Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သင်္ကြန်မိုး ဖန်တီးရှင် ဒါရိုက်တာ မောင်တင်ဦး ကွယ်လွန်

$
0
0
 အကယ်ဒမီ ဒါရိုက်တာ မောင်တင်ဦးရဲ့ ရုပ်အလောင်းကို သြဂုတ်လ ၂၄ ရက်နေ့က မန္တလေးမြို့၊ ကျွဲဆည်ကန် (၁၁) လမ်း၊ လမ်းသွယ် (၂) မှာရှိတဲ့ အိမ်အမှတ် (ဝ၆၆)တွင် တွေ့ရစဉ်။ Photo: Nay Thwae/RFA
သင်္ကြန်မိုးအပါအဝင် ဂန္တဝင်မြောက်ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးရိုက်ကူးခဲ့တဲ့ အကယ်ဒမီဆု ငါးဆုရှင် ဒါရိုက်တာ မောင်တင်ဦး အသက် (၇၅) နှစ်ဟာ ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ် ပါတယ်။  အသည်းခြောက်ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး လာမယ့် သြဂုတ်လ ၂၇ ရက်နေ့မှာ မန္တလေးက တောင် အင်းမြောက်အင်းသုဿန်မှာ သင်္ဂြီုလ်မှာဖြစ်တယ်လို့ ဒါရိုက်တာမောင်တင်ဦးရဲ့ ဇနီး ဒေါ်တင်တင်အေးက ပြောပါတယ်။

"မနက် ၉ နာရီကပါ၊ အသည်းခြောက်တဲ့ရောဂါနဲ့ပါ၊ ၂၇ ရက်နေ့ ညနေ ၃ နာရီ တောင်အင်းမြောက်အင်းသုဿန်မှာ သင်္ဂြီုလ်မှာပါ"

သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက ပန်းမြိုင်လယ်ကဥယျာဉ်မှူး၊ နှလုံးသားမြို့တော်၊ ဒဏ္ဍာရီ၊ တို့နှစ်ယောက်နဲ့ မိငြိမ်းချမ်း အစရှိတဲ့ ရုပ်ရှင်ကားတွေဟာ လူကြိုက်များပြီး သင်္ကြန်မိုးကတော့ ဆယ်စုနှစ်ပေါင်းများစွာတိုင် ကျော် ကြားနေဆဲဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>