Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အလုပ်သမားများကို နစ်နာကြေး ပေးပြီးမှသာ စက်ရုံ ပိတ်သိမ်းရမည်ဟု ၀န်ကြီးဌာန ထုတ်ပြန်

$
0
0
အနည်းဆုံး အခကြေးငွေ ၃၆၀၀ကျပ် မပေးနိုင်သည့်အတွက် စက်တင်ဘာလတွင် အလုပ်များ ပိတ်သိမ်း၍ နေရပ်ပြန်မည်ဟု တရုတ်နှင့် ကိုရီးယား အထည်ချုပ် လုပ်ငန်းများမှ ပြောဆိုမှုများ ထွက်ပေါ်လာရာ ပိတ်သိမ်းလိုသည့် စက်ရုံများအနေနှင့် အလုပ်သမားများ အတွက် နစ်နာကြေး ပေးပြီးမှသာ အလုပ်ပိတ်သိမ်းရမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းထုတ်ပြန်ချက်ကို ဇူလိုင် ၃ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပြီး အလုပ်သမားများ အတွက် နစ်နာကြေး ပေးဆောင်ရမည့် နှုန်းထားဆယ်မျိုး သတ်မှတ် ပေးထားကြောင်း၊ ယင်းသတ်မှတ်ချက်အရ အလုပ်ပိတ်သိမ်းပါက လုပ်သက်ခြောက်လမှ တစ်နှစ် အတွင်းရှိသည့် အလုပ်သမားများ အနေဖြင့် နစ်နာကြေး လ၀က်စာ၊ တစ်နှစ်နှင့် နှစ်နှစ်အတွင်း အလုပ်သမားများမှာ နစ်နာကြေး တစ်လစာ၊ လုပ်သက်နှစ်နှစ်မှ သုံးနှစ်အတွင်း အလုပ်သမားများမှာ နစ်နာကြေး တစ်လခွဲစာ၊ လုပ်သက် သုံးနှစ်နှင့်လေးနှစ် အတွင်း အလုပ်သမားများမှာ နစ်နာကြေး သုံးလစာ၊ လုပ်သက်ခြောက်နှစ်မှ ရှစ်နှစ်အတွင်း နစ်နာကြေး ငါးလစာ၊ လုပ်သက်ရှစ်နှစ်မှ တစ်ဆယ့်နှစ်နှစ် အတွင်း အလုပ်သမားများမှာ နစ်နာကြေး ခြောက်လစာ၊ လုပ်သက် တစ်ဆယ့်နှစ်နှစ်မှ နှစ်နှစ်ဆယ်အတွင်း အလုပ်သမားများမှ နစ်နာကြေး ရှစ်လစာ၊ လုပ်သက် နှစ်ဆယ်နှစ်မှ နှစ်ဆယ့်ငါး နှစ်အတွင်း လုပ်သားများမှာ နစ်နာကြေး ဆယ့်တစ်လစာ၊ လုပ်သက် နှစ်ဆယ့်ငါးနှစ်အထက် ရှိသည့် အလုပ်သမားများမှာ နစ်နာကြေး ဆယ့်သုံးလစာ ရရှိခံစားရမည်ဟု အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပုဒ်မ ၅၉ပုဒ်မခွဲ(ခ)နှင့် အလုပ်ကိုင်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအား ကျင့်သုံးပြီး အလုပ်မှ ရပ်စဲခံရသော အလုပ်သမားများနှင့် ပတ်သက်၍ နစ်နာကြေးနှုန်းထားများအား အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမင်းက အမိန့်ကြေငြာစာ အမှတ် (၈/၂၀၁၅)ဖြင့် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

အလုပ်သမားများ အတွက် နစ်နာကြေးနှင့် ပတ်သက်ပြီး အလုပ်သမား ၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး နစ်နာကြေးပေးရာတွင် အလုပ်သမားများ၏ နောက်ဆုံးထုတ်ယူခဲ့သော လစာအား တွက်ချက်၍ ပေးဆောင်ရမည် ဖြစ်ကြောင်းကိုလည်း အလုပ်သမား ၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

ကွန်းဇော်
http://www.tomorrow.com.mm/?q=articles/1741

Viewing all articles
Browse latest Browse all 13796

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>