ေဒါပုံၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမႈဖြင့္ စစ္ေဆးေနတဲ့ ဦးေခါင္းမပါတဲ့ အသက္ ၆ ႏွစ္အရြယ္ကေလးငယ္ေသဆုံးမႈကုိ သက္ဆုိင္ရာက ေဆးစာျပန္ၾကားခ်က္အရ လူသတ္မႈအျဖစ္ ေျပာင္းလဲအမႈဖြင့္ အေရးယူခဲ့တယ္လို႔ သိရပါတယ္။ သာေကတၿမိဳ႕နယ္ေနအသက္ ၆ ႏွစ္အရြယ္မဇူးဇူးဇင္ရဲ႕ အေလာင္းကို ရင္ခြဲစစ္ေဆးခ်က္အရ အေလာင္းမွာ အလြန္အမင္း ပုတ္ပြေနၿပီး ဦးေခါင္းမပါလာဘဲ လည္ပင္းအရင္းပုိင္းမွာ တိတိရိရိျပတ္ေနတဲ့ ဒဏ္ရာေတြ႔ရွိရတယ္လို႔ ဆိုပါတယ္။
အျပင္ ဝမ္းဗုိက္ညာဘက္မွာ ခြဲစိတ္ထားတယ္လို႔ယူဆရတဲ့ ေဒါင္လုိက္ျပတ္ရွ ဒဏ္ရာေတြလည္း ေတြ႔ရွိရသလို အေလာင္းမွာလည္း အသည္းနဲ႔ညာဘက္ ေက်ာက္ကပ္ပါမလာခဲ့ဘူးလို႔ ေဆးစာျပန္ၾကား ခ်က္မွာေဖာ္ျပထားပါတယ္။
အဲဒီအခ်က္ေတြကို ၿခံဳငုံသုံးသပ္ခ်က္အရ လည္ပင္း ဝမ္းဗုိက္အတြင္းရရွိတဲ့ ဒဏ္ရာေၾကာင့္ ေသဆုံးျခင္းျဖစ္တယ္လို႔ ထင္ျမင္ေၾကာင္းလည္းဆိုထားၿပီး အဓမၼျပဳက်င့္ျခင္းခံရတဲ့လကၡဏာလည္းမေတြ႕ရဘူးလို႔ ေဆးစစ္ခ်က္မွာ ေဖာ္ျပထားပါတယ္္။
ေဆးစာျပန္ၾကားခ်က္အရ ေဒါပုံၿမိဳ႕မရဲစခန္းက မူလဖြင့္လွစ္ထားတဲ့ ေသမႈေသခင္းအမွတ္စဥ္ (၃/၂၀၁၆) ကေန ျပစ္မႈနံပါတ္ (၃၆၅/၂၀၁၆) ျပစ္မႈဆုိင္ရာဥပေဒပုဒ္ (၃ဝ၂) အရ ေျပာင္းလဲကာ လူသတ္မႈအျဖစ္ဖြင့္လွစ္စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္္။
5 Plus News
https://www.facebook.com/5plusnews/
........
ဒေါပုံမြို့မရဲစခန်းက သေမှုသေခင်း အမှုဖွင့် စစ်ဆေးနေတဲ့ ဦးခေါင်းမပါတဲ့ အသက် ၆ နှစ်အရွယ်ကလေးငယ်သေဆုံးမှုကို သက်ဆိုင်ရာက ဆေးစာပြန်ကြားချက်အရ လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့် အရေးယူခဲ့တယ်လို့ သိရပါတယ်။ သာကေတမြို့နယ်နေအသက် ၆ နှစ်အရွယ်မဇူးဇူးဇင်ရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ အလောင်းမှာ အလွန်အမင်း ပုတ်ပွနေပြီး ဦးခေါင်းမပါလာဘဲ လည်ပင်းအရင်းပိုင်းမှာ တိတိရိရိပြတ်နေတဲ့ ဒဏ်ရာတွေ့ရှိရတယ်လို့ ဆိုပါတယ်။
အပြင် ဝမ်းဗိုက်ညာဘက်မှာ ခွဲစိတ်ထားတယ်လို့ယူဆရတဲ့ ဒေါင်လိုက်ပြတ်ရှ ဒဏ်ရာတွေလည်း တွေ့ရှိရသလို အလောင်းမှာလည်း အသည်းနဲ့ညာဘက် ကျောက်ကပ်ပါမလာခဲ့ဘူးလို့ ဆေးစာပြန်ကြား ချက်မှာဖော်ပြထားပါတယ်။
အဲဒီအချက်တွေကို ခြုံငုံသုံးသပ်ချက်အရ လည်ပင်း ဝမ်းဗိုက်အတွင်းရရှိတဲ့ ဒဏ်ရာကြောင့် သေဆုံးခြင်းဖြစ်တယ်လို့ ထင်မြင်ကြောင်းလည်းဆိုထားပြီး အဓမ္မပြုကျင့်ခြင်းခံရတဲ့လက္ခဏာလည်းမတွေ့ရဘူးလို့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ််။
ဆေးစာပြန်ကြားချက်အရ ဒေါပုံမြို့မရဲစခန်းက မူလဖွင့်လှစ်ထားတဲ့ သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၆) ကနေ ပြစ်မှုနံပါတ် (၃၆၅/၂၀၁၆) ပြစ်မှုဆိုင်ရာဥပဒေပုဒ် (၃ဝ၂) အရ ပြောင်းလဲကာ လူသတ်မှုအဖြစ်ဖွင့်လှစ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ််။
5 Plus News
https://www.facebook.com/5plusnews/