![]() |
လူစည်ကားရာ မိုင်းလားမြို့ ဈေးတနေရာ |
ပြီးခဲ့သည့် ဇွန်လ အတွင်းက မိုင်းတုံမြို့နယ်အတွင်း သစ်ထုတ်လုပ်နေသည့် '၀'အဖွဲ့အား အဖွဲ့ပေါင်းစုံပါဝင်သည့် အစိုးရ တာဝန်ရှိသူများမှ ဖမ်းဆီးခဲ့ရာ တရုတ်လူမျိုးများပါဝင်ခဲ့ပြီး အစိုးရနှင့် '၀'တို့အကြား တင်းမာမှုအချို့ ဖြစ်ပေါ်ခဲ့သဖြင့် ယင်းနှင့်ဆက်စပ်မှုရှိနိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။ ဒေသခံများက ယင်းကဲ့သို့ သုံးသပ်နေသော်လည်း မိုင်းလားအဖွဲ့ တာဝန်ရှိသူကမူ လုပ်ရိုးလုပ်စဉ်တခုအဖြစ်သာ ရှုမြင်ကြောင်း ပြောဆိုသည်။
မိုင်းလားဒေသမှာ '၀'နှင့် ကျိုင်းတုံဒေသအကြားတွင် တည်ရှိပြီး '၀'တပ်ဖွဲ့များ အခြေချနေသည့် ('၀'တောင်ပိုင်း) မိုင်းတုံ၊ မိုင်းဆတ်ဒေသသို့ သွားရောက်လိုပါက မိုင်းယောင်းမှလည်းကောင်း၊ ကျိုင်းတုံဘက်မှလည်းကောင်း သွားရောက်နိုင်သည့်ဒေသ ဖြစ်သည်။
''အနိမ့်ဆုံးသွားမယ်ဆိုရင်တော့ လ၀ကရဲ့ခွင့်ပြုချက်ပါပြီးမှသွားဖို့ ခရီးသွားလာခွင့် လက်မှတ်တွေကိုလုပ်ပြီးမှ သွားဖို့ဆိုတာမျိုးပြောနေတယ်။ စစ်တာဆေးတာလည်း များလာတယ်''ဟု ကျိုင်းတုံ မိုင်းလားပြေးဆွဲနေသည့် ယာဉ်လိုင်းတခုမှ အမည်မဖော်လိုသူ ယာဉ်မောင်းတဦး က ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက မိုင်းတုံဒေသတွင်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် '၀'တပ်ဖွဲ့တို့အကြား စစ်ရေး တင်းမာမှုများအပြီး '၀'မြောက်ပိုင်း ပန်ဆန်းဒေသမှ '၀'တပ်အချို့ကို ကျိုင်းတုံနယ်နှင့်နယ်မြေချင်း ထိစပ်နေ မိုင်းပေါက်၊ မိုင်းဖျံဒေသသို့ နေရချထားခဲ့သည်ဟုလည်း သိရသည်။
'၀'ဒေသမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ်သတ်မှတ်ခြင်း ခံထားရပြီး ပြည်နယ် အဆင့်သို့တိုးမြင့်ပေးရန် '၀'တပ်ဖွဲ့မှ တောင်းဆိုနေသလို မိုင်းလားဒေသကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ပေးရန် မိုင်းလားအဖွဲ့မှ တောင်းဆိုထားကြောင်း သိရသည်။
စိုင်အောင်ဆိုင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal