Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဖားကန္႕ ေဒသ ဥပေဒ စိုးမိုးမႈ မဲ့ေန

$
0
0
ကခ်င္ျပည္နယ္ ဖားကန္႕ၿမိဳ႕ ျမင္ကြင္း တစ္ေနရာ။ (REUTERS/Minzayar)
ကခ်င္ျပည္နယ္တြင္းက ဖားကန္႔ေဒသမွာ လက္နက္ကိုင္ ပဋိပကၡေတြ ျပန္ေပၚလာၿပီး ဥပေဒမဲ့ ေနရာ တခုလုိ ျဖစ္ေနတဲ့ အေၾကာင္း ေဒသခံ အမ်ဳိးသားလႊတ္ေတာ္ အမတ္တဦးက ေျပာဆုိပါတယ္။ အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီက အမ်ိဳးသမီး ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးတဦးကို အမည္မသိ ေသနတ္သမားေတြက ၀င္ေရာက္ ပစ္သတ္သြားၿပီးေနာက္ပိုင္း ဖားကန္႔ေဒသရဲ႕ လုံျခဳံေရး စိုးရိမ္ရတဲ့ အေျခအေနကို ေျပာျပသြားတာျဖစ္ပါတယ္ အျပည့္အစုံကို ဆက္သြယ္ေမးျမန္းထားတဲ့ ကိုရဲေခါင္က တင္ျပပါလိမ့္မယ္။

ေက်ာက္စိမ္း အဓိက တူးေဖၚတဲ့ ဖားကန္႔ေဒသမွာ KIA ကခ်င္အမ်ဳိးသား လက္နက္ကိုင္ အဖြဲ႔နဲ႔ ျမန္မာစစ္တပ္အၾကား တုိက္ပြဲေတြ ျပန္ေပၚေပါက္ လာၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ တလေက်ာ္အတြင္း ေဖါက္ခြဲတုိက္ခုိက္မႈ အႀကိမ္ ေလးဆယ္နီးပါး ေပၚေပါက္ခဲ့ေပမယ့္ ဘယ္အဖြဲ႔အစည္းက ျပဳလုပ္ခဲ့တယ္ ဆုိတာ တိတိက် မသိရပါဘူး။ ဖားကန္႔ေဒသဟာ ဥပေဒမဲ့ ေနရာ တခုလို ျဖစ္ေနတဲ့အေၾကာင္း ဖားကန္႔ၿမိဳ႕၊ ကခ်င္ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၉)၊ အမ်ဳိးသားလႊတ္ေတာ္ အမတ္ ဦးခင္ေမာင္ျမင့္ က ဗြီအိုေအကို ေျပာျပသြားပါတယ္။

