ဒီပုံကိုထပ်တင်လိုက်ရတာကတော့လူမှုကွန်ရက်မှာကလေးမလေးပုံပျံ့နှံ့လာလို့ပါ။
အားလုံးကိုလဲအကူအညီတောင်းချင်လို့ပါ။ဒီ၈နှစ်သမီးလေးကကသာကပါ။သူ့ကိုမုဒိမ်းကျင့်သူကို
ကသာမြို့နယ်တရားရုံးက ပြစ်မှုပုဒ်မ ၃၆၆နဲ့ထောင်၇နှစ်၊ပြစ်မှုပုဒ်မ၃၇၆အရထောင်ဒဏ်တသက်တကျွန်းသီးခြားစီချခဲ့တယ်။အယူခံမှာကသာခရိုင်တရားရုံးကအတည်ပြုခဲ့တယ်။
တရားခံကစစ်ကိုင်းတိုင်းတရားလွှတ်တော်ပြင်ဆငိမှုတက်တော့ပြစ်ဒဏ်၂ရပ်ကိုတပေါင်းတည်းပေးခဲ့တယ်။(အမှန်က၃၆၆ကလူခိုးမှု၊၃၇၆ကမုဒိမ်းမှုတမှုစီပါ)။အဲဒီနောက်ကလေးမလေးအတွက်နစ်နာကြေးရဖို့မန္တလေးကတရားလွှတ်တော်ရှေ့နေကြီးဦးမျိုးမြင့်စိုးနဲ့ဒေါ်ကေသွယ်မိုးတို့ကမေတ္တာနဲ့အခမဲ့ဆောင်ရွက်ပေးခဲ့တယ်။ကသာခရိုင်တရားရုံးတရားမကြီးမှုအမှတ်၅/၂၀၁၅ ဒုတိယခရိုင်တရားသူကြီးဦးမြင့်ဟန်ခုံမှာပါ။
အမှုစစ်ကတည်းကဆင်းရဲတဲ့ခလေးမလေးအမေကို နင်တို့အမှုပယ်ပစ်မယ် ပယ်ပစ်မယ်နဲ့ခနခနကြိမ်းသတဲ့
တရားခံကချမ်းသာလယ်သမား၊ငွေတိုးချေးစားသူဖြစ်ပါသတဲ့။
အမေလုပ်သူကကသာခရိုင်တရားသူကြီးကိုတက်တိုင်တော့အမှုကိုဥပဒေနဲ့အညီစစ်ပါမယ်လို့
ဦးမြင့်ဟန်လက်မှတ်ထိုးထားရပါသတဲ့။အမှုမှာတရားပြိုင်(တရားခံ)ဘက်ကလိုက်တဲ့ကသာကရှေ့နေကခလေးမလေးမုဒိမ်းကျင့်ခံရတာဘာမှမနစ်နာဘာဂုဏ်သရေမှမထိခိုက်ဘူးတဲ့။ဆေးရုံကကုပေးတာမို့ဘာမှမကုန်ဘာလျော်ကြေးမှပေး
စရာမလိုဘူးလို့ထုချေပါတယ်။စွဲတဲ့အမှုကလည်းကာလစည်းကမ်းသတ်ကျော်ပါသတဲ့။လျောက်လဲချက်ပေးမဲ့အဆင့်မှာကလေးမလေးအတွက်ကျနော်လိုက်ပေး
ရပါတယ်။တရားပြိုင်(တရားခံ)ရဲ့ချေလွှာမှာသူတို့လိပ်စာမပါလို့(တရားမကျင့်ထုံးအမိန့်၅၊နည်း၂၀က/၂အရပါရမှာ)ပယ်ပေးဘို့လျောက်တော့တရားပြိုင်ကို
ရုံးရှေ့တင်လိပ်စာဖြည့်ခိုင်းပါတယ်။(စီရင်ထုံးများအရတရားစရိတ်ပေးစေရမှာ)
နောက် ကာလစည်းကမ်းသတ်ကျော်တယ်ဆိုပြီးအမှုကိုပယ်လိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ၆ဆိုတာရှိပါတယ်။အရပ်စကားနဲ့ပြောရင်အသက်မပြည့်သူ၊စိတ်မနှံ့သူတွေအတွက်သတ်မှတ်တရားစွဲချိန်ကိုရပ်ပေးထားတာပါ။စွဲရမဲ့သူအသက်ပြည့်သည်အထိ၊စိတ်ရောဂါပျောက်ကင်းသည်အထိကင်းလွတ်ခွင့်ပေးထားပါ။ကလေးမလေးက၈နှစ်သာရှိသေးတာမို့သူ၁၈နှစ်ပြည့်ချိန်မှ
ကာလစည်းကမ်းသတ်စတင်ရေတွကိရမှာပါ။အဲဒါဒုခရိုင်တရားသူကြီး
