Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အသက်မပြည့်သေးတဲ့ မြန်မာ မိန်းခလေးတဦး ကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တဲ့ ဘန်ကောက်မြို့ က ဗစ်တိုးရီးယား အနှိပ်ခန်းအား (DSI)၀င်ရောက်ဖမ်းဆီး

$
0
0
ဘန်ကောက်မြို့ က ဗစ်တိုးရီးယား အနှိပ်ခန်းအား အထူးစုံးစမ်းစစ်ဆေးရေး အဖွဲ့ ဝင်များ (DSI)၀င်ရောက်ဖမ်းဆီး
12January 2018

အသက်မပြည့်သေးတဲ့ မြန်မာ မိန်းခလေးတဦး ကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တဲ့ Victoria secret ရေချိုး အနှိပ်ခန်းကို ဇန်န၀ါရီလ ၁၂ ရက်နေ့ ဒီကနေ့ နေ့ လည်ပိုင်းက ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) နဲ့ အတူ အမျိုးသမီးများ လူကုန်ကူးမှု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဝင်တွေ နဲ့  စစ်တပ် ပါဝင် တဲ့ ပူပေါင်းအဖွဲ့ တွေဟာ ဗစ်တိုးရီးယား အနှိပ်ခန်းကို ဖမ်းဝရမ်းနဲ့ အတူ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


ဘန်ကောက်မြို့  Rama 9 ဖလမ်(၉ ) Soonvijai ဆွိုင်ဝိကြိုင် လမ်းမှာ ဖွင့်လစ်ထားတဲ့ ဗစ်တိုးရီးယား အနှိပ်ခန်းပိုင်ရှင် လွန်စပ်အမွန် ၀ပ်ထနာစီရီ ( ကိုဖါးကြီး ဟု နာမည်တွင်နေသူ )ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအနှိပ်ခန်းမှာ အသက် ၁၂ နှစ်ကတဲ့က ရောင်းစားခံရတဲ့ မြန်မာ မိန်းခလေးတဦးက ထိုင်းအမျိုးသမီးအဖွဲ့ တွေကို တိုင်းတန်းချက်နဲ့ ခုလို အနှိပ်ခန်း ကို ၀င်ရောက်ဖမ်းဆီးခဲ့တာပါ။


ယခုဖမ်းလိုက်တဲ့ ပြည့်တန်ဆာ လုပ် ကိုင်နေသူ အမျိုးသမီး (၁၂၀) မှာအများစုဟာ သက်သေခံ အထောက်အထား မှတ်ပုံတင် မရှိကြဘူးလို့  သိရပါတယ်။
ထိုင်းနိုင်ငံမှာ မကြာခဏ ဆိုသလို ခုလိုအနှိပ်ခန်းတွေကို ၀င်ရောက် ဖမ်းဆီးခဲ့တာတွေရပေမယ့် တရားခံတွေ ဟာ အာမခံနဲ့ အပြင်ကနေ တရားရင်ဆိုင်နေပြီး အလုပ်ဟောင်းကိုပြန်လုပ်ကိုင်နေကြတာတွေ့ ရပါတယ်။


ဒီကနေ့ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဗစ်တိုးရီးယား အနှိပ်ခန်းမှာလည်း ယခင်အမှုဟောင်း ရှိနေသူ (၇)ဦးကို စစ်ဆေးတွေ့ ရှိခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖေါ်ပြနေပါတယ်။

Social Action for Children and Women - SAW

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>