“ဘယ္ဘက္က ရယ္လို႕ စြပ္စြဲလို႕ေတာ့ မရဘူးေပါ့။ တပ္ေတြ၊ ရဲေတြ အထပ္ထပ္ခ်ထားရဲ႕ သားနဲ႕ ျဖစ္သြားတာေတာ့ ဒါက စဥ္းစားစရာလဲ ျဖစ္တယ္ေလ။ ကၽြန္ေတာ္တို႕ ေျပာခ်င္တာကေတာ့ တရားဥပေဒ စိုးမိုးမႈ မရွိတာပဲေလ။ စစ္တပ္က ဘယ္လိုေခၚမလဲ ဆိုေတာ့ KIA ကေန ေအးေဆးေနတာကို သြားၿပီးေတာ့ ၀င္၀င္တိုက္ေတာ့ ပ်ားအံုကို ဒုတ္နဲ႕ ထိုးသလိုပဲေပါ့။ အစစ အရာရာ ျဖစ္လာေတာ့ ဖားကန္႕မွာ ဗံုးေတြ ၊ မိုင္းေတြ ၃၉လံုးေလာက္ ေပါက္ တုန္းက ျဖစ္ပ်က္ခဲ့တာကို၊ ေျပာမယ္ ဆိုရင္ ဖားကန္႕ ၿမိဳ႕ႀကီးဟာ ဥပေဒစိုးမိုးမႈ မရွိပဲ ျဖစ္သြားတာေပါ့ဗ်ာ။ လက္နက္ကိုင္ေတြ ဆိုေတာ့ ဘယ္သူမွ ေျပာလို႕ မရဘူးေလ။ တပ္မေတာ္လဲ လက္နက္ကိုင္တာပဲ။ KIA လဲ လက္နက္ကိုင္တာပဲ။ ဒီအထဲမွာ ရွမ္းေတြဆိုရင္လဲ လက္နက္ကိုင္တဲ့ အဖြဲ႕သစ္ ေပၚလာတယ္။ ျပည္သူ႕စစ္အေနနဲ႕။ ဒါေတြကေတာ့ ေျပာရမယ္ဆိုရင္ တရားဥပေဒ စိုးမိုးမႈ မရွိလို႕ ျဖစ္တာပဲလို႕ ျမင္တယ္။ ေဒသခံေတြအတြက္ လံုျခံဳမႈ မရွိေသးတဲ့ အရာျဖစ္လာတာေပါ့ဗ်ာ။”

တနဂၤေႏြေန႔က အသတ္ခံခဲ့ရတဲ့ ကခ်င္ျပည္နယ္ ဖားကန္႔ ေဒသက ဆိပ္မူ ဆိုင္းေတာင္ ေက်းရြာ အမ်ိဳးသမီး ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ေဒၚနႏၵာလႈိင္ဟာ ေဒသတြင္း ရြာသားေတြရဲ႕ အက်ိဳးစီးပြားကို ဦးေဆာင္ ေျဖရွင္းေပးေနသူ တဦးျဖစ္တယ္လို႔ ဖားကန္႔ ေဒသခံ ေတြက ေျပာပါတယ္။

ေလာင္းကစားမႈေတြ၊ မူးယစ္ေဆးဝါး သံုးစြဲသူေတြ နဲ႔ ဖားကန္႔ ေက်ာက္စိမ္းတြင္း ေဒသဟာ လံုျခံဳေရး စိုးရိမ္စရာရွိၿပီး ေဒသတြင္း တည္ၿငိမ္မႈအတြက္ သက္ဆုိင္ရာအာဏာပိုင္ေတြဘက္က တင္းက်ပ္စြာ အေရးယူေဆာင္ရြက္ဖုိ႔ အေရးႀကီး လိုအပ္တယ္ လို႔လည္း ေဒသခံေတြက ေျပာဆုိထားပါတယ္။ အသစ္ျပန္ျဖစ္လာတဲ့ လက္နက္ကိုင္ တုိက္ပြဲေတြဟာ မူးယစ္ေဆး၀ါး ေရာင္း၀ယ္သူေတြနဲ႔ ဆက္စပ္ေနတယ္လုိ႔လည္း အမ်ဳိးသား လႊတ္ေတာ္ အမတ္ ဦးခင္ေမာင္ျမင့္ က ေျပာပါတယ္။

