Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မြန်မာပြည် လမ်းညွှန်(အိုက်ခဲ)

$
0
0

၁။
ကယ်တင်ရှင် မပေါ်
ရင်သား ၊ တင်ပါးသာ ဖွံ့ထွားတဲ့ အမျိုးသမီးများ နဲ့
နှာခေါင်း ၊ လက်မောင်းသာ ဖွံ့ထွားတဲ့ အမျိုးသားများ ရဲ့
ကမ္ဘာ့ အဆင်းရဲအနွမ်းပါးဆုံး
"လင်မျှော်နိုင်ငံတော် "မှ ကြိုဆိုပါတယ်…

၂။
၁၂ လရာသီ ပွဲတော်တွေ ရှိမယ်
လက်ယာလှည့် ပတ်ကြည့်ရင် အလုပ်လက်မဲ့တွေ တွေ့ရမှာ ဖြစ်ပြီး
လက်ဝဲလှည့် ပတ်ကြည့်ရင်
တရုတ်ထုတ် ဆိုင်ကယ်အစုတ်ပေါ်က အပူရုပ်တွေကို
တွေ့ရမှာဖြစ်ပါတယ်…

၃။
ဖြစ်နိုင်ရင် သိုင်းသင်ထားပါ
ဒီနေရာမှာ ဘယ်တော့မှ မိုးပေါ်ထောင်မပစ်လို့
ဘာမဆို ဖြစ်သွားနိုင်တယ်လေ…

၎။
ဗိုလ်ချုပ်ရုပ်ထုက လွဲရင်
ဒီမှာ အလေးပြုစရာ တခြားမရှိပါ…
ကျနော်ပြောတာ သဘောပါပါသလား…

၅။
အရှေ့ကို ဆက်သွားပါ
ပင်နီဝတ်ထားတဲ့ ပါဝါရိန်းဂျားများနှင့် စကားစမြည်းပြောပါ
"မာမီ မာမီ "ဟုသာ မပီကလာ ချစ်စရာအသံများ ကြားရပါလိမ့်မယ်…
သူတို့အတွက် "သွားရည်ခံ "တပ်ဖို့ လိုအပ်မယ် လို့လည်း
မှတ်ချက်ပေးကောင်း ပေးနိုင်ပါတယ်…

၆။
ကုတင် အကောင်းစားများ ၊ အော်တိုလူရွှင်တော်များအားနဲ့
ပြင်ဆင်ထားတဲ့ တစ်ရာဖိုး သုံးကား
နိုင်ငံ့ဂုဏ်တင် မြန်မာ့ရုပ်ရှင်တွေကတော့
သင့်အား အပန်းပြေပျော်ရွှင်စေမှာ ဖြစ်လို့
မမေ့မလျော့ ဝင်ရောက်လေ့လာပါစို့ …

၇။
ထူးဆန်း အံ့ဖွယ်ရာ ဟစ်တလာ၏ ဒုတိယမျက်နှာကိုတော့
ဆေးရုံဆေးခန်းမှ သန့်ရှင်းရေး ဝန်ထမ်းများနှင့် သူနာပြုများထံတွင်
တွေ့မြင်နိုင်ပါတယ်…

၈။
လွင်ပြင်အရပ်မှာ စိတ်ကျေနပ်ရင်
တောင်တန်းတွေထက် တက်ရအောင်
လက်ဖက်ကောင်း စားချင်ရင်တော့ သေနတ်ပြောင်းတွေကိုရှောင်ပါ…

၉။
ဒါက မေခ ဒါက မေလိခ
ဒါကတော့ သယံဇာတငုတ်တိုတွေ နဲ့ ပြန်ပေးဆွဲခံထားရတဲ့
မိခင်အိုကြီးပါလို့ ဧရာဝတီ နဲ့ တစ်တိုင်းပြည်လုံးကို
ခါကာဘိုရာဇီတောင်ထိပ်ကနေ ကျနော် လက်ညှိုးထိုးပြမယ်…

၁၀။
ရယ်ရမောရ ပါရဲ့လား ပျော်ရပါးရပါရဲ့လား
တစ်နေ့တာ ဖြတ်သန်းအပြီး အနားယူတဲ့အခါ
ဘာသာတရားကိုင်ရှိုင်းတယ်ဆိုရင်
အိပ်ရာမဝင်ခင် နီးစပ်ရာ စစ်စခန်းကို ရှိခိုးဦးချပါ
ဒီမှာကတော့
တပ်မတော်ဟာ အမိ တပ်မတော်ဟာ အဖ လေ …

၁၁။
ရှုလို့ မျှော်လို့ မဝနိုင်အောင်ပါပဲ
ဒီတိုင်းပြည်ထဲမှာ
အပိုင်းပိုင်းဖြတ်ခံထားရတဲ့ ကြေးစင်တောင်က အစ
အရင်သမ္မတ သိမ်းယူသွားတဲ့ လယ်ကွင်းတွေထိ လှတယ် …

၁၂။

Version ပြောင်းထားတဲ့ နေပြည်တော် တစ်ဖြစ်လဲ ပျဉ်းမနားကလွဲရင်
ညဘက်မှာ အလင်းရောင်ဆိုတာ ရှားတယ်
အမှောင်ထုတွေများခြင်းကြောင့်လား
နိုင်ငံသားတိုင်း အကြောက်တရားကိုယ်စီနဲ့ …

၁၃။

ခွင့်တူညီမျှ လာဘ်ပေးလာဘ်ယူကြတဲ့
ကြီးနိုင်ငယ်ညှဉ်း ဝါဒနဲ့
ကျနော် ကျမတို့ ရဲ့ နိုင်ငံတော်မှ နှုတ်ခွန်းဆက်သပါတယ်
အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ …။

#အိုက်ခဲ^^ မြန်မာပြည် လမ်းညွှန် ^^

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>