Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တောင်ကြီးတွင် ချယ်ရီပန်းပင် အကိုင်းများ အကြောင်းအမျိုးမျိုးဖြင့် ခုတ်ထွင်ခံနေရ

$
0
0


တောင်ကြီး ၊ ဇန်န၀ါရီ-၈

တောင်ကြီးမြို့ ရှိ ချယ်ရီပန်းပွင့်တဲ့ ကာလဖြစ်တဲ့ ဇန်န၀ါရီ ၊ ဖေဖော်ဝါရီလ တွေမှာ ချယ်ရီပင် အကိုင်းများ အကြောင်းအမျိုးမျိုးနဲ့ ခုတ်ထွင်ခံနေရတယ်လို့ တောင်ကြီးဒေသခံ အချို့ကပြောပါတယ်။

တောင်ကြီးမြို့ ရွှေဘုန်းပွင့်တောင်အတက်လမ်း၊ ရွှေမုဒ်တော တောင်အတက်လမ်းရှိ ချယ်ရီပန်းပင်တွေကို ဘုရားပန်းတင်ရန်၊ ပြန်လည်ရောင်းချရန်နဲ့ အလှဓာတ်ပုံရိုက်ကူးဖို့စတဲ့အကြောင်းအမျိုးမျိုးနဲ့ ခုတ်ထွင်ခံနေရတာဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစိတ်ဝင်စားသူ တောင်ကြီးဒေသခံ ဦးစိုင်းခမ်းလူ ကပြောပါတယ်။

"ချယ်ရီက ထွက်မယ်မကျန်သေးဘူး၊ အဖူး ၊အငုံပဲရှိသေးတယ် အကြောင်းအမျိုးမျိုးနဲ့ ခုတ်ထွင်ခံနေရတယ် ၊ ဒါမျိုးမဖြစ်သင့်ပါဘူး၊ ချယ်ရီပန်းဆိုတာ သစ်ပင်ပေါ်မှာသာ လှတဲ့ပန်းပါဗျ "လို့ ဦးစိုင်းခမ်းလူ ကပြောပါတယ်။

တောင်ကြီးအခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရှင်သန်ကမ္ဘာမြေ အစိမ်းရောင် ကွန်ယက်အဖွဲ့ ဥက္ကဌ ဒေါ်ချယ်ရီကျော်ကလည်း ဖေ့ဘွတ်လူမှု ကွန်ယက်စာမျက်နှာမှာ "တောင်းပန်ပါရစေ..မရက်စက်ပါနဲ့🌸🌸🌸
ခင်မင် လေးစားရပါသော တောင်ကြီးမြို့ကိုချစ်သော
တောင်ကြီးမြို့အလှကို ဖော်ထုတ်ချင်ကြသော သူများရှင့်.....ချယ်ရီပန်း၊အပင်များကိုထိန်းသိမ်းစောင့်ရှောက် ပေးကြဖို့ ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ယက်နှင့် သဘာဝထိန်းအဖွဲ့များမှ အနူးအညွတ်တောင်းပန်အပ်ပါတယ် "လို့ ဇန်န၀ါရီ ၈ ရက် ညပိုင်းက ရေးသားထားပါတယ်။

ချယ်ရီပန်းပင်တွေ ခုတ်ထွင်ခံနေရတာနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေမှ ခုတ်ထွင်ခြင်းမရှိစေဖို့ တားမြစ်ပေးရန် လိုလားနေတယ်လို့လည်း တောင်ကြီးဒေသခံအချို့ကပြောပါတယ်။

သတင်း- နန်းဧကရီ ၊ ဓာတ်ပုံခရက်ဒစ်- စိုင်းတစ် - ဖေ့ဘွတ်

ရွှေတြိဂံဒေသသတင်းလွှာ

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>