Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မူးယစ်ရာဇာ ထောင်ဖောက် လွတ်မြောက်မှုနှင့် ဆက်နွှယ်ပြီး အကျဉ်းထောင် အရာရှိ ၇ ဦးကို မက္ကဆီကို ဖမ်းဆီး

$
0
0
ထောင်ဖောက် ထွက်ပြေး လွတ်မြောက်သွားသည့် မူးယစ်ရာဇာ၏ အမှုနှင့် ပတ်သက်ပြီး အကျဉ်းထောင် အရာရှိ ၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း မက္ကဆီကို အာဏာပိုင်များက ကြေညာခဲ့သည်။

အယ်လ်ချာပိုဟု လူသိများသည့် မူးယစ်ရာဇာ ဂျိုအာကွင် ဂက်ဇ်မန်းသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ၎င်း၏ အကျဉ်းခန်း အောက်ဘက်သို့ သွယ်တန်း ဖောက်လုပ်ထားသည့် ၁ မိုင်မျှ အရှည်ရှိသော ဥမင်မှတစ်ဆင့် ထွက်ပြေး လွတ်မြောက်သွားသည်။ အဆိုပါ ဥမင်သည် အယ်လ်ချာပို၏ အကျဉ်းခန်းနှင့် ဆက်စပ်နေသည့် အိမ်သာထိ ဖောက်လုပ်ထားခြင်း ဖြစ်သည်။
အယ်လ်ချာပို လွတ်မြောက်သွားမှုတွင် အကျင့်ပျက် အကျဉ်းထောင်ဝန်ထမ်း အချို့၏ အထောက်အပံ့ပေးမှု ပါရှိနေနိုင်ကြောင်း မက္ကဆီကို အစိုးရက စွပ်စွဲခဲ့သည်။ အကျဉ်းထောင်မှ ဝန်ထမ်း ၃၀ ကျော်ကို အစိုးရ ရှေ့နေများက စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၇ ဦးကို ဖမ်းဆီးထားလိုက်ခြင်း ဖြစ်သည်။ ထိန်းသိမ်းထားသည့် ဝန်ထမ်း ၇ ဦး၏ အမည်များကိုမူ မက္ကဆီကို တရားရေး ဝန်ကြီးဌာနက မထုတ်ပြန်ခဲ့ချေ။
မက္ကဆီကို အစိုးရက အယ်လ်ချာပို လွတ်မြောက်မသွားမီ နှစ်ပတ်ခန့် အလိုက အမေရိကန် အစိုးရသည် အဆိုပါ မူးယစ်ရာဇာကို ၎င်းတို့လက် လွှဲပေးရန် တောင်းဆိုခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။ အတိုက်အခံ အမတ် ဟွမ်ကားလို့စ် ရိုမီရိုက အကယ်၍ အယ်လ်ချာပိုကို ပြန်ဖမ်းမိလျှင် အမေရိကန်သို့ လွှဲပေးရေးကို စဉ်းစားသင့်ကြောင်း ပြောကြားခဲ့ပြီး အစိုးရသည် အယ်လ်ချာပိုကဲ့သို့ ဩဇာကြီးမားသည့် တရားခံ တစ်ဦးကို ထိန်းသိမ်းထားနိုင်သည့် အစွမ်းမရှိကြောင်း ဝေဖန်ခဲ့သည်။
အယ်လ်ချာပို လွတ်မြောက်သွားပြီးနောက် မက္ကဆီကို နိုင်ငံတစ်ဝန်းတွင် လုံခြုံရေး အဆင့်ကို မြှင့်တင်ထားပြီး ၎င်းကို နေရာအနှံ့ ဖြန့်ကျက် ရှာဖွေလျက် ရှိသည်။ မက္ကဆီကို အစိုးရသည် ဘီလီယံနာ တစ်ဦးဖြစ်သည့် အဆိုပါ မူးယစ်ရာဇာကို ပြန်လည် ဖမ်းဆီးရမိအောင် ကူညီနိုင်ပါက ဒေါ်လာ ၃.၄ သန်း ဆုငွေပေးမည်ဟုလည်း ကြေညာချက် ထုတ်ပြန်ထားသည်။ 
_Ref: Reuters

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>