Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

IS အန္ဒရာယ် ကြောင့် ခရစ်ယန်တွေထွက်ပြေး

$
0
0




 ဆီးရီးယားနိုင်ငံမှာ IS အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ အဓိကစစ်ရေး အစီအစဉ်နဲ့ ရှေ့ကိုတိုးလာနေတဲ့ တိုက်ခိုက်မှုတွေကို စိုးရိမ်ကြောက်လန့်နေတဲ့ ခရစ်ယာန်ဘာသာဝင်မိသားစု အမြောက်အများဟာ သူတို့နေထိုင်ရာမြို့ကနေ စွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ လှုပ်ရှားသူတွေကပြောပါတယ်။

ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်တဲ့ Sadad မြို့ကနေ အစိုးရထိန်းချုပ်ထားတဲ့ နိုင်ငံအလယ်ပိုင်း Homs မြို့နဲ့ Damascus မြို့တော်ဆီကို ရာနဲ့ချီရှိတဲ့ မိသားစုတွေ ထွက်ပြေးသွားကြပြီလို့ ဆီရီးယားအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ခရစ်ယာန် Assyrian ကွန်ယက်အဖွဲ့ရဲ့ ညွန်ကြားရေးမှူး Osama Edward ကပြောပါတယ်။

အဲဒီဒေသမှာ လူတွေဟာ ကြောက်ရွံ့ထိတ်လန့်မှုနဲ့ နေနေကြရတယ်လို့လည်း Edward ကပြောပါတယ်။ဒါ့အပြင် အီရတ်နိုင်ငံက Yazidis လူမျိုးတွေအပါအဝင် IS အစွန်းရောက်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အခြား ခရစ်ယာန်ဘာသာဝင်တွေ ရင်ဆိုင်ရတဲ့ အဖြစ်အပျက်တွေကို ကြည့်ပြီး Sadad မြို့တဝိုက်နေထိုင်ကြတဲ့ ခရစ်ယာန်တွေက အတော်လေးစိုးရိမ်နေကြပြီး ထွက်ပြေးမလား၊ အစ္စလာမ်ဘာသာကူးပြောင်းမလား ဒါမှမဟုတ် အသေခံမလားဆိုတာကို ရွေးချယ်ကြဖို့ပဲရှိတယ်လို့ သူကဆိုပါတယ်။

Qaryatain မြို့လယ်နဲ့ Sadad မြို့နားက Mheen ရွာကြားမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက အတည်ပြုပြောဆိုခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ စစ်မဖြစ်ခင် လူဦးရေ ၂၃ သန်းထဲမှာ ခရစ်ယာန်ဘာသာဝင်ဦးရေ ၁ဝ% နီးပါးလောက်ရှိခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>