ဖြစ်စဉ်မှာ ငဖဲမြို့မရဲစခန်းမှ ဒုရဲအုပ် လှစိန် နှင့်အဖွဲ့သည် သတင်းအရ ငဖဲမြို့နယ်၊ မြေနီတဲတိုက်အနီး ငဖဲ-ရွှေစက်တော် မြေသားကားလမ်းတွင်စောင့်ဆိုင်းစဉ် ဇီးတောရွာဘက် မှရွှေစက်တော်ဘက်သို့ စိုးဝေ၊၃၁နှစ်၊ဇီးတောကျေးရွာ၊ငဖဲမြို့နယ် နေသူ စီးနင်းလာသည့် ၃၃ယ/------ရင်ဇင်း-၁၂၅ ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ---
ဆိုင်ကယ်ပေါ်တွင် အပြာရောင် ပလပ်စတစ် ပုံး ဖြင့် ထည့်ထားသော တစ်ပုလင်း (၂၅၀) ကျပ်တန်ဘိုးရှိ (၇၂)ပုလင်း l စုပေါင်းတန်ဖိုး (၁၈၀၀၀)ခန့်ကို လည်းကောင်း၊ အလားတူ ဇီးတောရွာဘက် မှ ရွှေစက်တော် ဘက်သို့ ဒေါ်မစန်း၊၃၀နှစ်၊ ပေကုန်းရွာ၊ငဖဲမြို့နယ် နေသူစီးနင်းလာ သည့် SUPER ANBO-125 အနီရောင် ဆိုင်ကယ် အား ရပ်တန့်စစ်ဆေး ခဲ့ရာတွင် အပြာရောင် ပလပ်စတစ်ပုံးဖြင့် ထည့်ထားသည့် တစ်ပုလင်း (၂၅၀) ကျပ် တန်ဘိုးရှိ (၃၀)ပုလင်း l စုပေါင်းတန်ဖိုး (၇၅၀၀)ခန့်ကို လည်းကောင်း အသီးသီး သိမ်းဆည်း ရမိ ခဲ့ခြင်းဖြစ်သည်။
ယင်းသိမ်းဆည်း ရမိခဲ့မှုနှင့်ပက်သက်၍ တရားမဝင်ထန်းရည် သယ်ဆောင်သူ စိုးဝေ နှင့် ဒေါ်မစန်းတို့အား အရေးယူပေးရန် ဒုရဲအုပ် လှစိန်မှ တရားလိုပြုတိုင်ကြားခဲ့၍ ငဖဲမြို့နယ်၊ မြို့မရဲစခန်းက ယစ်မျိုးဥပဒေ ပုဒ်မ ၃၀(က) ဖြင့် အသီးသီး အမှုဖွင့် အရေးယူထားသည်။