Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မယား(၃၃)ယောက်ရှိသည့် ကျော်မမှီလိုက်သော ဦးဘိုးရှိ

$
0
0





မယား(၃၃)ယောက်ရှိသည့် ကျော်မမှီလိုက်သော ဦးဘိုးရှိ

စစ်ကိုင်းတိုင်း မုံရွာ သာစည်နယ် မယ် ဦးဘိုးရှိဆို ခုထိ သိနေကြတုန်း နာမယ်ကြီးတုန်း … စံပြ ပြောဆိုနေရတုန်း ….

အဘယ်သို့ကြောင့်ဆိုတော် ဦးဘိုးရှိတွင် စားရင်းရှိ မယား ၃၃ ယောက်ရှိသည် …( ဖီးလင်း အားကျ ) …ဤကား စကားချပ် ဦးဘိုးရှိက လယ်ဧက သောင်းချီ ပိုင်သည်ဆိုသည် ..

တနှစ်တနှစ် သီးစားချသည်ရော .. လယ်သူရင်းဌား
များရော ရာသီပေါ်ချိန် ဆို မိသားစုလိုက် လာကန်တော့ ရသည် .. ထိုအချိန် တွင် သမီးပျို ချောချော မောမော ပါလာပါက.. ဦးဘိုးရှိ သဘောကျလို့ ထားခဲ့ဆိုလျင် ထားခဲ့ပေဘဲ… မထားခဲ့လို့ကတော့ နောက်နှစ်သူ့လယ်မှာ အလုပ်မရဘူးသာမှတ် … အဲ့လို …

ဒီလိုနဲ့ သူကြိုက်ရာ ယူထားတာ စာရင်းရှိကြီး ၃၃ယောက် … ကြုံဒိုးလေးတွေက ပါသေးဆိုဘဲ … ဦးဘိုးရှိက ၃ ထပ်တိုက်နဲ့နေတာ .. တိုက်အောက်ဆုံးထပ်မှာ ဇာတ်စင် ကြီးဆောက်ထား သတဲ့ ဇာတ်ခေါ်ကရင် ‘ သုရောနန္ဒီ ဇာတ် ‘ ဘဲ ကခိုင်းသတဲ့ …. ဘာလို့တုန်း ဆိုတော့

အဲ့ဇာတ်က မင်းသမီးကို ဂဠုန် ချီတဲ့အခန်းပါ ဆိုဘဲ အဲ့အခန်းရောက်ရင် ဦးဘိုးရှိက ဂဠုန် ခေါင်းဆောင်း
ကြီး စွပ်ပီး သူကိုယ်တိုင် မင်းသမီး ကို ပွေ့ချီပီး သုတ်လေ့ရှိသတဲ့ …. ဦးဘိုးရှိက အဲ့ဂဠုန်ခေါင်းဆောင်းကို အပိုင်ဝယ်ထားတယ်…

ဇာတ်ကြည့်ရင် ဘေးနား အဲ့ ခေါင်းဆောင်းထားကြည့်ရော … မင်းသမီးကိုဂဠုန် သုတ်ပြေးတဲ့အခန်းကလည်း … ဂဠုန်က အသုတ် ဇာတ်စင် မီးတွေကမှိတ် ပေး .. စင် ကိုအမှောင်ချ အဲ့လို ကွက်တိဖြစ်ရတာ….

ပီးရင် ဦးဘိုးရှိက မင်းသမီးကို အခန်းထဲ ခေါ်ပြေးရော သူနဲ့ အဆင်ပြေသွားရင် အဲ့ည ဇာတ် ဆက်ကစရာ မလို တော့ဘူး ပြီးဘီ …. အဲ့ မင်းသမီးက ငြင်းဆန်
နေရင်တော့ ဇာတ်ဆက်ကရတယ် .. နောက်လဲမဌားတော့ဘူး … အဲ့လို ပြတ်သားတာ ဦးဘိုးရှိက …

တခါ က ညောင်ကန် မင်းသမီး ဇာတ်လာကတယ် မင်းသမီးကငယ်လဲ ငယ် ချောကလဲချော ဆိုတော့ ဦးဘိုးရှိ မနေနိုင်ဘူး …. ဂဠုန်ခေါင်းဆောင်းဘေးချပီး သူ့ဇာတ်ဖြစ်တဲ့ သုရောနန္ဒီ ကခိုင်း…

မင်းသမီး ဂဠုန်ချီတဲ့အခန်းလဲရောက်ကော .. ဘာ ပြောကောင်းမတုန်း မင်းသမီးချီပီး သူ့အခန်းထဲ ဝင်ပြေးပါရော… မင်းသမီး က လုံးဝ သဘောမတူ ဘဲ ပြဿနာ တက်ပီး မင်းသမီး ချက်ချင်း ပြန်ပါလေရောလား … ဦးဘိုးရှိလဲ ဆန့်ငင် ဆန့်ငင်နဲ့ ကျန်ခဲ့တာ…..

တပတ်လောက် ဦးဘိုးရှိ အသဲကွဲနေတော့ တငူငူ တငိုင်ငိုင် …. ဒါနဲ့ ဦးဘိုးရှိမယားတွေလဲ မနေနိုင် အချင်းချင်းတိုင်ပင်ပီး မယားကြီးနဲ့ အခြားမယား ၅ ယောက်တို့ ညောင်ကန်ရွာ လိုက်ပီး မင်းသမီးက်ုဖျောင်းဖျကြတာ ၂ ရက်ကြာသတဲ့ … နောက်တော့ မင်းသမီးလဲ လိုက်လာပေးသတဲ့ ဗျာ…. ဦးဘိုးရှိက အဲ့လို ပိုင်တာ….

ဒီတော့ ဒီနယ်တဝိုက် ဦးဘိုးရှိ ဆိုရင် ယောက်ကျား သားတွေရဲ့ အိုင်ဒေါ ဖြစ် ကရောပေါ့ ….ကျော်လဲ ကြားကြားချင်း ဦးဘိုးရှိကို ကြည်ညို လိုက် တာဆိုတာ .. သူ့အိမ်ကြီးသွားကြည့်ရတဲ့အထိဘဲ လိုက်ပို့ပေးတဲ့ မုံရွာဟိုတယ်က အကိုကြီး ဦးဌေးရှိကိုလဲ ကျေးဇူးတင်ပါ့ …

ကျော့် ကိုလဲ အောင်မြေလေးနင်းစမ်းပါ့ ဆိုပီး ဦးဘိုးရှိ အိမ်ဝိုင်းထဲ ဖိနပ်ချွတ် ပီးနင်းခဲ့ ရသေးဗျာ…ဒါတောင် ဘေးနားအိမ်ကလူတွေဝိုင်းကြည့်နေလို့မဟုတ်လို့ကတော့ အဲ့အိမ်ပျက်ကြီးကိုထိုင်ကန်တော့ခိုင်းမဲ့ပုံ …..

ကဲ မုံရွာသားတွေ သာစည် သားတွေ ဂုဏ်ယူရ
တဲ့ ဦးဘိုးရှိ ဆိုတာ ဒါဘဲကလား…….

ခိုင်

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>