Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အသံထက်မြန်သော S-512 ဂျက်လေယာဉ်က နယူးယောက် - လန်ဒန် ခရီးစဉ်ကို သုံးနာရီခန့်သာ ပျံသန်းမည်

$
0
0


ဘော့စတွန် ၊ ၁၃-၇-၂၀၁၅

အမေရိကန် ပြည်ထောင်စု၊ ဘော့စတွန် အခြေစိုက် Spike Aerospace ကုမ္ပဏီသည် ၂ဝ၁၃ ခုနှစ်က မိတ်ဆက်ပြသ ခဲ့သော အသံထက် မြန်သည့် ဂျက်လေယာဉ် S- 512 ကို ယခုအခါ ပိုမိုတိုးတက် ကောင်းမွန်အောင် ပြုလုပ်ထားပြီး ဖြစ်၍ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ၁၈ ဦးစီး လေယာဉ် များဖြင့် လေယာဉ် ခရီးစဉ်များကို ပြေးဆွဲသွားမည် ဖြစ်ပြီး နယူးယောက် မှလန်ဒန်သို့ ဆိုက်ရောက်ရန် အချိန် ၃ နာရီခန့်သာ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

''အခု ကျွန်တော်တို့ ပျံသန်း ပေးသွားမှာ ဇိမ်ခံလေယာဉ် ခရီးစဉ်ပါ။ အသံထက် မြန်တဲ့ S-512 ကိုဒီဇိုင်း အရရော ပိုပြီးတိုးတက် ကောင်းမွန်အောင် ပြုလုပ်ထားတာ ဖြစ်တဲ့ အတွက် အရင်က ထက်တောင် ပိုမြန်လာအုံး မှာပါ။ အရှိန်ပိုမြန် လာတယ် ဆိုပေမယ့် ဘေးအန္တရာယ် ကိုလဲ ပိုကင်းရှင်း အောင် ပြုလုပ် ထားပါတယ် ''ဟု Spike Aerospace ကုမ္ပဏီမှ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပြသည်။

S-512 သည် ပျံသန်းမှု အရှိန် အမြင့်ဆုံး အချိန်တွင် တစ်နာရီလျှင် မိုင်နှုန်း ၁၃၇ဝ ပျံသန်းနိုင်မည် ဖြစ်ရာ အသံထက် ၁ ဒသမ ၈ ဆ ပို၍မြန် နေကြောင်း ၊ လက်ရှိ အမြန်ဆုံး ဘိုးရင်း ၇၄၇ သည် အမြင့်ဆုံး အရှိန် တစ်နာရီလျှင် မိုင်နှုန်း ၇ဝဝ သာ ပျံသန်း နိုင်ကြောင်း၊ ထို့အတွက် S-512 သည် အကောင်းဆုံး အရပ်ဘက် လေယာဉ်များထက် တစ်နာရီလျှင် ၄၅ဝ မိုင်ခန့် ပို၍မြန်အောင် ပျံသန်းနိုင်ရာ ဂျက်တိုက် လေယာဉ် F-18 Hornet ကိုလည်း မီအောင် ပျံသန်း နိုင်မည် ဖြစ်ကြောင်း သိရသည်။

''ဒီလောက်မြန်တဲ့ လေယာဉ် ကိုစီးမှတော့ နယူးယောက် ကနေ လန်ဒန်ကို သုံးနာရီအတွင်း ရောက်မယ်ဆိုတာ မဆန်းပါဘူး။ ပြင်သစ် ကနေ ဒူဘိုင်းကို ဈေးဝယ်ထွက်ပြီး ပြင်သစ်ကို ညစာစားချိန် အမီ ပြန်လာလို့ ရပြီပေါ့။ အခုလို စူပါအမြန် လေယာဉ် ပျံသန်း နိုင်တာဟာ ဒီဇိုင်းအသစ် ရေးဆွဲ တပ်ဆင်ထားတဲ့ Delta အတောင်ပံတွေကို ကျေးဇူးတင် ရမှာ ဖြစ်ပါတယ် ''ဟု Spike မှ အကြီးတန်း အင်ဂျင်နီယာ အနူတို့ရှ် မွိုင်တာရာ က ပြောပြသည်။

S-512 ပါ Delta တောင်ပံများသည် လေထု ပွတ်တိုက်အားကို ကောင်းစွာ ခံနိုင်ပြီး အရှိန်သတ် ပျံသန်းချိန်နှင့် အရှိန်မြှင့် ပျံသန်းချိန် နှစ်ချိန်လုံးတွင် လေယာဉ်ကို ကောင်းစွာ ထိန်းကျောင်း နိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် ဒီဇိုင်းအသစ် ရေးဆွဲ တပ်ဆင်ထားသော အမြီးပိုင်း ကလည်း လေထု ဒရွတ်တိုက် ဆွဲအားကို လျှော့ချ ပေးနိုင်သည့် အတွက် လေထု တွန်းကန်အားကို ဖောက်ထွက်နိုင်ပြီး အရှိန် ကုန်ဆုံးမှုနှင့် ဆီစားမှု တို့ကို သက်သာ စေနိုင်ကြောင်း သိရသည်။

#PyiChitThar


Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...