Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တစ်ရက်တာ အသုံးပြုသူ အရေအတွက် တစ်ဘီလီယံထိ ရှိလာကြောင်း Facebook ကြေညာ

$
0
0
တစ်ရက်တာအတွင်း Facebook အသုံးပြုသူ တစ်ဘီလီယံ (သန်းတစ်ထောင်)ထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ကြောင်း Facebook ဝက်ဘ်ဆိုက် ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်က ပြောကြားလိုက်သည်။

အဆိုပါ အမှတ်တရ အောင်မြင်မှုသည် ဩဂုတ် ၂၄ ရက်က လက်တွေ့ အထမြောက်ခဲ့ကြောင်း ဇူကာဘာ့ဂ်က ဆိုသည်။ ကမ္ဘာ့လူဦးရေသည် ၇ ဘီလီယံမျှ ရှိနေရာ ယခုအခါ ကမ္ဘာပေါ်တွင် လူ ၇ ဦးရှိတိုင်း ၁ ဦးက Facebook အသုံးပြုနေသည့် သဘောလည်း ဖြစ်လာခဲ့သည်။

Facebook၏ အဆိုအရ အနည်းဆုံး တစ်လလျှင် တစ်ကြိမ်မျှ Log In ဝင်သူ အရေအတွက် ၁.၅ ဘီလီယံနီးပါး ရှိသော်လည်း တစ်ရက်တာအတွင်း သုံးစွဲသူ တစ်ဘီလီယံထိ ရောက်ရှိခြင်းမှာ ယခုတစ်ကြိမ် ပထမဆုံးဟု သိရသည်။

Facebook သည် ဝက်ဘ်ဆိုက်သို့ လာရောက်ချိတ်ဆက်သူ အရေအတွက် တစ်ဘီလီယံ ပြည့်မြောက်သည့် အောင်မြင်မှုကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ကတည်းက ရရှိထားသည်။ ဇူကာဘာ့ဂ်သည် ဟားဗက်တက္ကသိုလ် ကျောင်းသားတစ်ဦး ဘဝတွင် ၂၀၀၄ ခုနှစ်က Facebookကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက တစ်နေ့တည်း အသုံးပြုသူ တစ်ဘီလီယံ အမှတ်ထိ ရောက်ရှိခဲ့သည့်နောက် Facebook၏ ကြီးထွားမှု အရှိန်အဟုန် ဆက်လက် မြင့်တက်နေဦးမည်ဟုလည်း ခန့်မှန်းခဲ့သည်။

ဩဂုတ် ၂၇ ရက်တွင် ၎င်းရေးသားထားသည့် ပို့စ်၌ ဇူကာဘာ့ဂ်က “တစ်ရက်တာမှာ ဒီလို ကိန်းဂဏန်း အောင်မြင်မှုမျိုး ရလာတာ ဒါပထမဆုံးပဲ။ ပြီးတော့ ဒါဟာ တစ်ကမ္ဘာလုံးကို ဆက်သွယ် ချိတ်ဆက်ပေးနေမှုမှာ ခြေလှမ်းအစပဲ ရှိသေးတယ်”ဟု မှတ်ချက်ပြုထားသည်။

Facebookသည် ဇူလိုင်လ အတွင်းက ကမ္ဘာပေါ်၌ အင်တာနက် အသုံးပြုသူ စုစုပေါင်း၏ ထက်ဝက်သည် အနည်းဆုံး တစ်လတွင် တစ်ကြိမ်မျှ မိမိတို့ ဝက်ဘ်ဆိုက်သို့ Log Inဝင်ကြောင်းလည်း ကြေညာခဲ့ဖူးသည်။
7day daily

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>