ဦးမြင့်ဟန်ကကာလစည်းကမ်းသတ်ကျော်ပါသတဲ့။ကာလစည်းကမ်းသတ်
ပုဒ်မ၆ရဲ့အကာအကွယ်ရချင်ရင်အသက်၁၈နှစ်ပြည့်မှစွဲပေါ့တဲ့ခမျာ။အလွန်အံ့ဩစရာကောင်းလှပါတယ်။ဒါသွေးရိုးသားရိုးမဖြစ်နိုင်ပါ။အမှုပယ်ပြစ်မယ်လို့လဲ
တရားဝင်ကြိမ်းခဲ့တယ် စာတတ်လို့ဖတ်ကြည့်ရင်ဘသူမဆိုနားလည်နိုင်တဲ့ကာလစည်းကမ်းသတ်ပုဒ်မ၆ ကိုလဲနားမလည်ဘူးဆိုတာဒီအဆင့်နဲ့မလျော်ကြောင်းလဲပေါ်နေတယ်။
သူ့သမိုင်းကိုလိုက်တော့ ရွှေဘိုမြို့နယ်တရားရုံးမှာရှိစဉ်တရားမကြီးတမှုမှာသူအရုံးပေးမဲ့ဒေါ်တင်မအေး
ဆိုသူအမှုသည်ကိုကြိမ်းမောင်းချိမ်းခြောက်လို့လွှတ်တော်တိုင်ပြီးပြစ်မှုကြောင်းတရားစွဲတာသမ္မတခွင့်ပြုမိန့်မကျလို့စွဲခွင့်မရခဲ့ဘူးတဲ့။ဒါ့အပြင်ဗီုလ်ခင်ညွန့်မိုး
ကောင်းစဉ်မတ္တရာမြို့နယ်တရားရုံးမှာNLD ၉၀ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်ဦးသန်းလွင်သံလက်သီးနဲ့အထိုးခံရတဲ့အမှုမှာအထိုးခံရတဲ့မိသားစုတစုလုံးကိုထောင်ချပစ်ခဲ့တာသူပေါ့။ခုကိစ္စကသိတ်ဗြောင်ကျပါတယ်။ခလေးသူငယ်တယောက်အပေါ်မတရားတာလဲဖြစ်ပါတယ်။ဒီကိစ္စကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကအမှုဖွင့်ဆောင်ရွက်သင့်ပါ
တယ်။ကာလစည်းကမ်းသတ်ဥပဒေပုမ၆ကိုရှေ့နေမသိတာဖွတ်ကြားကျလို့ဖြစ်နိုင်ပေမဲ့ခရိုင်အဆင့်တရားသူကြီးက၁၈နှစ်ပြည့်မှစွဲပေါ့ဆိုတာအလွန်ရုပ်ဆိုးလှပါတယ်။ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလဲလက်ပိုက်ကြည့်မနေသင့်ပါ
ဒီလိုငခုံးမမျိုးတွေကြောင့်လူကောင်းတွေထိခိုက်ရပါတယ်။ဥပဒေဘွဲ့ရခဲ့တာ
သေချာရဲ့လားမသိပါ။
မန္တွလေးခရိုင်တရားရုံးမှာဒုခရိုင်တရားသူကြီးဦးဇေယျာတင်ညိုဆိုတာရှိပါတယ်။တရားခွင်ကနေလူငယ်ရှေ့နေတွေကိုစာသင်ပေးတတ်ပါတယ်။သိတ်မကြာသေးခင်ကသူ့ခုံမှာပြစ်မှု၃၃၈တခုအယူခံလလျော့လို့လွတ်သွားတော့ရှေ့နေကနားမလည်လို့လွတ်ရမှာမလွတ်ဖူးဖြစ်နေတော့သူ့စာရေးကိုခေါ်ရဲကိုခေါ်ပြီးဘယ်လိုထောင်ကထုတ်ရမယ်ဆိုတာအကြာကြီးရှင်းပြပေးနေတာတွေ့ခဲ့ရလို့အံ့ဩမဆုံးပါ။ဒီလိုတရားသူကြီးမျိုးလဲရှိပါသေးလားလို့အားတက်ခဲ့ရပါတယ်။နှိုင်းယှဉ်ကြည့်
နိုင်အောင်ပါ။
ကျနော်ကခုဟောင်ကောင်ရောက်နေပါတယ်။ပြန်ရောက်ရင်ကလေးမလေးကို
ဆေးရုံမှာပြပေးမလို့ပါ။
ဒီအမှုကိုအဂတိကော်မရှင်မရောက်ရောက်အောင်ပို့ပေးကြပါ ဝိုင်းဖြန့်ပေးကြပါခင်ဗျား။
Thein Than Oo