Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အမျိုးသားတိုးတက်ရေးပါတီ တည်ထောင်ရန် ဒေါက်တာနေဇင်လတ် အကျိုးအမြတ် ကျပ် ၅၀ ဘီလီယံတန် လုပ်ငန်းတင်ဒါရရှိဟုဆို

$
0
0

ဒေါက်တာနေဇင်လတ်ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီ တည်ထောင်ရန် ကျပ် ၅၀ ဘီလီယံကျော် အကျိုးအမြတ်ရှိသည့် တင်ဒါတခုရရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဇူလိုင် ၁၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် News Watch သို့ ပြောကြားခဲ့သည်။

''ဒေါက်တာနေဇင်လတ်ရဲ့ အမျိုးသားတိုးတက်ရေးပါတီ၊ အဲဒီပါတီက ရန်ပုံငွေတွေ အများကြီးနဲ့ ဖွဲ့စည်းထား တာ။ ဒေါက်တာနေဇင်လတ်ဟာ ဟံသာဝတီ လေယာဉ်ကွင်းတည်ဆောက်ရေးမှာ လုပ်ငန်းသုံးပစ္စည်းချပေးခွင့် တင်ဒါရသွားတယ်။ အကျိုးအမြတ်က ဘယ်လောက်လို့ထင်လဲ။ ဘီလီယံ ၅၀ ကျော်တယ် ခင်ဗျ။ အဲဒီငွေတွေနဲ့ အသုံးပြုပြီး ပါတီတည်ထောင်တာ။ ဘယ်သူကပေးလိုက်သလဲဆိုတော့ သဘောပေါက်မှာပေါ့''ဟု အဆိုပါလွှတ်တော်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ဒေါက်တာနေဇင်လတ်မှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ဦးဆောင်နေသည့် အမျိုးသားတိုးတက်ရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ရုတ်တရက်ထပေါ်ထွက်လာသည့်ပါတီဖြစ်ပြီး ပါတီနှင့်ပတ်သက်၍ ဝေဖန် သုံးသပ်ချက်များထွက် ပေါ်လျက်ရှိသည်။ ဒေါက်တာနေဇင်လတ်သည် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားပါတီတည်ထောင်ချိန်တွင် အကြံပေးအဖြစ်မှ အနားယူခဲ့ကြောင်း သိရသည်။

ဒေါက်တာနေဇင်လတ်၏ အမျိုးသားတိုးတက်ရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၅၀၀ ခန့် အထိ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု အတည်မပြုနိုင်သည့် သတင်းများထွက်ပေါ်လျက်ရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၉-၆-၂၀၁၅ ရက်စွဲဖြင့် နိုင်ငံရေးပါတီတည်ထောင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၅ ရက်နေ့က ထုတ်ဝေသည့် The Voice Daily တွင် အမျိုးသားတိုးတက်ရေးပါတီ၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလင်းကျော်သူထွန်းနှင့် အင်တာဗျူးကို ဖော်ပြခဲ့ပြီး အဆိုပါ အင်တာဗျူးတွင် ပါတီမှာ သမ္မတဦးသိန်းစိန်နှင့် ဆက်စပ်ပတ်သက်မှုမရှိသည့်သဘောမျိုး ပြောကြားခဲ့သည်။

ဒေါက်တာနေဇင်လတ်ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီသည် အစိုးရအဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း သတင်းထုတ်ပြန်ချက်အမှတ် ၇/၂ ၀၁၅၊ ၂၀၁၅ ခုနှစ် ဇွန်လ၂ရက်စွဲဖြင့် အစိုးက ထုတ်ပြန်ထား ခဲ့သည်။
အဆိုပါထုတ်ပြန်ချက် အပိုဒ် (၃) တွင် ''သို့ဖြစ်ပါ၍ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့၊ ယခင် အဖွဲ့ဝင် ဒေါက်တာနေဇင်လတ် နာယကအဖြစ် ထူထောင်ထားသော အမျိုးသားတိုးတက်ရေးပါတီသည် နိုင်ငံတော်သမ္မတနှင့်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လည်းကောင်း လုံးဝပတ်သက်ခြင်းမရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>