Image may be NSFW. Clik here to view. ![]() |
Each page from this 'Drinkable Book' can clean 25 gallons of water |
လန်ဒန် ၊ ၁၉-၈-၂၀၁၅
သိပ္ပံပညာရှင် များသည် ရေဆိုး ရေညစ်များကို သောက်သုံးရေ ဖြစ်သည် အထိ သန့်စင် ပေးနိုင်သော စာအုပ်အား အောင်မြင်စွာ တီထွင် နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စာအုပ်ကို ရေသန့်စင်ရန် အထူး ပြုလုပ်ထားသော စာရွက်များဖြင့် ချုပ်လုပ် ထားခြင်း ဖြစ်ပြီး ၄င်း စာရွက်များတွင် ရေအတွင်းရှိ ဗက်တီးရီးယား များကို သေစေနိုင်သည့် ငွေ သို့မဟုတ် ကြေးနီမှ နာနို အမှုန်များ ထည့်သွင်း ထားခြင်း ဖြစ်သည်။
တောင်အာဖရိက၊ ဂါနာ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရှိ ရေဆိုးရေညစ် အရင်းအမြစ် ၂၅ ခုမှ ရေများကို အဆိုပါ စာအုပ် အသုံးပြု၍ သန့်စင် ခဲ့ရာ ရေအတွင်းရှိ ဗက်တီးရီးယား ၉၉ ရာခိုင်နှုန်း ကျော်ကို အောင်မြင်စွာ ဖယ်ရှား နိုင်သည့်အပြင် ထွက်ရှိလာသည့် ရေ၏ အရည်အသွေး သည် အမေရိကန် နိုင်ငံတွင် ပေးဝေ ဖြန့်ဖြူး နေသည့် ရေသန့်နှင့် တူညီသည်ကို တွေ့ရသည်။
စာရွက်တွင် ပါရှိသည့် ငွေ သို့မဟုတ် ကြေးနီအမှုန် များသည် ရေတွင် ပျော်ဝင်သွား သော်လည်း ကျန်းမာရေး အတွက် စိတ်ချရသည့် ပမာဏမျှသာ ဖြစ်ကြောင်း သိပ္ပံ ပညာရှင် များက ပြောကြားသည်။
အဆိုပါ စာအုပ်ကို ကာနေး ဂီမဲလွန် တက္ကသိုလ်မှ ဒေါက်တာ တယ်ရီဒန် ကိုးဗစ်ခ်ျ က နှစ်ပေါင်း များစွာကြာ သုတေသနပြု လေ့လာ ခဲ့ပြီးနောက် အမေရိကန် နိုင်ငံ ဘော်စတွန်မြို့ တွင် ပြုလုပ်သည့် အမေရိကန် ဓာတု အဖွဲ့အစည်း၏ အကြိမ် (၂၅ဝ)ပြည့် တွေ့ဆုံပွဲတွင် ၄င်း၏ အောင်မြင်မှုကို ထုတ်ဖော် ကြေညာခဲ့ခြင်း ဖြစ်သည်။
Image may be NSFW.
Clik here to view.

#PyiChitThar