Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မုံရွာမြို့နယ် နတ်ကြီးကျွန်းကျေးရွာအနီး လှေတစ်စီးတိမ်းမှောက်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံး

$
0
0
မုံရွာ သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ မုံရွာ-အမြင့်ကားလမ်းမပေါ်ရှိ ညောင်ဖြူပင်ကျေးရွာ တာဘောင် နံဘေးမှ ရတနာပုံ ရတနာပုံကျွန်းရှိ ရေဘေးသင့်အိမ်ထောင်စုများအား ထမင်းထုပ် သွားရောက်ပို့ဆောင်သည့် လှေတစ်စီး သြဂုတ်လ (၇)ရက်နေ့တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မုံရွာမြို့နယ် ကံမကျေးရွာမှ အလှူရှင် ဦးဇော်ဇော်အောင်ပါဝင်သည့် အမျိုးသမီး(၅)ဦးနှင့် အဖွဲ့ လိုက်ပါလာပြီး ရတနာပုံကျွန်းကျေးရွာမှ ဦးမိုးကြီး(၃၄)နှစ် မောင်းနှင်လာသည့် စက်လှေတစ်စီးသည် သဖန်းပင်ရိုးအရောက် ရေအနက်(၈)ပေခန့်တွင် စက်လှေတိမ်းမှောက်ခဲ့ပြီး လိုက်ပါသော လူ(၆)ဦးအနက်မှ မရည်ရည်ထွန်း(ဘ)ဦးသောင်းထွန်း အသက်(၂၅)နှစ် ကံမရွာနေ ရေနစ် ပျောက်ဆုံး သွားသဖြင့် စက်လှေ (၄) စီးဖြင့် လိုက်လံရှာဖွေရာ ခေတ္တအကြာတွင် ပြန်လည်တွေ့ရှိခဲ့ပြီး အဆိုပါ ရေနစ်သူအမျိုးသမီးအား ညောင်ဖြူပင် တိုက်နယ်ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရာ နေ့လည်(၁၃း၅၀)အချိန်တွင် သေးဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>