Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်အတွက် အကျိုးရှိမည့်သူတစ်ယောက်ဖြစ်ဟု တပ်ချုပ်မှတ်ချက်ပြု

$
0
0
 ဒေါ်အောင်ဆန်းစုကြည် သည် အတွေ့အကြုံရှိသူဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိမည့် သူတစ်ယောက်ဖြစ်သည်ဟု ယုံ ကြည်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြား သည်။

သြဂုတ် ၂၅ ရက်က ဂျပန် သတင်းဌာန ကျိုဒိုနှင့် တွေ့ဆုံမေး မြန်းခန်းတွင် တပ်ချုပ်က အထက် ပါအတိုင်း ဒေါ်အောင်ဆန်းစု ကြည်နှင့်ပတ်သက်၍ မှတ်ချက်ပြု ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကျိုဒိုသတင်းဌာနက ရွေး ကောက်ပွဲတွင် အတိုက်အခံပါတီ အပြတ်အသတ်အနိုင်ရခြင်းအပါ အဝင် ဒေါ်အောင်ဆန်းစုကြည်အ ပေါ် မည်သို့ သုံးသပ်မိပါသလဲဟူ သည့်မေးခွန်းကို တပ်ချုပ်က ယခု ကဲ့သို့ ဖြေကြားသည်။

‘‘ဘယ်ပါတီပဲဖြစ်ဖြစ်ပေါ့။ ဘယ်မဲဆန္ဒနယ်မှာပဲဖြစ်ဖြစ် မှန် မှန်ကန်ကန်နဲ့ထွက်လာတဲ့ရလဒ် ကိုတော့ ကျွန်တော်တို့လက်ခံမယ် ဆိုတာ ကျွန်တော်ပြောလိုတယ်။ နောက်တစ်ခုကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ပတ်သက်ပြီး သူ့မှာ လည်း အတွေ့အကြုံတွေရှိပါ တယ်။ သူ့ရဲ့အတွေ့အကြုံဟာ နိုင်ငံအတွက်လည်း တစ်နေရာရာ မှာတော့ အထောက်အကူရမယ် လို့ ကျွန်တော်တို့ယူဆပါတယ်။ အဲဒီတော့ ဘာပဲပြောပြောပေါ့ လေ။ အားလုံးဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် တိုင်း ပြည်အတွက် အကျိုးရှိမယ့်သူ တစ်ယောက်ဖြစ်ပါတယ်လို့ ကျွန် တော်ယုံကြည်တယ်’’ဟု တပ်ချုပ် က ပြောသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခုနှစ်အတွင်း ပြင်ပသတင်းဌာန များနှင့် သီးသန့်တွေ့ဆုံမေးမြန်း ခန်းများတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့်ပတ်သက်၍ ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုခဲ့ သည့် လေးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးမှုနှင့်ပတ်သက်၍ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရွေးကောက်ပွဲရလဒ်တို့အပေါ် တွင်ဖြစ်စေ မှတ်ချက်ပြုဖြေကြားခြင်းများရှိခဲ့သည်။

သို့သော် ယခုကဲ့သို့ ဒေါ် အောင်ဆန်းစုကြည်အပေါ် အပြု သဘောဆောင်သည့်မှတ်ချက်ကို ယခု ကျိုဒိုသတင်းဌာနနှင့်တွေ့ဆုံ ခန်းတွင် ပထမဆုံးအကြိမ် ထုတ် ဖော်ပြောကြားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အစိုးရကတစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို စက်တင်ဘာတွင် ပါဝင်လက်မှတ် ရေးထိုးရန် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ဖိတ်ခေါ် ထားသည်။ ယင်းစာချုပ်တွင် ကိုး ကန့်နှင့် တအာင်န်းပလောင်အပါ အဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံးပါဝင်မှသာ စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုး မည်ဟု သြဂုတ် ၂၂ ရက်က ချင်းမိုင်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး ၌ တိုင်းရင်းသားခေါင်းဆောင်များ ဘက်က သဘောတူထုတ်ပြန်ခဲ့ရာ လက်ရှိအချိန်တွင် အပစ်ရပ်လက် မှတ်ထိုးရေးမှာ ရက်အတိအကျ သတ်မှတ်နိုင်ခြင်းမရှိသေးပေ။

ထိုအချိန်တွင် တပ်ချုပ်၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြုသဘောဆောင်သည့် မှတ် ချက်မှာ NCA စာချုပ်လက်မှတ် ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ တစ်နည်းတစ်ဖုံ ဆက်စပ်မှုရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများ က ပြောသည်။

