Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကို ဘယ်လိုစွပ်စွဲပြစ်တင်မလဲ

$
0
0

အခြေခံဥပဒေ ၂၀၀၈ အရ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကို စွပ်စွဲပြစ်တင်တာ impeachment လုပ်နိင်တယ်ဆိုပေမဲ့ လက်တွေ့မှာ မကြာခင်ကမှ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးတယောက်ကို စွပ်စွဲပြစ်တင်ပီး တာဝန်က ရပ်စဲနိင်ခဲ့ပါတယ်။

ပြည်နယ်တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကို ဘယ်အခြေအနေတွေမှာ စွပ်စွဲပြစ်တင်နိင်သလဲ သိဘ်ု့လိုပါတယ်။

1. နိင်ငံတော်ရဲ့ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း (တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုထားတာ မရှိပါ)
2. ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း
3. အကျင့်သိက္ခာပျက်ပြားခြင်း
4. ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးရဲ့အရည်အချင်း ပျက်ယွင်းခြင်း
5. ဥပဒေအရ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာမဆောင်ရွက်ခြင်း(လိုသလို အဓိပ္ပါယ်​ဖွင့်​လို့ရ။ ဥပမာ ၆ လတာ အမျိုးသားစီမံကိန်းအရ ဗဟိုအစိုးရက သတ်​မှတ်​​ပေးထားတဲ့ ပြည်​နယ်​တိုင်း​ဒေသကြီးအစိုးရ​တွေရဲ့ တိုးတက်​မှု% မရရင်​ ဝန်​ကြီးချုပိ​တွေ ဝန်​ကြီး​တွေကို စွပ်​စွဲပစ်​တင်​ပီး ရာထူးကဖြုတ်​ပစ်​မှာလား စဥးစားစရာပါ)

ဆိုလိုတာက အထက်က ၅ ချက်အနက် တချက်ချက်နဲ့ငြိရင် ဝန်ကြီးချုပ်ဖြစ်စေ ဝန်ကြီးကိုဖြစ်စေ စွပ်စွဲပြစ်တင်ခြင်း impeachment လုပ်နိင်တဲ့သဘော။ အဲလို စွပ်စွဲပြစ်တင်လိုတယ်ဆိုရင်

1. တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံတပုံက လက်မှတ်ထိုးပီး စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌထံ တင်ပြရပါမယ်
2. သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပီး စစ်ဆေးမဲ့ကာလကိုပါ သတ်မှတ်ပေးရမယ်။
3. စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးတဲ့အခါ သက်ဆိုင်ရာဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးကို ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်နဲ့ဖြစ်စေ ချေပခွင့်ပေးရမယ်။
4. စွပ်စွဲပြစ်တင်မှုမှန်ကန်တယ်လို့ယူဆပီး အစွပ်စွဲခံရတဲ့ ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးကို တာဝန်ဆက်ထမ်းဆောင်ဘို့မသင့်ကြောင်း အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံက ဆုံးဖြတ်ရင် ဒီဆုံးဖြတ်ချက်ကို လွှတ်တော်ဥက္ကဌက သမတထံ တင်ပြရမယ်။
5. သမတဟာ တင်ပြချက်ရတာနဲ့ အစွပ်စွဲခံရတဲ့ ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးကို ရာထူးက ရပ်စဲရပါမယ်။ (ရခိုင်အစိုးရစည်ပင်ဝန်ကြီးကို သမတကအမိန့်ထုတ်တော့ တာဝန်ကရပ်စဲတယ်လို့ သုံးပါတယ် ရာထူးကရပ်စဲတာနဲ့ အတူတူပါဘဲ)
6. စွပ်စွဲပြစ်တင်မှု မမှန်ကြောင်း သက်ဆိုင်ရာလွှတ်တော်ကဆုံးဖြတ်ရင် ဒီဆုံးဖြတ်ချက်ကို လွှတ်တော်ဥက္ကဌက သမတထံ တင်ပြရပါမယ်။

အထက်ဖော်ပြပါအချက်တွေဟာ အခြေခံဥပဒေပုဒ်မ ၂၆၃ ကခဂဃင ကိုခြုံရေးထားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ကိုကြည့်ရင် ဒေါက်တာအေးမောင်ပါတီက အမတ်နေရာ အများဆုံးရထားတဲ့အတွက် အမတ်ဦးရေရဲ့ လေးပုံတပုံက လက်မှတ်ထိုးစွပ်စွဲရာမှာဖြစ်စေ စွပ်စွဲမှုမှန်ကန်ကြောင်း အမတ်သုံးပုံနှစ်ပုံက ဆုံးဖြတ်ရာမှာဖြစ်စေ အားသာနေမှာ ဖြစ်ပါတယ်။

အန်အယ်ဒီပါတီဟာ ရခိုင်ပြည်နယ်အစိုးရမှာ အားအနည်းဆုံး ဖြစ်ပါတယ်။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>