Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မိုဘိုင်းလ်ဖုန်း ဓာတ်ရောင်ခြည်ဖြာထွက်မှုကို ကာကွယ်နိုင်ဖို့ သိထားရမယ့် အချက်များ

$
0
0

မိုဘိုင်းလ်ဖုန်းတွေမှာ ဓာတ်ရောင်ခြည် ဖြာထွက်တဲ့ အဖြစ်ကို အားလုံးသိပြီး ဖြစ်မှာပါ။ ဒါဟာ ဦးနှောက်ဆဲလ်ကြီးထွားမှုလည်း ဖြစ်စေနိုင်တယ်။ ဒီတော့ မိုဘိုင်းလ်ဖုန်းကို  ဘယ်လိုကိုင်တွယ်အသုံးပြု ရမယ်ဆိုတာ သိရှိနားလည်ရင် ဦးနှောက်ပျက်ဆီးခြင်း မဖြစ်တော့ပဲ မိမိကျန်းမာရေးကို ထိန်းသိမ်းပေးသွားနိုင်မှာပါ။

လက်စွဲအိတ်ထဲ သိမ်းထားပါ

ဖုန်းကို အသုံးမပြုတဲ့ အချိန်မျိုးမှာတောင် ဖုန်းကို ကိုယ်နဲ့နီးကပ်တဲ့ နေရာမှာ မထားပါနဲ့။ ဖုန်းနဲ့ နီးကပ်စွာ ရှိခြင်းဟာ သင့်ရဲ့ ဦးနှောက်ကို ထိခိုက်စေပါတယ်။ ဖုန်းကို မိမိဂျင်းဘောင်းဘီအိတ်ထဲ ဘယ်တော့မှ မထားပါနဲ့။ ဓာတ်ရောင်ခြည်က သင့်အရေပြားကို တိုက်ရိုက် ထိခိုက်စေပါတယ်။

ဖုန်းဖြင့် အချိန်ကြာမြင့်စွာ စကားမပြောပါနဲ့

ဖုန်းနဲ့ စကားရှည်ရှည် ဝေးဝေးပြောဆိုခြင်းကို ရှောင်ပါ။ ဖြစ်နိုင်ရင် SMS သာပို့ပါ။ ဘာလို့လဲဆိုတော့ အဲဒီနည်းက ဖုန်းကို မိမိဦးနှောက်နဲ့ ခပ်ဝေးဝေးဖြစ်စေတဲ့ နည်းလမ်း တစ်ခုမို့လို့ပါပဲ။

ဖုန်းကာဗာ ဝယ်သုံးပါ

ဖုန်းကာဗာအိတ်လေးတွေက ဖုန်းရောင်ခြည်ဖြာထွက်မှုကို မယုံနိုင်စရာ သုံးပုံနှစ်ပုံလောက် လျော့ချပေးပါတယ်။

မိုဘိုင်းလ်ဖုန်း နှိုးစက်အစား နိုးစက်နာရီကို သုံးပါ

ကိုယ်က သုံးသုံးမသုံးသုံး မိုဘိုင်းလ်ဖုန်းတွေက သံလိုက်လှိုင်းတွေ ထုတ်လွှတ်နေပါတယ်။ ဒီ့အတွက်ကြောင့် ခေါင်းအုံးအောက်တွေမှာ မထားသင့်ပါဘူး။ ဒီတော့ ဓာတ်ရောင်ခြည်သင့်မှု မရှိတဲ့ နိုးစက်တစ်လုံး ဝယ်ပေးဖို့ အချိန်တန်နေပါပြီ။

နားကြပ်သုံးပါ

နားကြပ်သုံးမယ်ဆိုရင် ဖုန်းကို နားနဲ့ကပ်ပြီး နားထောင်တာတွေ မရှိတော့ဘူးပေါ့။ ဒီနည်းဖြင့် ဓာတ်ရောင်ခြည်သင့်မှုကို ကာကွယ်ရာရောက်ပါတယ်။
Trend Myanmar

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>