Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အရက်သမားစကား

$
0
0



ဒေါ်အောင်ဆန်းစုကြည်ရဲ့
နိုင်ငံရေးလှည့်ကွက်တွေဟာ
ခန့်မှန်းလို့မရဘူး
တော်ရုံ ရူးတောင်သွားဦးမယ်ဆိုပြီး
ဖာကြထေးကြတာတွေ ရပ်သင့်ပြီ

Logic အရ ပြောရရင်
ဖာနေတဲ့သူတွေကိုယ်တိုင်
ဥာဏ်မမီကြလို့  ရူးနေတာပဲဖြစ်မယ်

မေမေ့ရဲ့လှည့်ကွက်တွေအောက်မှာ
နိုင်ငံတကာဆုတံဆိပ်တွေ တခုပြီးတခု
သိမ်းသွားကြတာ  ရူးနေလို့မဟုတ်ဘူး
မေမေ့လှည့်ကွက်အောက်မှာ
ပြည်ပရင်းနှီးမြူပ်နှံမှုတွေ
ပြန်လည်ရုတ်သိမ်းသွားတာ
သူတို့ ရူးနေလို့ မဟုတ်ဘူး
နိုင်ငံတကာက ချေးငွေတွေ
မပေးတော့တာ သူတို့ရူးနေလို့မဟုတ်ဘူး

လော်ဘီလုပ်တာ တော်ရုံပဲကောင်းတယ်
တန်ခိုးရှင်လို. . စွမ်းအားရှင်လို
စူပါ ပါဝါ ရထားတဲ့လူတယောက်လို
တအားကြီး အမွှန်းတင်လို့ မရဘူး
တော်သင့်ရုံ လူတယောက်လုပ်နိုင်တဲ့
အနေအထားကို စဉ်းစားချင့်ချိန်ပြီးမှ
ပြောဆိုသင့်တယ်။

သယံဇာတပေါကြွယ်ဝတဲ့
မြန်မာနိုင်ငံလို မဟုတ်တဲ့ စင်္ကာပူတောင်
ရေ ဝယ်သောက်ပြီး တိုင်းပြည်ကို
ထူထောင်နိုင်ခဲ့သေးတာပဲ
ဆင်းရဲမွဲတေတဲ့ပြည်သူလူထု ကို
ကြက်ဥတလုံးတောင် အခွန်တစ်ကျပ်
ဆောင်ရမယ်လုပ်ပြီး  ပြည်သူ့အခွန်နဲ့
တိုင်းပြည်ထူထောင်လို့မရသေးဘူး

ကြက်ဥအပေါ် အခွန်တစ်ကျပ်တက်ရင်
မွဲတေတဲ့ပြည်သူလူထုအပေါ်
မွေးမြူရေးလုပ်ငန်းရှင်က တစ်ဆယ်ပိုပြီး
ရောင်းခဲ့တော့  ဒုက္ခရောက်တာ
ဆင်းရဲမွဲတေသူတွေပဲ ဒုက္ခရောက်တာ။

လမ်းဘေးကျူးတွေဖမ်းတယ်
နောက်ရက်တော့ နားလည်မှုနဲ့ပြန်ဖွင့်တယ်
ဈေးကောက်က ဈေးကောက်အလုပ်အတိုင်း
ဆက်ကောက်သွားတယ်
ဖမ်းတဲ့အဖွဲ့ကို လစဉ်ကြေး၅သောင်းလောက်
ပေးထားလိုက်တယ်. . .
တလလောက်နေတော့
ဈေးကောက်က ကျူးဆိုင်တွေကို
ဘယ်နေ့ဖမ်းမယ် . .
ဆိုင်ခဏပိတ် . . ဆက်ကြေး ဂါရဝပြု. 
အားလုံး . . ok
တနေ့လုပ်. .တနေ့စား ဆိုင်သမားအတွက်
ဆက်ကြေးခ ဆက်သရလို့ 
စားသုံးသူဖက်က ဈေးတက်ယူ
နောက်ဆုံးတော့ . .ခံရတာ
အောက်ခြေလူတန်းစားပဲ. .
ဥပဒေ ဟာ . . ဥပဒေပဲ
အရင်ခေတ်ကအတိုင်း ဘာမှမပြောင်းဘူး
ဈေးနှုံးတွေ တက်လာတာပဲ
အဖတ်တင်တယ်. . .

