အိမ်တစ်အိမ်ကိုမီးလောင်တာအစအဆုံးမြင်ခဲ့ရတယ်
အဲဒီအိမ်ဟာမြို့ရဲ့အချက်အချာကျတဲ့နေရာမှာရှိတယ်
မြေကွက်လပ်ကလည်းကျ ယ်တယ်တိုက်အိမ်ဆောက်
ထားတာမကြာသေးဘူး ဒီမြို့မှာတော့အဲဒီတိုက်အိမ်ဟာ
အသားနားဆုံးပါပဲ
အိမ်ရှင်မှာ သားသုံးယောက်နဲ့သမီးတစ်ယောက်ရှိတယ်
သားအကြီးဆုံးကအိမ်မှာကျူ ရှင်ဖွင့်ထားတယ် ဖိတ်ခေါ်
ထားလို့ အလည်ရောက်သွားဖြစ်တာပါ အိမ်ပိုင်ရှင်အဖေ
ဖြစ်သူက မန္တလေးမြို့ကိုဈေးဝယ်တက်သွားပါတယ်
သူတို့ နေတဲ့အိမ်ဟာမြို့လယ်ဈေးနဲ့မလှမ်းမကမ်းမှာရှိ
တော့သောက်ရေသန့် ကုမ္ပဏီတစ်ခုကဝယ်ချ င်တယ်
ပေါက်ဈေးထက် နှစ်ဆ ပေးတယ် အိမ်ပိုင်ရှင်အဖေကြီး
ကမရောင်းဘူး သားတွေကရောင်းချ င်တယ် သူ့အဖေက
ခရီးမထွက်ခင်မှာပြောသွားတယ် ဒီအိမ်နဲ့မြေကိုပေါက်ဈေး
ထက် သုံးဆ ရရင်ရောင်းမယ်တဲ့"
ကိုရောက်ပြီးနှစ်ရက်အကြာမှာအဲဒီအိမ်ကြီးမီးလောင်တယ်
ဖြစ်ချ င်တော့ အိမ်ပိုင်ရှင်အဖေကြီးမန္တလေးကခရီးရောက်
မဆိုက်ပြန်လာတဲ့အချိန်ဖြစ်နေတယ်
နယ်မြို့လေးဆိုတော့မီးလောင်တဲ့အခါရာရေပုံးတွေနဲ့ပက်
ကြရတယ် မီးကိုငြိမ်းသတ်ဖို့ ကြိုးစားကြတယ် အိမ်ပိုင်ရှင်
အဖေကြီးလည်းပြာယာခတ်လို့ ကိုယ်တွေပါ မီးလောင်နေ
တဲ့အိမ်ကြီးကို ရေနဲ့ငြိမ်းသတ်ပေးခဲ့ရပါတယ် ရေတွေလည်း
ရွှဲလို့  ရွှံ့တွေလည်းပေပွလို့ ပါပဲ
ငါ့"အိမ် မီးလောင်နေပြီ "ငြိမ်းကြပါ ဟ"လုပ်ကြလေ
ဘာလို့ ငါ့"အိမ် မီးလောင်တာ ဝိုင်းကြည့်နေကြတာတုန်း
အဲဒီအချိန်မှာတွေးမိတယ် ဒီအိမ်ကိုသာသူခရီးမထွက်ခင်က
ရောင်းသွားခဲ့ရင် ဒီလိုသောကမျိုးဒုက္ခမျိုးဖြစ်မှာမဟုတ်ဘူး
အခုတော့သူ့အိမ်ကြီးမီးလောင်နေတာ သူ့လောင်နေတာ
လိုပဲလို့ ခံစားမိတယ် အဲဒီအချိန်မှာ သားအကြီးကသူ့အနား
ကပ်လာတယ်
အဖေ"စိတ်မပူနဲ့အဖေ ဒီအိမ်ကိုပေါက်ဈေးထက်
သုံးဆ"ပေးမယ်လို့ မနေ့ကပဲ ကျွ န်တော်အရောင်း
အဝယ်စာချု ပ် ချု ပ်ထားပြီးပြီ"အဖေရ"အဖေ"စိတ်ကို
အေးအေးဆေးဆေးထားပါ ဒါအဖေ့အိမ်မဟုတ်တော့ဘူး
ချ က်ချ င်းဆိုသလိုပဲ ဒီလူကြီးရဲ့မျ က်နှာမှာ သောကတွေ
ပျောက်သွားတာတွေ့လိုက်ရတယ် ရင်ထဲမှာပူလောင်မှု