‘‘ကျွန်တော့်အထင်ပြောရ ရင် တပ်မတော်အဆက်ဆက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ် သက်လို့ တစ်ကြိမ်တစ်ခါမှ အပြု သဘောမဆောင်ခဲ့တာ တွေ့နိုင် ပါတယ်။ သိပ်အများကြီးတော့ ပြောဖို့ ခက်တယ်။ နောက်တစ် ချက်ကလည်း အခုအချိန်မှာ အာ ဏာရပါတီနဲ့ တပ်မတော်အတွင်း မှာ အားပြိုင်မှုတွေ ၂၀၁၅ ရွေး ကောက်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စတွေနဲ့ ရှုပ်ထွေးနေတော့ နိုင်ငံရေးသ ဘောဆောင်တာထက် သံတမန် သဘောအရပဲ ပြောလိုက်တယ်လို့ ယူဆပါတယ်’’ဟု ယနေ့ခေတ်နိုင် ငံရေးမဂ္ဂဇင်း အယ်ဒီတာ ဦးသက် ဇင်က ပြောသည်။

တပ်ချုပ်၏ အပြုသဘော ဆောင်သည့်မှတ်ချက်မှာ ရွေး ကောက်ပွဲနှင့်ရွေးကောက်ပွဲလွန် ကာလတွင် တပ်မတော်နှင့်ဒေါ် အောင်ဆန်းစုကြည်တို့ ဆက်ဆံ ရေးကောင်းမွန်တိုးတက်မှုရှိ၊ မရှိ မှာမူ ပြောရန်ခက်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘အဲဒါကတော့ ရွေးကောက် ပွဲကာလနဲ့ ရွေးကောက်ပွဲအလွန် ကာလတွေမှာ တွေ့ရမယ့် အပြန် အလှန်သဘောထားတွေ၊ လုပ် ဆောင်မှုတွေနဲ့ဆိုင်မယ်။ အပြန် အလှန် ဖိအားပေးမလား။ ယုံ ကြည်မှုတည်ဆောက်ပြီး အပေး အယူလုပ်မလားဆိုတဲ့ သဘော ပေါ့။ အခုအချိန်မှာတော့ တစ် ဖက်နဲ့တစ်ဖက် မယုံကြည်မှုက တိုးပွားနေတယ်လို့ပဲ သုံးသပ်ရ မယ်’’ဟု ပြောသည်။

သြဂုတ် ၂၆ ရက်က RFA သတင်းဌာနနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ ပုံမှန် ပြုလုပ်နေကျ တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ် အောင်ဆန်းစုကြည်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကြား အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်လက်မှတ်ရေး ထိုးစေလိုကြောင်း ဖြေကြားခဲ့ သည်။

‘‘အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးဖြစ်စေချင်တာပေါ့။ တ ကယ်တစ်နိုင်ငံလုံးအားလုံးပါဝင် ပြီးတော့ အားလုံးကနေပြီးတော့ ကတိတည်တဲ့စာချုပ်မျိုးဖြစ်ပေါ် လာစေချင်တာပေါ့။ ဒါမှပဲ ဒီနိုင်ငံ ဟာ ငြိမ်းချမ်းရေးဘက်ကို သွား နိုင်မှာပါ’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်အစီအ စဉ်တွင် RFA သို့ ဖြေကြားခဲ့သည်။

ထို့ပြင် အပစ်ရပ်စဲပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင် မည်ဖြစ်၍ သက်ဆိုင်သူများအနေ ဖြင့် အပစ်ရပ်စဲရေးစာချုပ်ကို အ မြန်ဆုံးလက်မှတ်ထိုးနိုင်ရန် ကြိုး ပမ်းနေကြသည်ဟု ထင်မြင်ယူဆ ကြောင်း ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပါအဝင် နိုင် ငံရေးအကျပ်အတည်းများကို ဖြေ ရှင်းရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုခဲ့သည့် သမ္မတ၊ ကာ ကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌတို့ပါဝင်သော လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို သမ္မတနှင့် တပ်ချုပ်တို့က ယခုအချိန်အထိ လက်မခံသေးပေ။

ထို့ကြောင့် ၎င်းနှင့်လက်ရှိ တပ်မတော်ခေါင်းဆောင်များ ကြား ရင်းနှီးမှုရှိရန် ၎င်းက ကြိုးစားခဲ့သော်လည်း မျှော်လင့်သလို ဖြစ် ပေါ်လာခဲ့ခြင်းမရှိကြောင်း ဒေါ် အောင်ဆန်းစုကြည်က RFA သို့ ပြောသည်။

‘‘ဟုတ်ပါတယ်။ သိပ်ပြီး တော့ ရင်းနှီးမှုမရှိပါဘူး။ အစ်မ တို့လည်း ကြိုးစားပါတယ်။ တပ်မ တော်ခေါင်းဆောင်တွေ သိပ်ပြီး တော့ စိတ်ပါလက်ပါမရှိတာပါ’’ ဟု ၎င်းက ပြောသည်။

7daydaily

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>