ဆရာတော်ဦးသိရိန် ပျံလွန်တော်မူတော့ ငါ့ကို မဟန အဖွဲ့ထဲ ဝင်ဖို့ မောင်ခင်ညွန့်တို့က
လျှောက်တယ်။
အေး အဲဒီတော့ ငါက ပြန်မေးလိုက်တယ်
"ငါက မဟန(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့)ထဲ ဝင်ပြီ ဆိုပါစို့၊ မင်းတို့က ငါ ခိုင်းတာ လုပ်မှာလား? ၊ငါက မင်းတို့
ခိုင်းတာ လုပ်ရမှာလား? ပြန်မေးလိုက်တယ်"
မောင်ခင်ညွန့် အဖြေ မပေးနိုင်ဘူး။
"အေး အဲဒီတော့ ငါက မင်းတို့ ခိုင်းတာ လုပ်ရမှာဆိုရင်
ငါ မဟန ထဲ မဝင်နိုင်ဘူးလို့ ပြောလိုက်တယ်နော်.."
"အေး အဲဒီလို ပြောလိုက်တယ်၊ နောက်တော့ ငါ့ ဆက်ပြီး
မဟနထဲ ဝင်ဖို့ မလျှောက်တော့ဘူးပေါ့ကွာ.."ဟူ၏။
===
ဆရာတော် ဦးရာဇဓမ္မာဘိဝံသ
မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိမဟာနာယကချုပ်
Dhamma Metta