“အဲဒီမွာ ပါဂ်ာဆန္ဆိုတာ ရွိတယ္။ ဘိန္း ဘာညာ ႏွိမ္ႏွင္းတဲ့အဖြဲ႕။ တရား၀င္ေတာ့ မဟုတ္ဘူးေပါ့ေလ။ သူတို႕ဟာ ကခ်င္ ဘာသာေရး အဖြဲ႕ကေန ဖြဲ႕ထားတာ။ အဲဒီအဖြဲ႕ကေန ဆေဘာ္ေမာ္တို႕မွာ ဘိန္းေတြ၊ ရာမေတြ ေရာင္းေနတဲ့ ရွမ္းနီ ၇ေယာက္ကို ဖမ္းသြားလိုက္တယ္။ ဒီ ၇ေယာက္ကို KIA ကေန ဖမ္းထားတဲ့ အခါက်ေတာ့ ဒီ တပ္မေတာ္ကေန ဒီ ၇ေယာက္ကို လႊတ္ေပး မေပးရင္ အေျမွာက္နဲ႕ ထုမယ္ဆိုေတာ့ ဟိုကလည္း စစ္မတိုက္ခ်င္တာနဲ႕ ေပးလိုက္တာေပါ့ဗ်ာ။ ငါးေယာက္။ အဲဒီ ငါးေယာက္ကို ကာမိုင္း ရဲစခန္းပို႕မယ့္ အခ်ိန္မွာ နန္ယမ္းေလာက္မွာ ျဖတ္လုၿပီးေတာ့မွ။ ရွမ္းနီေတြကေနၿပီးေတာ့ ဒါငါတို႕လူ၊ ငါတို႕ ကာကြယ္မယ္။ ငါတို႕ ဟာ ငါတို႕ လုပ္မယ္ဆိုၿပီးေတာ့ သူတို႕က ျဖတ္လုသြားတယ္။ အဲဒီ ငါးေယာက္ကေနၿပီးေတာ့ KIA စခန္းကို ျပန္အယူမွာ တိုက္ပြဲ ျဖစ္ၾကတာေပါ့ဗ်ာ။ ”

လက္နက္ကိုင္ တိုက္ပြဲေတြေၾကာင့္ ကခ်င္ျပည္နယ္ ဖားကန္႔ေဒသကို စစ္အုပ္ခ်ဳပ္ေရး အေရးေပၚ ေၾကညာဖို႔ ျမန္မာ စစ္တပ္ ဘက္က ျပည္နယ္အစိုးရကို အဆုိျပဳခဲ့ေပမယ့္ ကခ်င္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာ ခက္ေအာင္က စစ္အုပ္ခ်ဳပ္ေရးကို လက္မခံဘဲ ပယ္ခ်ခဲ့တဲ့ အေၾကာင္း ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

ကခ်င္ျပည္နယ္အတြင္း ႏုိင္ငံေရးေခါင္းေဆာင္ေတြကေတာ့ ဖားကန္႔ေဒသ အပါအဝင္ ကခ်င္ျပည္နယ္တြင္းမွာ နယ္ေျမ တည္ၿငိမ္ ေအးခ်မ္းေရး နဲ႔ ေဒသတြင္းလံုျခံဳမႈ ရွိေစေရး ကခ်င္ျပည္နယ္အစိုးရ၊ အစိုးရ စစ္တပ္နဲ႔ သက္ဆုိင္ရာ တာဝန္ရွိသူေတြဘက္က တရားဥပေဒ စိုးမိုးမႈရွိေစေရး စတာေတြကို အေလးထား ေဆာင္ရြက္ေပးဖို႔ ကိုလည္း တုိက္တြန္း ေျပာဆုိ ေနၾကပါတယ္ ခင္ဗ်ာ။

 ရဲေခါင္ / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........

ကချင်ပြည်နယ် ဖားကန့်မြို့ မြင်ကွင်း တစ်နေရာ။ (REUTERS/Minzayar)
ကချင်ပြည်နယ်တွင်းက ဖားကန့်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြန်ပေါ်လာပြီး ဥပဒေမဲ့ နေရာ တခုလို ဖြစ်နေတဲ့ အကြောင်း ဒေသခံ အမျိုးသားလွှတ်တော် အမတ်တဦးက ပြောဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အမျိုးသမီး ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးကို အမည်မသိ သေနတ်သမားတွေက ၀င်ရောက် ပစ်သတ်သွားပြီးနောက်ပိုင်း ဖားကန့်ဒေသရဲ့ လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေကို ပြောပြသွားတာဖြစ်ပါတယ် အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က တင်ပြပါလိမ့်မယ်။

