ဦးနေ၀င်းနောက်ပိုင်းမြန်မာ့သမိုင်းမှာ ဒေါ်တပ်ခေါ်လိုရတဲ့
သူတွေပဲနိုင်ငံ့ခေါင်းဆောင်ဖြစ်တာများတယ်။
ဦးစိန်လွင်ဆိုဒေါ်စိန်လွင်
ဦးစောမောင်ဆိုဒေါ်စောမောင်
ဦးသန်းရွှေဆို ဒေါ်သန်းရွှေ
နောက်ဦးခင်ညွန့်ဆိုလည်းဒေါ်ခင်ညွန့်
ဒေါ်တပ်ခေါ်လို့ရတဲ့သူတွေပဲဘုန်းတန်ခိုးထွားတာ
မြန်မာ့နိုင်ငံရေးရဲ့ ထူးခြားချက်ပဲ၊
အဲ တယောက်တော့ရှိတယ်။
ဒေါက်တာမောင်မောင် ခေါ်ကြည့်လိုက်
ဒေါ်မောင်မောင် ဘယ်လိုမှခေါ်လို့မကောင်းဘူး။
သိတဲံ့အတိုင်းပဲ ဒေါက်တာမောင်မောင် ဘာဖြစ်ပြီး
ဘယ်လိုတိုင်ပတ်ပြီး ရာထူးကနေလစ်သွားရသလဲဆိုတာ။
ဒီဘက်ခေတ်လည်းကြည့်လိုက်အူး။
ဦးသိန်းစိန်၊ခေါ်ကြည့်။ဒေါ်သိန်းစိန်
ဘယ်လောက်ခေါ်လို့ကောင်းလဲ။
သူ့သမ္မတသက်တမ်းတလျှောက်ကြိုက်သည်ဖြစ်စေ
မကြိုက်သည်ဖြစ်စေ ပြီးအောင်ထမ်းဆောင်သွားရုံမက
အသွင်ကူးပြောင်းရေးကာလမှာ တာဝန်ကျေတယ်လို့
နိုင်ငံရေးသုတေသီတွေက အမှတ်ပေးကြတယ်။
ဒီနေရာမှာဘယ်သူဘယ်လောက်ကောင်းတယ်
ဘယ်လောက်တော်တယ်ဆိုတာပြောနေတာမဟုတ်ပါဘူး။
ဒေါ်လော့ဂျစ်ကိုတင်ပြနေတာပါ။
ကဲဆက်ပြီးလေ့လာရအောင်
ပထမအဆင့်၂၀၁၅မတိုင်ခင်ဦးရွှေမန်းရေပန်းစားခဲ့တယ်။
ကျနော်ဒေါ်တပ်ခေါ်ကြည့်တယ် ဒေါ်ရွှေမန်း
ဘယ်လိုမှအဆင်မပြေဘူး။
ဒေါ်လှဆွေကမှ နည်းနည်းအဆင်ပြေသေးတယ်၊
အဲ့ကတည်းကဦးရွှေမန်းအခြေအနေမကောင်းတာ
ကျနော်ရိပ်မိခဲ့တယ်။
နောက်ကျနော်တို့သမ္မတကြီး ဦးထင်ကျော်
မြန်မာနိုင်ငံမှာ ကျနော်ပထမဆုံးစိုးရိမ်ခဲ့တယ်။
ဒေါ်ထင်ကျော်လို့ခေါ်လို့မကောင်းလို့၊
အခုကျနော်ထင်တဲ့အတိုင်းဖြစ်လာပြီ။
ကဲအခုသမ္မတသစ်ဖြစ်လာနိုင်ခြေရှိတဲ့ဦးဝင်းမြင့်
ခေါ်ကြည့်ကြရအောင်၊ ဒေါ်ဝင်းမြင့်၊မဆိုးဘူးနော်
နောက်တခေါက်လောက်ထပ်ခေါ်ကြည့်ရအောင်
ဒေါ်ဝင်းမြင့်
အန်တီဝင်းမြင့်
မရီးမြင့်
မရီးဝင်း
ဘယ်လိုခေါ်ခေါ်အဆင်ပြေတယ်၊
နေစမ်း
အဝေးကြီးနေစမ်း
ဒေါ်ဖြိုးမင်းသိန်း
ဘယ်လိုမှအဆင်မပြေဘူး
အဲ့လောက်နဲ့တက်မလာနဲ့၊
ဟုတ်ပြီ၂၀၂၀အလွန်ကိုကြည့်ရအောင်
စစ်တပ်အသိုင်းအ၀ိုင်းအတွက်တော့ ခြေနေမကောင်းဘူး။
ဒေါ်မင်းအောင်လှိုင်လို့ခေါ်ကြည့်။
အဆင်မပြေဘူး။
အာ့ဆိုပြည်ခိုင်ဖြိုးဘက်လှည့်ရအောင်
မဆိုးဘူးဗျ။
ဥက္ကဌကဦးသန်းဌေးဆိုတော့ ဒေါ်သန်းဌေး
ခေါ်လို့ကောင်းတယ်။
NLD ဘက်မှာရောဘယ်သူရှိမလဲ။
ဒေါ်အောင်မိုးညို
ဒေါ်ဇော်မြင့်မောင်
ဒေါ်မြင့်နိုင်
အဆင်မပြေဘုး။
ကျနော်သဘောကျတာကတော့
မုံရွာဦးအောင်ရှင်ပဲ။
ဒေါ်အောင်ရှင်
ဘယ်လောက်တောင်နန်းဆန်လိုက်သလဲလို့။
ဒေါ်ကြည်အောင်တို့ ဒေါ်မေရှင်တို့ကိုတောင်
ပြန်မြင်ယောင်မိတဲ့အထိပါပဲဗျာ။
ဒေါ်အောင်ရှင်။
စိတ်မကောင်းစရာက ကျနော်တို့လိုတတိယအင်အားစုကို
မျှော်လင့်နေတဲ့သူတွေအတွက်ပါပဲ၊
ခေါ်ကြည့်ကြပါလား။
ဒေါ်ကိုကိုကြီး၊ထပ်ခေါ်ကြည့်တယ်၊ဒေါ်ကိုကိုကြီး
ဘယ်လိုမှအဆင်မပြေဘူးဗျာ။
အတိအကျပြောရရင် ရှစ်လေးလုံးပါတီထဲကနေ
ဦးမြအေးထွက်သွားကတည်းက
ကျနော်စိတ်ပျက်သွားတာပဲ။
ဦးမြအေးကိုကျနော်အများကြီးမျှော်လင့်ခဲ့တယ်၊
ဒေါ်မြအေးလို့ခေါ်လို့ကောင်းလို့။
(သူငယ်ချင်းနှစ်ယောက်မဆုံလိုက်နဲ့ ဆုံလိုက်ပီဆိုတာနဲ့
အဲ့လိုအရေမရအဖတ်မရ ပေါက်ကရတွေကို သေးထွက်ကျအောင်
ပြောတာ)