စင်္ကာပူနိုင်ငံတည်ထောင်သူ လီကွမ်ယု
အာဏာရှင်ဆန်တယ်ပြောတယ်
ပင်လယ်ဓါးပြတွေ ဝင်ထွက်နေတဲ့နိုင်ငံကို
အာဏာရှင်ဆန်ဆန် လုပ်ရတာ မဆန်းဘူး
စည်းကမ်းကိုလိုက်နာဖို့အတွက်
အာဏာရှင်ဆန်ဆန် အမိန့်ပေးတာ
တင်းကြပ်တာတွေ လုပ်ခဲ့ရတယ်
လူမျိုးပေါင်းစုံ ဝင်ထွက်နေတဲ့နိုင်ငံကို
အင်္ဂလိပ်စာ နဲ့ စကား ကို
နိုင်ငံတော်အတွက် ပထမဆုံးပြဋ္ဌာန်းတယ်
မကျေမနပ် အသံထွက်တယ်
ဂရုမစိုက်ခဲ့ဘူး . .
ဦးနေဝင်း လက်ထက်မှာ
မာစီဒီးကားကုမ္ပဏီက မြန်မာနိုင်ငံကို
ရင်းနှီးမြူပ်နှံဖို့လာတယ်
ဒီကလက်မခံလို့ စင်္ကာပူရောက်သွားတယ်
အခုစင်္ကာပူနိုင်ငံက အာရှမှာ 
အာရှကျားတစ်ကောင်အဖြစ်
ရပ်တည်နေနိုင်ခဲ့ပြီ . .
အာဏာရှင် ဦးနေဝင်း သေတော့
ဘယ်လိုသေသလဲ 
အာဏာရှင်ဆန်ဆန် လီကွမ်ယုသေတော့
ပြည်သူတွေ မျက်ရည်ကျခဲ့တယ်
တိုင်းပြည်မှာ အဆင့်အတန်းခွဲခြားတာ
မရှိတော့ဘူး . .
အသားအရောင် ခွဲခြားတာ မရှိတော့ဘူး
မြန်မာနိုင်ငံမှာ ၂၄နာရီဆိုတာ
တန်ဘိုးမရှိပေမယ့်
စင်္ကာပူမှာ တစ်စက္ကန့်တိုင်းဟာ
တန်ဘိုးရှိနေပြီ. . .
တိုင်းပြည်မှာ လူငယ်လေးတွေ
ဘာသာစကား ၃မျိုးလောက်အနည်းဆုံး
တတ်ကျွမ်းနေကြပြီ
လမ်းပေါ်မှာ အမှိုက်မရှိတော့ဘူး
ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးကို
ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ
လီကွမ်ယု ကောင်းကောင်းသိလို့ပဲ

နိုင်ငံရေးမှာ ဆင်ခြေပေးလို့မရဘူး
အာဏာ လက်ထဲမရှိသေးလို့ပါ မပြောနဲ့
ကမ္ဘာကို အမှန်အတိုင်း ချပြပေးရမယ်
ရင်ကြားစေ့ရေးလိုလို 
အပစ်အခတ်ရပ်ဆဲရေးလိုလိုနဲ့
လုပ်ပိုင်ခွင့် မရသေးဘဲ လုပ်ပြနေတော့
ဘယ်တိုင်းရင်းသားကမှ မယုံဘူး
ဘယ်စစ်သားကမှ ပါမလာဘူး
ဒါတွေက မေမေ့ လှည့်ကွက်တွေ မဟုတ်ဘူး
မေမေ ကို လှည့်စားပြီး ကစားသွားတာ

ကျန်တဲ့သက်တမ်းကို ဒီအချိုးမျိုးနဲ့
ဆက်ကစားလို့ မရတော့ဘူး
ရင်ကြားစေ့ရေး အစား 
ပတ်ကြမ်းတိုက်ပြရမယ်

ကျုပ်လက်ထဲသာ လုပ်ပိုင်ခွင့်ရရင်
ဥပဒေထဲကအတိုင်း ကိုင်တွယ်မယ်
အာဏာရှင်ဆန်ဆန် အုပ်ချုပ်မယ်
အကျင့်ပျက် ခြစားတာကို နှိပ်ကွပ်မယ်
မျိုးချစ်တွေ မျိုးနှစ်တွေ နေ့စားတွေ
အကုန် ထောင်ထဲထည့်မယ်
တရားမပြပဲ နိုင်ငံရေးလုပ်တဲ့ကိုယ်တော်တွေ
နိုင်ငံရေးလုပ်ချင် လူထွက် 
ပါတီထောင်ခိုင်းမယ်. . . .

အဲ့ဒါတွေကို မကျေနပ်လို့
ဆူဆူပူပူ လုပ်ချင်လာရင်
တရုတ်ပြည်က စွယ်တော်ကြီး ထပ်ပင့်ပြီး
တပြည်လုံးကို လှည့်လည်အပူဇော်ခံပစ်မယ်
ဒါမှမဟုတ်  ထိုင်းတွေ မလေးတွေ
ဆော်ဒီတွေ ကူဝိတ်တွေခေါ်ပြီး
မြန်မာနိုင်ငံမှာ ဘောလုံးပွဲကျင်းပပေးမယ်
ပြီးရင် ဖလားကို မြန်မာပဲနိုင်အောင်
တဖက်အသင်းကို ငွေပေးပြီး
အရှုံးပေးခိုင်းလိုက်မယ်

ဆူမယ့်ကောင် ပူမယ့်ကောင်တွေအစား
မြန်မာတနိုင်ငံလုံး  လမ်းပေါ်ထွက်ပြီး
ပျော်ကြ ပါးကြအောင် လုပ်ပေးလိုက်မယ်
သာသနာချစ်တွေရော .
မျိုးချစ်တွေရော
တိုင်းပြည်ချစ်တွေရော
ပါတီချစ်တွေရော
လမ်းပေါ် ထွက်ကနေစေရမယ်

မြန်မာလူမျိုး အကုန်သောက်ပိန်းပဲ
ဂျင်းကိုကြိုက်သလိုထည့်
အချိန်ပြည့်  ပျော်အောင်လုပ်လို့ရတယ်
ကအောင်လုပ်လို့ရတယ်. . . .

မယုံရင် ကျုပ်လက်ထဲကို
တိုင်းပြည်အပ်လိုက်စမ်းပါ
အရက်သမားလှည့်ကွက်တွေ
ခန့်မှန်းလို့ မရဘူး
မူးတောင်သွားဦးမယ်လို့
ပြောကုန်ကြလိမ့်မယ်။(SAI AUNG MYAT)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...