Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရေဘေးကြောင့် သေဆုံးသူ ၁၂၁ ဦးအထိ တိုးလာ

$
0
0
 ရေဘေးဒုက္ခသည်တချို့ကို သြဂုတ်လ ၆ ရက်နေ့က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြိုနယ် ကျောင်းတော်ရာရွာ ကျောင်းတော်ရာ ဘုရားက ရေဘေးဒုက္ခသည်စခန်းမှာ မြင်ရစဉ်။ Photo: Nay Thwae/RFA
 ပြီးခဲ့တဲ့လပိုင်းအတွင်း မြန်မာနိုင်ငံဒေသအတော်များများမှာ မိုးကြီးခဲ့တဲ့အတွက် ရေဘေးကြောင့် သေဆုံးသူ ၁၂၁ ဦး အထိရှိပြီဖြစ်ကာ အများဆုံးက ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောပါတယ်။ ရေဘေးကြောင့် သေဆုံးနဲ့ ရေဘေးသင့်သူ ပြည်သူအရေအတွက်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ဝင်းဥမ္မာက အခုလိုပြောပါတယ်။

"ရေဘေးသင့် လူဦးရေ စုစုပေါင်း ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃ လပေါင်း ၁၆၂၉  ၄ဝ၅ ပါ၊ သေဆုံးတာ ၃ လပေါင်းဆိုရင် ၁၂၁ ဦးပါ၊ ကျမတို့က ဖြန့်ဖြူးဖို့လည်း အကုန်လုံးခွဲပြီးသားပါ ဥပမာ ချင်းပြည်နယ်မှာ ကလေးအထိပို့လို့ရတယ်၊ မတူပီဆိုလည်း မင်းတပ်အထိ ပို့လို့ရတယ်၊ ကျမတို့ ပို့ဆောင်ရေးဌာနနဲ့ ညှိနှိုင်းပြီးပို့ပေးတယ်၊ ဒါပေမဲ့ ဟိုဘက်ကနေ ဆက်ဖြန့်တာတို့ ဆက်ပို့တာတို့ကျတော့ သူတို့သက်ဆိုင်ရာဒေသအစိုးရအဖွဲ့က သူတို့အစီအစဉ်နဲ့ ဆက်ပို့ကြတာပေါ့နော်"

မိုးကြီးခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ဧရာဝတီိတိုင်း၊ မကွေးတိုင်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ရေကြီးရေလျှံခဲ့ကာ လယ်ဧက ၇သိန်းကျော် ပျက်စီးခဲ့ရပါတယ်။ ချင်းပြည်နယ်မှာလည်း လက်ရှိအချိန်ထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့အတွက်ကြောင့် မင်းတပ်၊ မတူပီ စတဲ့ဒေသတွေက ပြည်သူတွေဆီ စားနပ်ရိက္ခာတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ပို့ပေးနေတယ်လို့ ပြောပါတယ်။ လက်ရှိ အချိန်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ ရေကြီးရေလျှံနေဆဲဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>