ကျောက်စိမ်း အဓိက တူးဖေါ်တဲ့ ဖားကန့်ဒေသမှာ KIA ကချင်အမျိုးသား လက်နက်ကိုင် အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ပြန်ပေါ်ပေါက် လာပြီးတဲ့နောက် ပြီးခဲ့တဲ့ တလကျော်အတွင်း ဖေါက်ခွဲတိုက်ခိုက်မှု အကြိမ် လေးဆယ်နီးပါး ပေါ်ပေါက်ခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ် ဆိုတာ တိတိကျ မသိရပါဘူး။ ဖားကန့်ဒေသဟာ ဥပဒေမဲ့ နေရာ တခုလို ဖြစ်နေတဲ့အကြောင်း ဖားကန့်မြို့၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)၊ အမျိုးသားလွှတ်တော် အမတ် ဦးခင်မောင်မြင့် က ဗွီအိုအေကို ပြောပြသွားပါတယ်။

“ဘယ်ဘက်က ရယ်လို့ စွပ်စွဲလို့တော့ မရဘူးပေါ့။ တပ်တွေ၊ ရဲတွေ အထပ်ထပ်ချထားရဲ့ သားနဲ့ ဖြစ်သွားတာတော့ ဒါက စဉ်းစားစရာလဲ ဖြစ်တယ်လေ။ ကျွန်တော်တို့ ပြောချင်တာကတော့ တရားဥပဒေ စိုးမိုးမှု မရှိတာပဲလေ။ စစ်တပ်က ဘယ်လိုခေါ်မလဲ ဆိုတော့ KIA ကနေ အေးဆေးနေတာကို သွားပြီးတော့ ၀င်ဝင်တိုက်တော့ ပျားအုံကို ဒုတ်နဲ့ ထိုးသလိုပဲပေါ့။ အစစ အရာရာ ဖြစ်လာတော့ ဖားကန့်မှာ ဗုံးတွေ ၊ မိုင်းတွေ ၃၉လုံးလောက် ပေါက် တုန်းက ဖြစ်ပျက်ခဲ့တာကို၊ ပြောမယ် ဆိုရင် ဖားကန့် မြို့ကြီးဟာ ဥပဒေစိုးမိုးမှု မရှိပဲ ဖြစ်သွားတာပေါ့ဗျာ။ လက်နက်ကိုင်တွေ ဆိုတော့ ဘယ်သူမှ ပြောလို့ မရဘူးလေ။ တပ်မတော်လဲ လက်နက်ကိုင်တာပဲ။ KIA လဲ လက်နက်ကိုင်တာပဲ။ ဒီအထဲမှာ ရှမ်းတွေဆိုရင်လဲ လက်နက်ကိုင်တဲ့ အဖွဲ့သစ် ပေါ်လာတယ်။ ပြည်သူ့စစ်အနေနဲ့။ ဒါတွေကတော့ ပြောရမယ်ဆိုရင် တရားဥပဒေ စိုးမိုးမှု မရှိလို့ ဖြစ်တာပဲလို့ မြင်တယ်။ ဒေသခံတွေအတွက် လုံခြုံမှု မရှိသေးတဲ့ အရာဖြစ်လာတာပေါ့ဗျာ။”

တနင်္ဂနွေနေ့က အသတ်ခံခဲ့ရတဲ့ ကချင်ပြည်နယ် ဖားကန့် ဒေသက ဆိပ်မူ ဆိုင်းတောင် ကျေးရွာ အမျိုးသမီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်နန္ဒာလှိုင်ဟာ ဒေသတွင်း ရွာသားတွေရဲ့ အကျိုးစီးပွားကို ဦးဆောင် ဖြေရှင်းပေးနေသူ တဦးဖြစ်တယ်လို့ ဖားကန့် ဒေသခံ တွေက ပြောပါတယ်။

