Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

Soudelor တိုင်ဖုန်း မုန်တိုင်း ဝင်ရောက် လာသဖြင့် တရုတ် နိုင်ငံ ဖူကျန့် ဒေသ များတွင် အကြီးစား မိုးရွာသွန်းမှု များဖြစ်ပွား

$
0
0

Soudelor တိုင်ဖုန်း မုန်တိုင်း ဝင်ရောက် လာသဖြင့် တရုတ် နိုင်ငံ ဖူကျန့် ဒေသ ရှိ မြို့တစ်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ်(ဆင်ဟွာ)
    ပေကျင်း ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

    ယခု နှစ် တွင် ဖြစ်ပွားသည့် နံပတ် ၁၃ ခု မြောက် Soudelor တိုင်ဖုန်း မုန်တိုင်း သည် သြဂုတ်လ ၈ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်တွင် ဖူကျန့် ပြည်နယ် အတွင်း ဝင်ရောက် ခဲ့သဖြင့် ဖူကျန့်ပြည်နယ် ဒေသ တစ်ခုလုံးတွင် ပြင်းထန်စွာ မိုးရွာသွန်းမှု များဖြစ်ပွားခဲ့ပြီး ဖူကျန့် ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတမ်း တစ်လျှောက် ဒေသ များတွင် အကြီးစား မိုးရွာသွန်းမှု များဖြစ်ပွားခဲ့သည်။

ဖူကျန့် ပြည်နယ် သဘာဝ ဘေး ကာကွယ်ရေး ဌာန ၏ စာရင်း အရ သြဂုတ်လ ၉ ရက် မနက် ၇ နာရီ အထိ Soudelor တိုင်ဖုန်း မုန်တိုင်း ဝင်ရောက်မှု ကြောင့် ဖူကျန့် ပြည်နယ် ရှိ မြို့နယ်ပေါင်း ၃၄ ခု တွင် ၁၀၀ မီလီမီတာ မှ ၂၅၀ မီလီမီတာ အထိ မိုးရွာသွန်းမှု များဖြစ်ပွားခဲ့ပြီး ၄င်းအတွင်းမှ မြို့နယ်ပေါင်း ၁၆ ခု သည် ၂၅၀ မီလီမီတာ အထက် မိုးရွာသွန်းမှု ဖြစ်ပွားခဲ့သည်။ ထိုအတွင်းမှ ဖူတင်း မြို့တွင် မိုးရွာသွန်းမှု သည် ၅၀၁ မီလီမီတာ အထိ ဖြစ်ပွား ခဲ့သည်။

ဖူကျန့် ပြည်နယ် ရှိ အချို့ဒေသ များတွင် ရေကြီးရေလျှံမှု များဖြစ်ပွား ခဲ့ပြီး မြို့ပြ အဆောက်အဦး နှင့် သစ်ပင် များ ပျက်စီးမှု များဖြစ်ပွားခဲ့သည်။ အချို့ဒေသ များတွင် လျှပ်စစ်မီး ပျက်တောက်ခြင်း ၊ နေအိမ် ပြိုလဲခြင်း ၊ လယ်ယာ စိုက်ခင်းများ ရေမြုပ်ခြင်း ၊ စက်ရုံ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းခြင်း နှင့် ရေကြောင်း လုပ်ငန်း ပစ္စည် ပျက်စီး ခြင်း များ ဖြစ်ပွားခဲ့သည်။

Soudelor တိုင်ဖုန်း မုန်တိုင်း ဝင်ရောက်မှု ကြောင့် ဖူကျန့် ပြည်နယ် အတွင်း လေဆိပ် ၃ ခု ရပ်နားခဲ့ရပြီး လေယာဉ် ခရီးစဉ် ပေါင်း ၅၃၀ ကျော်ကို ရွေ့ဆိုင်းခဲ့ရသည်။ ရထား ခရီးစဉ် ပေါင်း ၁၉၁ ခု ကို ရပ်နား ခဲ့ရပြီး အမြန်လမ်း ၆ နေရာ ကို လည်း ပိတ်ထား ခဲ့ရသည်။ ပိုဆောင်ရေး လမ်းကြောင်း များတွင် လည်း ရပ်နားမှု များဖြစ်ပွားခဲ့ပြီး ပင်လယ် ဖြစ်ကျော် တံတား များသည်လည်း ပိတ်ထား ခဲ့ရသည်။

လက်ရှိချိန် တွင် နေအိမ်ပေါင်း ၂ သန်းကျော် လျှပ်စစ်မီး အသုံးပြုရန် ပြတ်တောက်မှု များဖြစ်ပွား ခဲ့ပြီး ဖူကျန့် ပြည်နယ် လျှပ်စစ်ဌာန မှ ပြုပြင်မှုများကြောင့် ၀.၆၂ သန်းမှာ လျှပ်စစ်မီး ပုံမှန် ပြန်လည် ရရှိကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>