Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ခွေးရူးပြန် သတိထားကြပါ

$
0
0

၆ နှစ်အရွယ်ကလေးတစ်ယောက်ကို အမေဖြစ်သူက ဆေးရုံ OPD ကိုခေါ်လာပြီး ဆရာရယ် ကျွန်မသား ညာဘက်ရင်ဘတ်အပေါ်ပိုင်းက နာနေတာ နှစ်ရက်ရှိနေပြီ။ နာလို့ အစာလည်း ကောင်းကောင်းမစားဘူး။
ဖျားသလား၊ ချောင်းဆိုးသလား၊ ချော်လဲတာ ထိခိုက်မိတာရှိသလား မေးတော့ ဘာမှမရှိ။ စမ်းတော့လည်း အကုန်အကောင်း။
ဓာတ်မှန် ရိုက်ကြည့်ချင်တယ် ပြောတော့ ကျွန်တော်စမ်းသပ်စစ်ဆေးတာ အကုန်ကောင်းပါတယ် မလိုပါဘူးပြောပြီး ဆေးမှတ်တမ်းတွေရေးနေတုန်း ကလေးက အသက်ရှူကျပ်တဲ့လက္ခဏာ ကိုယ့်ရှေ့တင်ဖြစ်လာပါလေရော.. အဲ့ဒါနဲ့ နောက်တစ်ခါ ပြန်စမ်းတော့ SpO2 89%.. ရောက်တုန်းက 99%..
အသက်ရှူရင် လည်ချောင်းမှာ တစ်ဆို့တဲ့အသံပါကြားလာတော့
Typical stridor သံမျိုးလည်း မဟုတ်ဘူး။ Rhonchi လည်းမကြားရဘူး။ သစ်စေ့တို့ အလုံးသေးသေးတွေ မျိုချထားမိသေးလား ဆိုတော့လည်း မရှိဘူး။

ကဲ... ဓာတ်မှန် ရိုက်မယ်.. အောက်စီဂျင်ပေးထားဆိုတော့ ပေးရင်းနဲ့ကို SpO2 က 72% ဖြစ်လိုက် 85%ဖြစ်လိုက်နဲ့။ကလေးကပိုပြီး ဂနာမငြိမ် မူမမှန်ဖြစ်လာတယ်။ ဟုတ်မလားဆိုပြီး စားပွဲပေါ်က ဖိုင်တွဲနဲ့တစ်ချက် ယက်ခတ်ကြည့်လိုက်မိတယ်။ ကလေးက ပင့်သက်ရှိုက် မျက်လုံးပြူးကြီးနဲ့ ကြောက်လန့်တကြား အော်ပါလေရော...

Aerophobia ကို ပထမဆုံးတွေ့ဖူးခြင်းက ၆နှစ်အရွယ်ကလေးငယ်ဖြစ်နေတာက အတော်စိတ်ထိခိုက်စရာ ကောင်းပါတယ်။

ကလေးမှာ ခွေးရူးပြန်တဲ့ လက္ခဏာရှိနေပါပြီ...

လွန်ခဲ့တဲ့ တစ်လလောက်က ခွေးပေါက်စလေးကိုက်ခံရဖူးပါတယ် ဆိုတဲ့ အဖြေကို နောက်ဆုံးမှာပဲရလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အလှမွေးမျိုးမဟုတ်တဲ့အိမ်မွေးခွေးတွေက အများစုဖြစ်ပြီး ခွေးရူးပြန်ကာကွယ်ဆေးထိုးကြတာ အင်မတန်နည်းပါတယ်။ ဆေးရုံကို ခွေးကိုက်လူနာရောက်ရင်လည်း သူတို့ကိုက်ချက်က အများဆုံးပါပဲ။
ကိုယ့်ခွေးကိုက်တတ်တာသိပြီး ဆေးမထိုးတဲ့ခွေးရှင်တွေလည်း အံ့သြစရာပါပဲ။ ခွေးလေးတွေချစ်လို့ မွေးတယ် ကျွေးတယ်ဆိုတာက ပိုက်ဆံထူးပြီး မကုန်ပေမယ့် ခွေးကိုက်လို့ ခွေးရူးပြန်ကာကွယ်ဆေး ထိုးရပြီဆိုရင် တစ်ယောက်အတွက် စုစုပေါင်း ဆေး ၄ လုံးအတွက် ၆သောင်းလောက်ကျပါတယ်။ နိုင်ငံတော်ကလည်း ဈေးကြီးလှတဲ့ ခွေးရူးပြန်ကာကွယ်ဆေး (Vaccine) နဲ့ ခွေးရူးပြန်ဖြေဆေး (Immunogloulin) တွေ အခမဲ့ပေးနေပေမယ့် လုံလောက်ပြေလည်ခြင်း မရှိသေးပါဘူး။ အမှန်တကယ်လိုအပ်ပြီး မတတ်နိုင်တဲ့လူနာတွေ အတွက် အရမ်းအဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော်လွန်ခဲ့တဲ့ ၂နှစ်က မန္တလေးဆေးရုံကြီးမှာ ကြုံခဲ့ဖူးတာကျတော့ အခကြေးငွေယူပြီး ခွေးရေချိုးပေးတဲ့ဆိုင်က ဝန်ထမ်းသစ် ၃ ဦးကို ရေလာချိုးတဲ့ခွေးတွေကိုက်မိလို့ ဆေးရုံမှာခွေးရူးပြန်ကာကွယ်ဆေး လာထိုးတော့ အလကားထိုးပေးလိုက်ရတာမျိုးလည်း ရှိခဲ့ပါတယ်။
အမှန်တကယ်မလိုအပ်ပဲ လူနာကတောင်းဆိုတဲ့အခါမျိုး (ဆရာ တာဝန်ယူမှာလားဆိုတာမျိုး အမေးခံရတဲ့အခါ)၊ ခွေးကိုက်ပြီး ၂ရက်လောက်အကြာမှာရောက်လာပြီး အဲ့နေ့ကတော့ အခြစ်ရာလေးရှိတယ် ကိုယ်ကြည့်တော့ ဘာမှမတွေ့တဲ့အခါမျိုးတွေမှာ ထိုးပေးနေရတာမျိုးလည်းရှိနေပါတယ်။ အခမဲ့ပေးတဲ့ ခွေးရူးပြန်ကာကွယ်ဆေး ပြတ်တဲ့အချိန်တွေဆို ဆေးရုံ OPD မှာ ပြသနာတွေများပါတယ်။

တိရစ္ဆာန်တွေအတွက် ခွေးရူးပြန်ကာကွယ်ဆေးတွေကို အခမဲ့ထိုးပေးလား၊ ဘယ်လိုထိုးပေးနေတယ်ဆိုတာကျတော့ ခွေးပိုင်ရှင်တွေ မသိကြပါဘူး။ ပိုင်ရှင်ရှိခွေး ခွေးကိုက်လူနာကို ပထမအကြိမ်ဆေး ၂ လုံးထိုးပြီး ဒုတိယအကြိမ်လာထိုးတဲ့အခါ ဒီကြားထဲ ခွေးကိုကာကွယ်ဆေးထိုးထားပြီးကြောင်း အထောက်အထားပါမှ လူအတွက်ဆေးကို အခမဲ့ပေးတာမျိုးတွေ လုပ်သင့်ပါတယ်။
Rabies prevention အတွက် rabies vaccine and immunoglobulin အခမဲ့ပေးခြင်းက chain of infection ရဲ့အမြီးပိုင်း ဖြတ်တာဖြစ်ပြီး ဒီတစ်နည်းနဲ့တော့ မလုံလောက်နိုင်ပါဘူး။
Kyaw Soe Min

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>