Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သူတို့် ဘော ကျ ဆယ်ခါမလည်းမ မ တစ်ခါ ရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏

$
0
0

ယနေ့အကြိုက်ဆုံး သရော်စာ
**************************
ဆိုလိုချင်တာက...ပုဂံမင်း..မကောင်းလို့..
ကောင်းတဲ့ မင်းတုန်းမင်းကြီး တက်လာလည်း ကိုယ်မကျေနပ်တာ၊ မကြိုက်တာ ရှိရင် ပြောရမှာပဲ။
ဟိုလက်သမား..ပျဉ်ချပ်ပေါ် ရေးသလို ရေးလို့
ရတဲ့ နေရာက ရေးနေရမှာပဲ..။
==================================
ပုဂံမင်း ဟာ ချိုးတိုက်၊ ကြက်တိုက် က လွဲပြီး ဘာမှ စိတ်မဝင်စားတဲ့ဘုရင်။
သူ့လက်ထက်မှာ မြို့ဝန်ဘိုင်ဆပ်တို့ အုပ်စုက ပြည်သူကို ညှင်းပန်းခဲ့ကြတာပေါ့။

သူ့ကို ဖြုတ်ချပြီး ပြည်သူ့အချစ်တော် မင်းတုန်းမင်း ဘုရင်ဖြစ်လာတယ်။
မင်းတုန်းမင်း ဘုရင်ဖြစ်တော့ မန္တလေးမှာ နန်းသစ်တည်တယ်။
နန်းတော်ကြီးကို လက်သမားတွေ နဲ့ ဆောက်လုပ်နေကြတုန်း မင်းတုန်းဘုရင် နဲ့ တပင်တိုင်စုဖုရား မိဖုရားခေါင်ကြီး တို့ က ထုံးစံအတိုင်း ကြည့်ရှုစစ်ဆေး လိုအပ်တာများ မှာကြားပေါ့။

အဲ့ဒီအချိန် နန်းတော်ကြမ်းခင်းက ပျဉ်ပြားကြီးပေါ်မှာ လုပ်အားခတွေ မရလို့ ဘုရင် ကို ဆဲ တဲ့ စာကို လက်သမားတစ်ယောက်က ရေးထားတာ သွားတွေ့တယ်။
စာက နည်းနည်းရိုင်းပေမယ့် မူရင်းအတိုင်းပဲ ရေးလိုက်ပါ့မယ်။
"ပေးရင် ပေးရော့..မပေး ပြေးရော..လီး''တဲ့။
ဆိုလိုတာက ပေးရင် ပေး၊ မပေးရင် ဆက်မလုပ်ပဲ ထွက်ပြေးတော့မယ်..ဆိုပြီး နောက်က ဒဲ့ ဆဲ ထားတာ။

ဒါကို ရှင်ဘုရင်မြင်တော့ သူ့ကို ဆဲရမလားဆိုပြီး ဝူးဝါး ဖြစ်ရော။
ဘေးကပါလာတဲ့ နန်းကံကျွေးဝန် လို့ခေါ်တဲ့ အလုပ်သမားရေးရာအရာရှိတို့၊ တခြားတည်ဆောက်ရေးအရာထမ်းတွေကလည်း ဟာ ဒီကောင်ဘာကောင်လဲ..ဘယ်သူလဲ..ဘုရင်ကို ဘာညာ ဆိုပြီး ဝိုင်းပင့်ပေးတာပေါ့။

အဲ့ဒီအချိန်မှာ မိဖုရားခေါင်ကြီးက ရှင်ဘုရင် ကို ချွေးသိပ်ရတယ်။
သူတကယ်အခက်အခဲရှိလို့ မတတ်သာလို့ သေဘေးကို မကြောက် ရေးရတာ ဖြစ်မှာပါပေါ့။

ကဲ..ငယ်ကျွန်တစ်ယောက် မြေဖြူ ယူပြီး အဲ့ဒီစာဘေးမှာ ဒီ့နှယ့်ရေးစမ်းဟဲ့ ဆိုပြီး မိဖုရားခေါင်ကြီး က ရွတ်ပြတယ်။
"မနက်ဖြန်ရမည်..လီး''တဲ့။

ဒီလို ပြန်ဆဲလိုက်ရမှ ဘုရင်လည်း စိတ်ကျေနပ်သွားပြီး အမှုထမ်းတွေကို ခေါ်စစ်တော့ အဆင့်ဆင့်ဘုန်းကြပြီး လက်သမားတွေ ခမျာ တကယ် လုပ်အားခ မရကြရှာဘူးတဲ့။
အဲ့ဒါနဲ့ တာဝန်ရှိသူတွေကို အရေးယူပြီး လက်သမားတွေကို နောက်တစ်နေ့မှာ လုပ်အားခတွေ အကုန်ရှင်းပေးလိုက်သတဲ့။

ဆိုလိုချင်တာက...ပုဂံမင်း..မကောင်းလို့..ကောင်းတဲ့ မင်းတုန်းမင်းကြီး တက်လာလည်း ကိုယ်မကျေနပ်တာ၊ မကြိုက်တာ ရှိရင် ပြောရမှာပဲ။

ဟိုလက်သမား..ပျဉ်ချပ်ပေါ် ရေးသလို ရေးလို့ ရတဲ့ နေရာက ရေးနေရမှာပဲ..။

မင်းတုန်းမင်းကြီးပဲဟယ်..သူ့ ခမြာ သူပုန်သူကန်ဘဝ ဆင်းဆင်းရဲရဲကနေ ဘုရင်ခုမှ ဖြစ်တာ..မရတဲ့ လက်သမားခလေး တောင်းမနေတော့ပါဘူးဆို.သွားပြီပဲ။

လက်သမားကလည်း သြော်..ဌာနတွင်း ခြစားမှုတွေ ရှိနေလို့လား၊ အဆင့်ဆင့်ခေါင်းပုံဖြတ်နေတာလား ဘာတွေ ညာတွေ တွေးနေမှာ မဟုတ်ဘူး...သူ့ လုပ်ခမရရင် သူ့ကိုခိုင်းတဲ့ အစိုးရမင်း ရှင်ဘုရင် ကို တန်းဆဲမှာပဲ။
ဒီလက်သမား ရေးလို့လည်း ဘုရင်က သူ့အောက်က ငတိတွေ မကောင်းတာ သိသွားရတာ။

ဒါတောင် ပညာဥာဏ်ပြည့်စုံတဲ့ မိဖုရားခေါင်ကြီး ပါနေလို့။
အောက်က ကောင်တွေ ဝိုင်းတွန်းသလိုသာလုပ်ရင် ရေးတဲ့လက်သမားလည်း ဇက်ပြုတ်၊ ဘုရင်လည်း လူမုန်းခံရမှာပဲ။

ဒါကြောင့် ..ကျွန်တော်ကတော့..သာမန်ပြည်သူတစ်ယောက်အနေနဲ့..
ကိုယ်မရှင်းလင်းတာ..ကို.ကိုယ်မကြိုက်တာရှိရင်..မကြိုက်တဲ့ အကြောင်း..ပျဉ်ချပ်ကြီးပေါ်ကနေ သပိတ်လောက်ကြီးတွေ ရေးနေမှာပဲ..။

သူတို့် ဘော ကျ
ဆယ်ခါမလည်းမ မ တစ်ခါ ရှိခဲ့ပါမူ
ကြီးစွာရန်သူ စွဲမှတ်ယူ၏ တော့.မလုပ်ကြနဲ့ပေါ့ဗျာ...ငိ။

ပုံ
လက်သမားဟောင်းကြီး ဦးဗြိ

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>