တွေပျောက်သွားတာတွေဲရတယ် မီးလောင်တာကို ဝိုင်း
ကြည့်နေတဲ့ လူတွေထဲကလူတစ်ယောက်လိုပဲသူ့မျ က်နှာ
ဟာချ က်ချ င်းဖြစ်သွားတယ် ငါ့အိမ်ကိုမီးလောင်နေတာမ
ဟုတ်ဘူးလို့ ခံစားချ က် ချ က်ချင်းဖြစ်သွားတယ်
အဲဒီအချိန်မှာဒုတိယသားက အဖေကိုဝင်ပြောတယ်
အဖေရေ"အရောင်းအဝယ်စာချု ပ်သာချု ပ်ထားတာ
စရံကလည်း နည်းနည်းလေးပေးထားသေးတာ မဝယ်
တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ"ကျွ န်တော့်အထင်တော့
စရံအဆုံးခံမယ်ထင်တယ် "
သားအလတ်ရဲ့စကားကိုလည်းကြားရော အဲဒီအဖေကြီး
ဟာ ချ က်ချ င်းပဲ ပြာယာခတ်သွားပြန်တယ် ငါ့ အိမ်ကိုမီး
လောင်နေတယ်လို့ ခံစားသွားရပြန်တယ်
လုပ်ကြပါဟ"ငြိမ်းကြပါဟ"ဘာလို့ ဝိုင်းကြည့်နေကြတာလဲ
ကူညီကြပါဦး"ငါ့အိမ်ကြီးမီးလောင်နေပြီ"ဝိုင်းကြပါဟ"
ပက်ကြပါ
အဲဒီအချိန်မှာ တတိယသားက"အဝေးကနေပြီးသူ့အဖေဆီ
ပြေးလာတယ် ပြီးတော့ သူ့အဖေကို ပြောလိုက်တယ်
အဖေရေ"အဲဒီကုမ္ပဏီက မန်နေဂျာနဲ့သားနဲ့သူငယ်ချ င်း
အခုလေးတင် မန်နေဂျာနဲ့တွေ့ခဲ့ပြီးပြီ သူ့ရဲ့ Boss ဆီကို
ဖုန်းဆက်တယ်တဲ့ သူ့ရဲ့ Boss ကပြန်ပြောတယ် အိမ်မီး
လောင်တာ မြေမီးလောင်တာမဟုတ်ဘူး ဝယ်မယ်လို့ ဆုံး
ဖြတ်ထားတဲ့ကိစ္ဖ"ဝယ်မယ်တဲ့"အဲဒီမြေပေါ်မှာအဆောက်
အဦးအသစ်ပြန်ဆောက်မယ်လို့ ပြောတယ် အဖေ"
"မင်းဟာက"သေချ ရက်လားကွာ"
သေချာပါတယ်"အဖေရယ်"သားအခုလေးတင် မန်နေဂျာ
နဲ့စကားပြောလာတာ သားရှေ့မှာတင် သူဖုန်းဆက်ပြီးမေး
တာပါ အဖေ"စိတ်အေးအေးထားပါ ဗျာ"
အဲဒီအချိန်မှာ အိမ်ကြီးကမီးတော်တော်ကျွ မ်းနေပြီ
အိမ်နောက်ပိုင်းတစ်ပိုင်းလုံးမရှိတော့ဘူး ဘာပစ္စည်း
မှလည်းမသယ်ကြဘူး သားငယ်ရဲ့စကားကိုလည်း
ကြားရော သူ့အဖေဟာမျ က်ရည်တွေကိုသုတ်လိုက်တယ်
ပုဆိုးကိုပြင်ဝတ်လိုက်ပြီးမြေကြီးပေါ်ထိုင်ချ လိုက်တယ်
သူများအိမ်မီးလောင်နေသလိုမျိုးအကြည့်နဲ့အေးဆေး
သက်သာစွာပဲ သက်ပြင်းချ လိုက်ပါတယ်
တော်ပါသေးရဲ့ ဒီလိုကတိတည်တဲ့သူနဲ့တွေ့ရတာ
အဖေသိပ့်ကံကောင်းတာပဲ
မီးလောင်နေတဲ့အိမ်ကြီးကို သားအဖတစ်တွေထိုင်ကြည့်
နေကြတယ် ကိုယ့်အိမ်မဟုတ်ဘူးဆိုတဲ့အသိကြောင့် ရင်