လောင်းကစားမှုတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေ နဲ့ ဖားကန့် ကျောက်စိမ်းတွင်း ဒေသဟာ လုံခြံုရေး စိုးရိမ်စရာရှိပြီး ဒေသတွင်း တည်ငြိမ်မှုအတွက် သက်ဆိုင်ရာအာဏာပိုင်တွေဘက်က တင်းကျပ်စွာ အရေးယူဆောင်ရွက်ဖို့ အရေးကြီး လိုအပ်တယ် လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။ အသစ်ပြန်ဖြစ်လာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ ဆက်စပ်နေတယ်လို့လည်း အမျိုးသား လွှတ်တော် အမတ် ဦးခင်မောင်မြင့် က ပြောပါတယ်။

“အဲဒီမှာ ပါဂျာဆန်ဆိုတာ ရှိတယ်။ ဘိန်း ဘာညာ နှိမ်နှင်းတဲ့အဖွဲ့။ တရားဝင်တော့ မဟုတ်ဘူးပေါ့လေ။ သူတို့ဟာ ကချင် ဘာသာရေး အဖွဲ့ကနေ ဖွဲ့ထားတာ။ အဲဒီအဖွဲ့ကနေ ဆဘော်မော်တို့မှာ ဘိန်းတွေ၊ ရာမတွေ ရောင်းနေတဲ့ ရှမ်းနီ ရယောက်ကို ဖမ်းသွားလိုက်တယ်။ ဒီ ရယောက်ကို KIA ကနေ ဖမ်းထားတဲ့ အခါကျတော့ ဒီ တပ်မတော်ကနေ ဒီ ရယောက်ကို လွှတ်ပေး မပေးရင် အမြှောက်နဲ့ ထုမယ်ဆိုတော့ ဟိုကလည်း စစ်မတိုက်ချင်တာနဲ့ ပေးလိုက်တာပေါ့ဗျာ။ ငါးယောက်။ အဲဒီ ငါးယောက်ကို ကာမိုင်း ရဲစခန်းပို့မယ့် အချိန်မှာ နန်ယမ်းလောက်မှာ ဖြတ်လုပြီးတော့မှ။ ရှမ်းနီတွေကနေပြီးတော့ ဒါငါတို့လူ၊ ငါတို့ ကာကွယ်မယ်။ ငါတို့ ဟာ ငါတို့ လုပ်မယ်ဆိုပြီးတော့ သူတို့က ဖြတ်လုသွားတယ်။ အဲဒီ ငါးယောက်ကနေပြီးတော့ KIA စခန်းကို ပြန်အယူမှာ တိုက်ပွဲ ဖြစ်ကြတာပေါ့ဗျာ။ ”

လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသကို စစ်အုပ်ချုပ်ရေး အရေးပေါ် ကြေညာဖို့ မြန်မာ စစ်တပ် ဘက်က ပြည်နယ်အစိုးရကို အဆိုပြုခဲ့ပေမယ့် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ ခက်အောင်က စစ်အုပ်ချုပ်ရေးကို လက်မခံဘဲ ပယ်ချခဲ့တဲ့ အကြောင်း ဦးခင်မောင်မြင့်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း နိုင်ငံရေးခေါင်းဆောင်တွေကတော့ ဖားကန့်ဒေသ အပါအဝင် ကချင်ပြည်နယ်တွင်းမှာ နယ်မြေ တည်ငြိမ် အေးချမ်းရေး နဲ့ ဒေသတွင်းလုံခြံုမှု ရှိစေရေး ကချင်ပြည်နယ်အစိုးရ၊ အစိုးရ စစ်တပ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က တရားဥပဒေ စိုးမိုးမှုရှိစေရေး စတာတွေကို အလေးထား ဆောင်ရွက်ပေးဖို့ ကိုလည်း တိုက်တွန်း ပြောဆို နေကြပါတယ် ခင်ဗျာ။

 ရဲခေါင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles