Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သီဟသူရ ဗိုလ်ချူပ်ကြီးတင်အောင်မြင့်ဦး( ငြိမ်း ) ပြောဆိုချက်

$
0
0

သီဟသူရ ဗိုလ်ချူပ်ကြီးတင်အောင်မြင့်ဦး( ငြိမ်း ) ကတော့အမှန်တွေကို ထောက်ပြလိုက်ပါပြီ ။
........................................................
အစိုးရသစ် စတက်လာတော့ လက်ထဲမှာ
ဘာငွေမှ မရှိလို့ သန်းတစ်ရာလောက် အကူအညီရဖို့
ခြေတိုအောင် ကမ္ဘာပတ်ခဲ့ရတယ်။

အကူအညီအတွက် ကတိတွေ ရလာပြီးကာမှ
ရခိုင်အရေး ထဖြစ်တော့ အကူအညီတွေ
တော်တော်များများ ပြန်ရုတ်သိမ်းသွားကြတယ် ။

အကျိုးဆက်အနေနဲ့ တိုင်းပြည်က
ပြန်လည်ထူထောင်ဖို့ ကို့အားသာ
ကိုယ်ကိုးနေရတော့တယ် ။
EU က စစ်ဘက်ခေါင်းဆောင်တွေကို
စီးပွားရေးပိတ်ဆို့အရေးယူဖို့
ကြေညာတယ်ဆိုပေမယ့်
သူတို့အတွက်က အေးဆေးပါပဲဗျာ ၊

မြန်မာတနိုင်ငံလုံးမှာ စစ်တပ်ရဲ့
စီးပွားရေးလုပ်ငန်းတွေကို ချုပ်ကိုင်ထားတဲ့
ဦးပိုင်ရဲ့ ပိုင်ဆိုင်မှုအစုစုက
အမေရိကန် ဒေါ်လာ ဘီလီယံ ၈၀ ရှိတယ်လို့
ဥရောပသမဂ္ဂက ကြေညာထားတယ်။
စာရင်းစစ်ချုပ်ရုံးမှာ လ္ဘက်ရည်သွားသောက်နေကြ
ကျုပ်လည်းသိတာပေါ့ဗျာ ။

မြန်မာငွေနဲ့ဆို ကျပ်ဘီလီယံပေါင်း
၁၀၈,၀၀၀ ရှိပာတယ်။?

အစိုးရ ပြည်သူဆီက ရတဲ့အခွန်က ဘဏ္ဏာနှစ်
တစ်နှစ်မှာ ကျပ်ဘီလီယံ ၅၀၀၀ လောက်ပဲရှိတယ်
ပြောရရင်တော့ ဦးပိုင်ရဲ့ အစွန်းထွက်လောက်တောင်
အစိုးရက မချမ်းသာဘူး။

အခြားမကြည့်နဲ့ Mytel လို ဆက်သွယ်ရေး
ကုမ္ပဏီမှာ ဦးပိုင်လက်အောက်က MEC က
ဒေါ်လာ သန်းထောင်ချီ ပက်ကနဲ
ရင်းနှီးမြုပ်နှံနိုင်ပေမယ့် အစိုးရက မလုပ်နိုင်ပာဘူးဗျာ။ ဒီတိုင်းပြည်မှာ အစိုးရက
သူဘက်ဂျက်ထုတ်ပေးနေရတဲ့
စစ်တပ်လောက် မချမ်းသာဘူး ဆိုတာ
Mytel နဲ့တင် သိနိုင်ပာတယ် ။

စစ်တပ်ချမ်းသာနေတော့ရော
တိုင်းပြည်အတွက် သာမက တပ်မတော်သားတွေနဲ့
ပြည်သူလူထုမှာပါ ဘယ်လို အကျိုးတရားတွေ
ပြန်ရဖူးခဲ့လဲ။

မြန်မာနိုင်ငံရဲ့ နိုင်ငံတကာအပေါ် တင်ရှိနေတဲ့
ကြွေးမှီက ဒေါ်လာ ၉ ဘီလီယံကျော် ပဲရှိတယ် ။
နိုင်ငံသားတစ်ဦးချင်း အနေနဲ့ ကြွေး ၂၄၅,၀၀၀ စီရှိနေတယ် ။

ဦးပိုင်ရဲ့ ပိုင်ဆိုင်မှု ဘီလီယံ ၈၀ ကို
တပ်မတော်သား ၅ သိန်းအတွက် ပြန်ခွဲမယ်ဆိုရင်
တပ်မတော်သားတစ်ဦး အတွက် ကျပ်သန်းပေါင်း
၂၁၆ သန်းဝေခွဲပေးလို့ရတယ် ။

ပြည်သူ သန်း ၅၀ အတွက် ခွဲဝေပေးမယ်ဆိုရင်
ပြည်သူတစ်ဦးကို ၂၁၆၀,၀၀၀ စီ ခွဲဝေပေးလို့ရတယ်
အကြွေး တစ်ယောက် ၂၄၅,၀၀၀ စီဆပ်ပြီးရင်တောင်
တစ်ယောက်စီအတွက် ၁,၉၁၅,၀၀၀ စီကျန်သေးတယ်

လောလောဆယ်မှာတော့ ဒီပိုင်ဆိုင်မှုတွေကို
တပ်မတော်သားတွေရော ပြည်သူတွေအတွက်ပါ
ဘာခံစားခွင့်မှ မရပဲ လက်တစ်ဆုပ်စာ လူတစ်စုပဲ
ခံစားစံစားနေပြီး အရိုးအရင်းလောက်
ကိုက်ရသူတွေက အဲ့ဒီ့လက်တစ်ဆုပ်စာ
အဖွဲ့အစည်းကို ပြန်ပြီး ကာကွယ်ပေးနေကြတယ်ဗျ ။

နိုင်ငံတော်က မြေ၊ အဆောက်အဦး၊ ငွေကြေး
လုပ်အား စတဲ့ အရင်းအနှီးနဲ့ မတည်ထားတဲ့
စီးပွားရေး လုပ်ငန်းတွေကို တတိုင်းပြည်လုံးက
ပြည်သူတွေ ခံစားစံစားခွင့် မရပဲ

အမျိုးချစ်ပါတယ်၊ တိုင်းပြည်ကိုချစ်ပါတယ်
ပြည်သူလူထုကို စောင့်ရှောက်ကာကွယ်နေပါတယ်
လို့ တနေ့အခါတစ်ရာလောက် ရွတ်ပြနေသူတွေက
ရယူမှု အနဲဆုံးနဲ့ ပေးဆပ်မှု အများဆုံး
သိမ်းကျုံးပေးဆပ်မဝ ဖြစ်နေကြတာကြောင့် ...

တပ်မတော်အနေနဲ့ နိုင်ငံရေးက ခွာနိုင်မှာ မဟုတ်သလို
တိုင်းပြည်ချမ်းသာဖို့ ပြည်သူတွေ လူတန်းစေ့
နေနိုင်ဖို့ဆိုတာကလည်း ဒီအတိုင်းဆက်သွား
နေသရွေ့တော့ အလှမ်းဝေးနေပါဦးမယ် ...

သီဟသူရ တင်အောင်မြင့်ဦး

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>