။
"အောင်မင်္ဂလာရပ်ကွက်မှာ လူဦးရေက အဆမတန်တိုးပွားနေပါတယ်ဆိုပြီးတော့ပေါ့ တိုင်ကြားချက်တွေရှိတဲ့အတွက် ခုလို သက်ဆိုင်ရာက လာရောက် စစ်ဆေးတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ ဘယ်လိုမှ သဘောမထားပါဘူး။ စစ်ဆေးပါ။ ပြီးမှ သတင်းအမှန်ကို သိကြရမှာ ဖြစ်ပါတယ်။"ဟု အောင်မင်္ဂလာရပ်ကွက်နေ ဦးအာနုက ပြောသည်။
လူဦးရေစစ်ဆေးမှုကို မေလ ၂၁ ရက်နေ့က စတင်စစ်ဆေးခဲ့ရာတွင် သတင်းရယူခဲ့ကြသော သတင်းသမားများ၏ မှတ်တမ်းဖိုင်များကို လုံခြုံရေးအဖွဲ့များက ဖျကဆီးခဲ့ပြီး သတင်းရေးသားမှုကိုပါ ပိတ်ပင်ခဲ့သော်လည်း မေလ ၂၂ ရက်တွင် သတင်းမီဒီယာများအားလုံးကို သတင်းရယူခွင့်ပြုခဲ့သည်။
Mizzima - News in Burmese

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>