ထဲမှာအေးသွားတယ် လူတွေကလည်းဘာမှမတတ်နိုင်
တော့မီးသူ့ဟာသူငြိမ်းမယ့်အချိန်ကိုပဲစောင့်ကြည့် နေသလို
ဖြစ်နေတယ် ဒီလိုနဲ့အိမ်ကြီးဟာပြာပုံဖြစ်ခါနီးနေပြီ အဲဒီအ
ချိန်မှာ•••
အငယ်ဆုံးသမီးက"ငိုပြီးတော့ သူတို့ဆီမှာရောက်လာပီး
အဖေရေ"ဒီအိမ်ကြီးကို"ဝယ်လက်က"စရံအဆုံးခံမယ်တဲ့"
သားအငယ်ကဝင်ပြောတယ်"နင်ကလဲ မဟုတ်တာ
ငါအခုလေးတင် မန်နေဂျာနဲ့တွေ့ခဲ့တာ ဟ"သူရဲ့Boss
က မြေကိုမီးလောင်တာမဟုတ်ဘူး အိမ်ကိုမီးလောင်တာ
ပေးတဲ့ ကတိအတိုင်းဝယ်မယ်တဲ့"ငါ့နားနဲ့ဆက်ဆက်ကြား
ခဲ့ရတာပါ"
အဲဒီအချိန်မှာ သူ့အဖေဟာ သွေးတိုးသလို ဖြစ်လာတယ်"
မောသလို ဖြစ်လာတယ်"
အငယ်မ"နင်ဘာတွေပြောတာလဲ"
အဖေ့ကိုသေချာရှင်းပြစမ်း"
ငါ"သေလိမ့်မယ်"အကြီးကောင်ကတစ်မျိုး အလတ်က
တစ်မျိုး အငယ်ကောင်က တစ်မျိုး နင်ကတစ်မျိုးနဲ့"
ဟုတ်တယ် အဖေ"သမီးရှေ့မှာမန်နေဂျာဆီ ဖုန်းလာတယ်
ဒီတစ်ခါဖုန်းလာတာက" Boss ရဲ့မိန်မဆက်တာ ဒီလို
မီးလောင်မှတော့"ဘယ်လိုလုပ်ပြီး "လာဒ်"ရှိမှာလည်း တဲ့
ဒီလိုအတိတ်နမိတ်မကောင်းတဲ့မြေကိုမဝယ်ရဘူးတဲ့"စရံ"
အဆုံးခံမယ်တဲ့ အဖေ"
သမီးစကားလည်းဆုံးရော အဖေကြီးသတိမေ့လဲသွားတယ်
-
အတ္တစိတ်ဟာ ကြောက်စရာ ကောင်းလိုက်တာ
မီးလောင်တဲ့ဖြစ်ရပ်က အတူတူပဲ"ငါ့အိမ်ဆိုတဲ့စိတ်
ပူးကပ်နေချိန်မှာ "အတ္တ"ဟာ ဥခွံထဲက"ဖောက်ထွက်
လာပါတော့တယ်"
ငါ့အိမ်မဟုတ်တော့ဘူးဆိုတဲ့အသိစိတ် ဖြစ်သွားချိန်မှာ
အတ္တ"ဟာ ဥခွံထဲမှာ ငုတ်လျှိုးနေပြန်တယ်"
စိတ်ထဲမှာ•••အဲဒီဖြစ်ရပ်ကိုကြည့်ပြီး အတ္တစိတ်ရဲ့
ရွေ့လျှားမှုတေကို အတိုင်းသားမြင်တွေ့လိုက်ရတယ်
-
ငါ့ဟာ••• ငါ့ဥစ္စာ ••• ငါ့ပစ္စည်း
ငါ့မြေး ••• ငါ့သား ••• ငါ့မယား
ငါ •••ငါ ••••ငါ ဆိုတဲ့ အတ္တစိတ်ဟာ
သံသရာတစ်လျှောက်လုံးဒုက္ခပေးနေတာ ပူလောင်မှုတွေ
ပေးနေတာကို အတိုင်းသားမြင်လိုက်ရပါတော့တယ်
အတ္တဆိုတဲ့ "အကောင် "ဥခွံထဲက ပေါက်ထွက်လာတာကို
သတိနဲ့ ဥာဏ်နဲ့ မြင်အောင် ကြည့်ကြရအောင် နော်"
-
မေတ္တာဖြင့် မျှ ဝေပေးခြင်းဖြစ်ပါတယ်
အားလုံးကိုလေးစားစွာဖြင့် mm
Copy & Credit ~ C M T.