Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မည့် ကော့မှူးမဲဆန္ဒနယ်၌ ပြည်သူ့လွှတ်တော် နေရာအား တစညပါတီ ရှောင်ရှားမည်

$
0
0
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည့် ကော့မှူး မဲဆန္ဒနယ်မြေတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အနေဖြင့် ပြည်သူ့လွှတ်တော် နေရာအား ၀င်ရောက်မည် မဟုတ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးဟန်ရွှေက Tomorrowသို့ ပြောသည်။

“သက်ဆိုင်ရာပြည်နယ် အလိုက် ကျွန်တော်တို့ မ၀င်တဲ့နေရာ တချို့လည်းရှိတယ်။ တိုင်းဒေသကြီးမှာလည်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမှာ ၀င်မယ်။ နောက်အမျိုးသား လွှတ်တော်ကျတော့ နေရာတွေ ခွဲထားတာကိုး။ အဲဒီ့အခါကျတော့ ကော့မှူးလည်းပါမယ့် သဘောရှိပါတယ်။ ပြည်သူ့လွှတ်တော်မှာတော့ ကျွန်တော်တို့ မ၀င်ပါဘူး”ဟု ဦးဟန်ရွှေက ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဇူလိုင် ၈ရက်က ထုတ်ပြန်ခဲ့သော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေပေါင်း ၁၁၇၄ နေရာ၌ နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့် အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အနေဖြင့်လည်း အဆိုပါ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေပေါင်း ၇၄၉ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သတ်မှတ်ထားပြီး ပြည်သူ့လွှတ်တော် နေရာအတွက် ၂၀၂ နေရာ၊ အမျိုးသား လွှတ်တော် နေရာအတွက် ၁၀၁ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်နေရာ အတွက် ၄၃၄ နေရာနှင့် တိုင်းရင်းသား လွှတ်တော်နေရာ အတွက် ၂၅ နေရာတို့ကို ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သော်လည်း ရန်ကုန်တိုင်းတွင် အမျိုးသား လွှတ်တော်နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် နေရာတွင် တွံတေး မဲဆန္ဒနယ်၊ ကွမ်းခြံကုန်း မဲဆန္ဒနယ်နှင့် ကော့မှူးမဲဆန္ဒနယ်မြေတို့တွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သော်လည်း ပြည်သူ့လွှတ်တော် နေရာအတွက် တွံတေး မဲဆန္ဒနယ်မြေ၊ ကွမ်းခြံကုန်း မဲဆန္ဒ နယ်မြေတွင်သာ ၀င်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အဆိုပါ ကော့မှူး မဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်  ပြည်သူ့လွှတ်တော် နေရာအား ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ၄င်းမဲဆန္ဒနယ်မြေ၌ပင် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

ကိုလူသစ်
http://www.tomorrow.com.mm/?q=articles/1740

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>