Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဧရာဝတီဝန်ကြီးချုပ်မန်းဂျော်နီသတင်းစာရှင်းလင်းပွဲ

$
0
0

ဖထီး ရှင်းသွားတာ သိပ်အားရစရာကောင်းတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ရိုးသားမှုတွေကို မြင်ရသလို အသက်အရွယ်အရ ထမ်းဆောင်ရတဲ့ တာဝန်တွေ မကျေပွန်မှာကြောက်လို့ သာ ရာထူးအတွက် နှုတ်ထွက်စာ တင်ရပေမဲ့  ဆင့်ကဲ့ ဖြစ်စဉ်အရ အရင်အစိုးရ လုပ်ဆောင်မှုတွေကို ကြံကြံခံဖြေရှင်းပြီး နောက်တက်လာမဲ့  ၀န်ကြီးအတွက် ဒီလို ဒီလိုတွေ လုပ်ဆောင်ခဲ့ ပါတယ်။ အနှုတ်သဘော လုံးဝမဆောင်စေပဲ ကောင်းကောင်း လျှောက်လှမ်းနိုင်အောင် အရင်ကထက်စာရင် အဆင်ပြေပြေ စီမံနိုင်အောင် လုပ်ဆောင်ထားခဲ့ တယ် ။ လျှပ်စစ်ကဏ္ဍ အရ ဖွံဖြိုးတိုးတက်မှု နှေးကွေးနေရပေမဲ့ ဖြစ်လာခဲ့ ရင် အတော်တိုးတက်လာမယ်။

အင်း လေလံကဏ္ဍ လယ်ယာ မြေသိမ်းကဏ္ဍတွေ အပြင် အဂတိလိုက်စားမှုတွေ ကို ပြည်သူ ပါဝင်တဲ့ ပူပေါင်းဆောင်ရွက်မှုတွေ အထိ ဒီဆန်ထရယ်လိုက်ဇေးရှင်း အဖြစ် သွားနေပုံတွေ နဲ့ နောက်ဆုံး irrawaddy မှာ မိသားစုဆွေမျိုးတွေ လုပ်ငန်းမထိန်းသိမ်းနိုင်လို့  ဆိုတဲ့ မရေမရာ စွတ်စွဲတဲ့  သတင်းကို ဒဲ့ ဖြေရှင်းသွားတယ်။
"အခုပြောပါတဲ့ ငါ့ မိသားစုတွေထဲ က ဘယ်သူ လဲ ။ ဘယ်သူ ဒါမျိုးလုပ်သလဲ ။ အခု ဖမ်းပြီး ထောင်ချပြစ်မယ် ဆိုတာမျိုးတွေ"
အထိ ဖိတ်ခေါ်သွားတယ်။ ပါတီမှာ CEC အဖြစ် ဆက်ရှိနေမှာ ဖြစ်သလို လွှတ်တော်မှာလဲ ကန်ဒီဒိတ်အဖြစ် ဆက်ရှိနေမယ်။ ကိုယ်မြို့ ကိုယ်ရပ်ရွာ အကျိုးကိုလဲ ဆက်လက်လုပ်ဆောင်နေမှာ ဖြစ်သလို စိတ်သွားတိုင်းကိုယ်မပါ နိုင်တော့ လိုသာ မိမိတာဝန်တွေ မကျေပွန်မှာစိုးလို့  နှုတ်ထွက်စာတင်ရခြင်း ဖြစ်တယ်။

နောက်တခုက ပြည်သူလူထုရဲ့  လိုအပ်ချက်တွေ လိုချင်မှုတွေက များလွန်းနေပြီး လုပ်ဆောင်စီမံရတာတွေက အခက်အခဲတွေ အများကြီးနဲ့  လုပ်ဆောင်ရတဲ့ အခါ ပျောုပြောင်းလွန်ုတယ်။ လပျော့ ကြီးလို့ တောင်အပြောခံရတယ်။ ပြောကျပါစေ ။ တကယ်တော့ ပျော့ ပြောင်းတယ်ဆိုတာကလဲ ၂မျိုးရှိပါတယ် တဲ့ ။ ပြည်သူလူထုထဲ စည်းရုံးရေး ဆင်းတဲ့ အခါ ခြေသုတ်ပုဆိုးလို့  မဲတောင်းခံပြီး ၀န်ကြီး ဖြစ်တဲအခါ့ ငါဝန်ကြီးကွဆိုပြီး နရသိန်ခောတ်ကာလကလို့  သွားလို့ မရဖူး ။ပြည်သူလူထုကနေ ပူးပေါင်ပါဝင်ပြီး တိုင်ကြဖို့ လဲ ခဏ ခဏ ပြောခဲ့ သလို တိုင်စာပေါင်း၃၀၀ ကျော်မှာ ၁၂၀ကျော်က အဆင်သင့် ဖြစ်နေပြီ ၁၈၀ ကျော်က ဆက်လက်ဆောင်ရွက်နေတယ် ။ ဆန်ထရယ်လိုက်ဇေးရှင်ုကနေ ဒီဆန်ထရယ်လိုက်ဇေးရှင်းကို သွားတဲ့ အခါမှာ ငါတို့ က မဲပေးတဲ့ ပြည်သူ လူထုကို ပျော့ ပျော့ပြောင်းပြောင်းနဲ့ အားလုံးပါဝင်လာအောင် လုပ်ဆောင်တဲ့ နေရာမှာ နဲနဲတော့ ကြန်ကြာပြီး အခက်အခဲ မျိုးစုံရှိနေတော့  စီမံဆောင်ရွက်မှုမှာလဲ ပြည်သူလူထုက ပျော့ ပြောင်းတယ်လို့ ထင်မြင်ကျတာ ပါ ဆိုတာမျိုး ရှင်းလင်းသွားခဲ့ တယ်။

အသက်အရွယ်ကတော့  ၇၇ နှစ်ထဲ ရောက်နေပေမဲ့ အတော်လေးတော့ စိတ်ဆောင်ပြီး မာမာကျောကျော ပုံသဏ္ဍန်ရှိပေမဲ့ ပြည်သူ လူထုအပေါ်တော့  တိုင်းဒေသကြီး ၀န်ကြီး တယောက်အနေနဲ့  တာဝန်ထမ်းဆောင်ရတဲ့ အခါ စိတ်သဘောထားပြည့် ပြီး ပျော့ ပျော့ ပြောင်းပြောင်းနဲ့ ဗွင်းဗွင်း ကြီး ဆက်ဆံတတ်တဲ့ ဝန်ကြီး တစ်ယောက်အဖြစ်နဲ့ ၂၁ လတာ ကာလအတွင်း ရောဝတီ တိုင်းဒေသကြီး ရဲ အရေး အရာတွေကို ဘောင်ထဲကနေ လုပ်ဆောင် စီမံ တာဝန်ကျေခဲ့ အပြီးမှာ ဖထီး မန်ဂျော်နီတစ်ယောက် ရာထုးကနေ နှုတ်ထွက်စာ တင်ခဲ့ ပြီး မိမိထက် ပို၍ ရောဝတီ တိုင်းဒေသကြီး အကျိုးစီးပွားကို ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင် နိုင်ဖို့ အတွက် နေရာဖယ်ပေးခဲ့ ပါပြီ။ ဖထီး ကျန်းမာ စိတ်ချမ်းသာစွာ တိုင်းပြည် အကျိုးကို ကျရာနေရာက စွမ်းနိုင်သလောက် ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပြုပါတယ် ။
Min Latt Naung

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>