အဒစ်အဘာဘာ ၊ ၂၀-၈-၂၀၁၅
မည်သည့် စက်မှုလုပ်ငန်းမျှ ကြီးကြီး ကျယ်ကျယ်မရှိသော အာဖရိကတိုက် မှ အီသီယိုးပီးယား နိုင်ငံက ၂၀၃၀ ပြည့်နှစ် ရောက်လျှင် မိမိတို့နိုင်ငံ အတွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ လျှော့ချမည်ဟု ကြေညာ ခြင်းသည် ကမ္ဘာပေါ်တွင် ကာဗွန်ဓာတ်ငွေ့ အထုတ်လွှတ်ဆုံး နိုင်ငံကြီးများ ဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့က နိုင်ငံတွင်း ကာဗွန် ဓာတ်ငွေ့ လျှော့ချရေး အတွက် တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေချိန်တွင် ပြောဆိုလာ၍ အီသီယိုးပီးယား နိုင်ငံကို စက်မှုနိုင်ငံ များက ဝိုင်း၍ ဝေဖန်မှုများ ပြင်းထန် လာကြောင်း သိရသည်။
ပြီးခဲ့သော ဇွန်လ ကတည်းက အီသီယိုးပီးယား နိုင်ငံက ကုလသမဂ္ဂ အဖွဲ့ကြီးသို့ အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး စက်မှုနိုင်ငံ မဟုတ်ဘဲ ယခုကဲ့သို့ ကြေညာခြင်းကို စက်မှုနိုင်ငံ များက ကန့်ကွက် ဝေဖန်လိုက်ခြင်း ဖြစ်သည်။
သို့သော် အီသီယိုးပီးယား အစိုးရ ပတ်ဝန်းကျင် ရေးရာဝန်ကြီး ကမူ စက်မှုနိုင်ငံများ အနေဖြင့် နားလည်မှု လွဲနေကြောင်း ချေပ ပြောဆိုသည်။ မိမိနိုင်ငံ၏ သစ်တောကြီး များတွင် ဖန်လုံအိမ် ဓာတ်ငွေ့ များပြားနေခြင်း ၂ဝ၁ဝ ပြည့်နှစ်က ရှိခဲ့ဖူးသည့် ၈၅ ရာခိုင်နှုန်း ကို လျှော့ချမည်ဟု ဆိုလိုခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
ဆက်လက်၍ မိမိနိုင်ငံမှ အခြားနိုင်ငံ များက သုံးပြီးသော တစ်ပတ်ရစ် စက်အဟောင်း များကို မည်သို့မျှ သုံးရန် မရည်ရွယ် ကြောင်း၊ မိမိမြေကြီး ကိုလည်း မသန့်ရှင်းအောင် မလုပ်လို ပါကြောင်း အီသီယိုးပီးယား ပတ်ဝန်းကျင် ရေးရာဝန်ကြီး ဘီလက်တီ တာဖာရီ က ပြောပြသည်။
၂ဝ၁၁ ခုနှစ်က တောင်အာဖရိက နိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစည်းအဝေး တွင် အီသီယိုးပီးယား နိုင်ငံသည် ကာဗွန် ဓာတ်ငွေ့ လျှော့ချရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်တွင် ပထမဆုံး လက်မှတ်ရေးထိုး ခဲ့သော နိုင်ငံဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။
Ethiopia to cut carbon emissions by two-thirds by 2030
#PyiChitThar