Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မန္တလေး - ပြင်ဦးလွင် အတက်လမ်းတွင် ခရီးသည်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွား

$
0
0

ပြင်ဦးလွင် မေ ၂၃

၂၀၁၆ ခုနှစ်၊ မေ ၂၃ (၁၈း၃၅) အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ နယ်၊ ပြင်စာကျေးရွာတောင်ဘက် (၆) မိုင်ခန့်အကွာ မိုင်တိုင်အမှတ် (၂၀/၄ ) နှင့် (၂၀/၅) ကြားတွင် ပြင်ဦးလွင် - မန္တလေး အတက်လမ်းအတိုင်း မန္တလေးမှ မူဆယ်ဘက်သို့ ယာဉ်မောင်း ကတုံး မောင်းနှင်လာသည့် 9B – 7125 ၊ FUSO ၊ ဖြူ/စိမ်းကြား၊ စိတ်ကြိုက်ယာဉ် အသင်း၊ မှန်လုံယာဉ်ပေါ်တွင် ခရီးသည် ကျား (၃၇) ဦး၊ မ (၃)ဦး၊ ပေါင်း (၄၀) ဦးတို့ တင်ဆောင် မောင်းနှင် လာစဉ် ယာဉ်၏ နောက် ပိုင်း အင်ဂျင်ခန်းမှ ၀ါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ သဖြင့် ပြင်စာ ရဲစခန်းမှ ရဲအုပ် မျိုးသန်းနှင့် တပ်ဖွဲ့ဝင်များ၊ ရတနာပုံ မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမိုးဆွေနှင့် တပ်ဖွဲ့ဝင် (၅) ဦး၊ မီးသတ်ယာဉ် (၁) စီး၊ ဗဟိုမီးသတ် သင်တန်းကျောင်းမှ ဦးစီးအရာရှိ ဦးမိုးကျော်သူအောင်နှင့် တပ်ဖွဲ့ဝင် (၇) ဦး ၊ မီးသတ်ယာဉ် (၁ ) စီး၊ အုန်းချော အရန်မီးသတ် တပ်ဖွဲ့မှ တပ်ခွဲမှူး ဦးတင်မင်းနှင့် တပ်ဖွဲ့ဝင် (၅) ဦး၊ မီးသတ်ယာဉ် (၁) စီး၊ ၂၁ မိုင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နိုင်နှင့် ရွာသူ/ ရွာသားများမှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ (၁၉း၀၀)နာရီ တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။





MOI Webportal Myanmar
.......

ပြင်ဦးလွင် မေ ၂၃

၂၀၁၆ ခုနှစ်၊ မေ ၂၃ (၁၈း၃၅) အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ နယ်၊ ပြင်စာကျေးရွာတောင်ဘက် (၆) မိုင်ခန့်အကွာ မိုင်တိုင်အမှတ် (၂၀/၄ ) နှင့် (၂၀/၅) ကြားတွင် ပြင်ဦးလွင် - မန္တလေး အတက်လမ်းအတိုင်း မန္တလေးမှ မူဆယ်ဘက်သို့ ယာဉ်မောင်း ကတုံး မောင်းနှင်လာသည့် 9B – 7125 ၊ FUSO ၊ ဖြူ/စိမ်းကြား၊ စိတ်ကြိုက်ယာဉ် အသင်း၊ မှန်လုံယာဉ်ပေါ်တွင် ခရီးသည် ကျား (၃၇) ဦး၊ မ (၃)ဦး၊ ပေါင်း (၄၀) ဦးတို့ တင်ဆောင် မောင်းနှင် လာစဉ် ယာဉ်၏ နောက် ပိုင်း အင်ဂျင်ခန်းမှ ၀ါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ သဖြင့် ပြင်စာ ရဲစခန်းမှ ရဲအုပ် မျိုးသန်းနှင့် တပ်ဖွဲ့ဝင်များ၊ ရတနာပုံ မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမိုးဆွေနှင့် တပ်ဖွဲ့ဝင် (၅) ဦး၊ မီးသတ်ယာဉ် (၁) စီး၊ ဗဟိုမီးသတ် သင်တန်းကျောင်းမှ ဦးစီးအရာရှိ ဦးမိုးကျော်သူအောင်နှင့် တပ်ဖွဲ့ဝင် (၇) ဦး ၊ မီးသတ်ယာဉ် (၁ ) စီး၊ အုန်းချော အရန်မီးသတ် တပ်ဖွဲ့မှ တပ်ခွဲမှူး ဦးတင်မင်းနှင့် တပ်ဖွဲ့ဝင် (၅) ဦး၊ မီးသတ်ယာဉ် (၁) စီး၊ ၂၁ မိုင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နိုင်နှင့် ရွာသူ/ ရွာသားများမှ ၀ုိင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ (၁၉းဝဝ)နာရီ တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။



အဆိုပါမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လူတစ်ဦး တစ်ယောက်မှ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရာ နေရာတွင် ပြင်ဦးလွင်မြို့နယ် ရဲမှူး မောင်မောင်ဇော်၊ ရဲအုပ်မျိုးသန်းတို့မှ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခဲ့သည်။



ယာဉ်မီးလောင်မှု ဖြစ်ပွားချိန် ယာဉ်မောင်း ကတုံးမှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့သဖြင့် လိုက်လံ ရှာဖွေလျှက်ရှိပြီး ယာဉ်မောင်း၏ ပေါ့ဆမှုကြောင့် ယာဉ်နှင့် ယာဉ်ပေါ်ပါ ပစ္စည်းများ မီးလောင်ကျွမ်းခဲ့သဖြင့် ယာဉ်မောင်း ကတုံးအား အမှုဖွင့်အရေးယူလျှက ်ရှိကြောင်း သိရှိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>