Quantcast
Viewing all articles
Browse latest Browse all 13796

ကန်ဒေါ်လာ ၁၃၃သန်းဖိုး စိတ်ကြွဆေးပြား ဖမ်းမိမှု တိမ်းရှောင်နေသူများ၏ နေအိမ်များ ဝင်ရောက်စစ်ဆေး


ရန်ကုန်၊ သြဂုတ် ၆
မင်္ဂလာဒုံမြို့နယ်တွင် ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ အမေရိကန်ဒေါ်လာ ၁၃၃ သန်း ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိမှုနှင့် ဆက်နွှယ်နေသော စီးပွားရေး လုပ်ငန်းရှင်များ၏ နေအိမ်များကို သြဂုတ်လ ၅ ရက် မွန်းလွဲ ၁ နာရီခွဲက ထပ်မံစစ်ဆေးခဲ့ရာ Toyota အမျိုးအစား LEXUS အနက်ရောင် ဆလွန်းကားတစ်စီးနှင့် CB ဘဏ်၌ ပေးသွင်းထားသည့် ငွေလက်ခံဖြတ်ပိုင်း စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ် တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
“မရမ်းကုန်းမြို့နယ်၊ ၅ရပ်ကွက်ထဲက ဒါရိုက်တာတစ်ယောက်ရဲ့ အိမ်ရယ်၊ ပြည်လမ်း ၉ မိုင်နားက တော်ဝင်လမ်းမှာရှိ တဲ့ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာရဲ့အိမ်တွေကို ထပ်စစ်ဆေးခဲ့တယ်၊ အိမ်ထဲက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ ငွေလွှဲငွေယူ လုပ်ထားတဲ့ ဘဏ်စာရွက် စာတမ်းတွေ၊ ဖုန်းနံပါတ်တွေကို သိမ်းဆည်း ရမိခဲ့တယ်၊ လူတွေတော့ မမိသေးဘူး၊ ဆက်လက် စုံစမ်းနေဆဲပါ” ဟု အဆိုပါ မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက ဇေကမ္ဘာဝင်းအတွင်း ကမ္ဘာတွင် ဒုတိယ အများဆုံးနှင့် အရှေ့တောင်အာရှတွင် အများဆုံး စိတ်ကြွဆေးပြား ပမာဏ ဖြစ်သော အလေးချိန် ၂ ဒသမ ၆၇ တန်ရှိ စိတ်ကြွဆေးပြား ၂၆ သန်းကျော်ကို ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ယင်းကွန်တိန်နာယာဉ် ပိုင်ရှင်မှာ Kaladan Delta Development Co., Ltd. မှ ဒါရိုက်တာ အသက် ၂၆ နှစ် အရွယ်ရှိ ကိုလှမောင် ဖြစ်သည်ကို စုံစမ်းသိရှိရပြီးနောက် ယင်းကုမ္ပဏီနှင့် ပတ်သက်ဆက် နွှယ်နေသူများကို လိုက်လံစုံစမ်းနေကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“ရခိုင်ပြည်နယ် ပေါက်တောမြို့နဲ့ ရန်ကုန်က ရှစ်မိုင်နားက ရွှေကမ္ဘာ အိမ်ရာဝင်းမှာ ကုမ္ပဏီရုံးခန်းတွေ ဖွင့်ပြီး ရေလုပ်ငန်း ဗန်းပြပြီး နောက်ကွယ်က မူးယစ်ဆေးဝါး လုပ်နေတယ်လို့ သိရတယ်၊ စိတ်ကြွဆေးပြားတွေကို ပင်လယ်ဘက်ကနေ သယ်တယ်လို့ ယူဆတယ်၊ ဒီလုပ်ငန်းရဲ့ နောက်ကွယ်မှာ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခု ပါဝင်နိုင်တာကြောင့် အမှုမှန် ဖော်ထုတ်ဖို့ စုံစမ်းနေတယ်၊ လိုအပ်ရင် အိမ်နီးချင်း နိုင်ငံတွေပါ ပူးပေါင်းကူညီဖို့ အကြောင်း ကြားသွားမယ်၊ လက်ရှိ ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာရဲ့ အမျိုးသမီးကို စစ်ဆေးနေတယ်” ဟု ယင်းတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိက ပြောကြားသည်။
သြဂုတ်လ ၄ ရက်နေ့က ဇေကမ္ဘာဝင်းတွင် ဖမ်းမိခဲ့သော စိတ်ကြွဆေးပြားများနှင့် ပတ်သက် ဆက်နွှယ်သူဟု ယူဆရသူများ၏ နေအိမ်များနှင့် ရုံးခန်းများကို ဝင်ရောက်ရှာဖွေခဲ့ရာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ အမှတ် ၄၁ ရပ်ကွက်ရှိ ကိုလှမောင် နေထိုင်ခဲ့သည့် နေအိမ်တွင် စိတ်ကြွဆေးပြား ၁၅ သိန်းကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။
“ဒီအမှုနဲ့ ပတ်သက်တဲ့ ရေလုပ်ငန်း ကုမ္ပဏီနဲ့ ဆက်နွှယ်နေသူ ခြောက်ယောက်တော့ ခေါ်စစ်ဆေးပြီးပြီး အဓိက တရားခံ တွေကိုတော့ မမိသေးဘူး” ဟု မြန်မာနိုင်ငံ မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ကမ္ဘာတွင် ဒုတိယအများဆုံးနှင့် အရှေ့တောင်အာရှတွင် အများဆုံး စိတ်ကြွဆေးပြား ဖမ်းမိမှု၏ နောက်ကွယ်တွင် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်နေပြီး၊ လတ်တလော စုံစမ်းချက်အရ ရေလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပါဝင်ပတ်သက် ဆက်နွှယ်ဖွယ်ရှိကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများ ထံမှ သိရှိရသည်။
“သံသယရှိသူတွေက ငွေကြေး ချမ်းသာသူတွေ မဟုတ်ဘူး၊ ဖမ်းမိတဲ့ ဆေးပြားတွေရဲ့ တန်ဖိုးက ဒေါ်လာသန်း ချီတာမို့ ဒီအမှုရဲ့ နောက်ကွယ်မှာ အင်မတန်ကြီးတဲ့ အဖွဲ့အစည်း တစ်ခုရှိနိုင်တယ်လို့ သုံးသပ်ထားတယ်၊ မသင်္ကာသူတွေရဲ့ ဘဏ်စာရင်းနဲ့ ပိုင်ဆိုင်မှုတွေပါ သိရအောင် အသေးစိတ် လိုက်လံ စုံစမ်းနေတုန်းပါ” ဟု မြန်မာနိုင်ငံ မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု တချို့တွင် နောက်ကွယ်မှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်နေပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ်က စိတ်ကြွဆေးပြား သုံးသိန်းကျော် ဖမ်းဆီးရမိမှုမှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သော Natural Force ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

Viewing all articles
Browse latest Browse all 13796

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>