Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မွေးနေ့အလှူမှာ ၀တ်ဆင်တဲ့ဝတ်စုံကြောင့် ဝေဖန်ခံနေရတဲ့ရွှေမှုန်ရတီ

$
0
0

ဘုရားကျောင်းကန်သွားမည့် အမျိုးသမီးများ သတိထားဖို့
>>>>>>>>>>>{{{(((())))}}}<<<<<<<<<<<<<

ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး
သူ့အခြွေအရံများကို မှာကြားသည်မှာ -

ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ရော
သေသေချာချာ နားထောင်ကြနော်။ ယခုမယ်မယ်တို့ သွားရမှာက
ရဟန်းတော်တွေ သီတင်း သုံးတဲ့နေရာ၊ မယ်မယ်တို့
ချယ်သထားတာက တကယ့်ပွဲလမ်းသဘင် သွားမယ့်အတိုင်းပဲ။
မိန်းမတယောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေဟာ
ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။
အဆန်း တကြယ် ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက်
သူတို့မှာ ပူလောင်တဲ့ ကိလေသာတွေ ဖြစ်လာနိုင်တယ်လေ။

ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက်
သူ့မှာ အပြစ်ဖြစ်ရသလို၊ သူ့ကိုပူလောင်အောင် ၀တ်ဆင်ထားတဲ့
မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့ အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင်မလွှမ်းသွားပါစေနဲ့။

သမီးတော်တို့ . . . ရဟန်းတော်တွေဆိုတာကလည်း အာသဝေါ
ကုန်းခမ်းနေသူတွေ ရှိသလို၊ပုထုဇဉ်တွေ ရှိတာပဲလေ။ ဒီတော့ ပုထုဇဉ်
ရဟန်းတော်တွေအတွက် မယ်မယ်တို့လို မိန်းမသားတွေက
ဝတ်စားဆင်ယင်မှုကို ဆင်ခြင်ကြဖို့ လိုအပ်တယ်။ပုထုဇဉ်တွေပဲဖြစ်လို့
ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲ တွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့ လိုက်ရင် . . .
ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် . . . ။

ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းကပန်းတွေဖြုတ်လိုက်။
မှုံနံ့သာတွေ ကိုလည်း ဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံဝတ်ဆင်ပြီး
မြင်ရသူစိတ်ထဲမှာ နှမငယ်၊ သမီးငယ်တယောက်လို
ကရုဏာပွားလာအောင် ဝတ်စားဆင်ယင်ပီး
ပြောဆို ဆက်ဆံ ကြပါကွယ်။

မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပု အမည်ရှိ စာအုပ်မှ။
..............................................................................
မင်းတုန်းမင်းကြီး မှ ဗန်းမော်ဆရာတော်ရဲ့ သမာဓိ၊စိတ်ဓ်ာတ်ကိုစမ်းသပ်သလိုပါ။

ဗန်းမော်ဆရာတော် ဆိုတာ ရတနာပုံခေတ်က စာပေကျန်းဂန်လည်းတတ် ၊ သတ္တိရှိရှိ ခပ်ရွတ်ရွတ် ပြောစရာရှိရင် မညှာမတာ ပြောတတ်တဲ့ ဆရာတော်ကြီးပါ ။
မင်းတုန်းမင်းနဲ့လည်း မကြာမကြာ စကားစစ်ထိုး ရန်ဖြစ်နေကြပါ ။

တနေ့ တော့ ဗန်မော်ဆရာတော်၏စိတ်ကို စမ်းသပ်ချင်လို့ မင်းတုန်းမင်းက အနောက်ဆောင် ( ယောက်ျားမဝင်ရတဲ့ မင်းသမီး မိဖုရား အပျိုတော်များသာ နေတဲ့ အပိုင်း) မှာ ပင့်ပြီးဆွမ်းကပ်ခိုင်းတယ် ။ အပျိုတော်တွေကိုလည်း ဆွမ်းကပ်တဲ့အခါ မလုံ့ တလုံ လေးတွေ ဝတ် ( ပွင့်လင်းမြင်သာလေးတွေပေါ့) တတ်နိုင်သမျှ ပွတ်သီးပွတ်သပ်လုပ်ပြီး ဆရာတော်ကို ကာမဆန္ဒတွေ ဖြစ်အောင် မြှူဆွယ်ခိုင်းထားသတဲ့ ။

ဆရာတော်ရဲ့ အခြေအနေကို ဘုရင်က အတွင်းခန်းကနေစောင့်ကြည့်နေသတဲ့ ။
ဗန်းမော်ဆရာတော်က 'အင်း ငါ့ကိုတော့ ဘုရင်က စမ်းနေပြီ'ဆိုတာ သိတယ် ။

ဆရာတော်က အပျိုတော်တွေ မပေါ့်တပေါ်နဲ့ ကပ်သမျှ ဆွမ်းတွေကို အားရပါးရ အများကြီး ဘုဉ်းပေးပြီး ဗိုက်တင်း သယောင်နဲ့ ခါးပန်းကြိုး ကိုဖြေချလိုက်တယ် ။ သင်းပိုင်ကိုလည်း လျှော့ထားလိုက်တယ် ။
လူလိုပြောရင် ထမင်းထိုင်စားနေရင်း ဗိုက်တင်းလို့  ပုဆိုးကို ဖြေပြီး ချွတ်ထားသလိုပေါ့ ။

ဆွမ်းစားအပြီးမှာတော့ လျှော့ထားတဲ့ ခါးပန်းကြိုးရော သင်းပိုင်ရော ပြန်မဝတ်ဘဲ ရုတ်တရက် မတ်တပ်ထလိုက်တယ် ။ ပြီးတော့ ဗလာဖြစ်နေတဲ့ အောက်ပိုင်းကို ဘယ်ညာ လှုပ်ရမ်းပြပြီး ပြောလိုက်သတဲ့ ။

'ဟေ့ .. နင်တို့လင် ငလွင်ကို ပြောလိုက် ၊ ကျွန်တော်မျိုးမတို့ ဘယ်လိုပြပြ ပဏ္ဍိတက တော့ မ'ထ'ဘူး ဘုရာ့ လို့ ပြောလိုက် '

လို့ပြောပြီး ပုံကျနေတဲ့ သင်းပိုင်သင်္ကန်းကောက်ဝတ်ပြီး ကျောင်းပြန်ကြွသွားသတဲ့ ။

( မင်းတုန်းမင်းရဲ့ ငယ်မည်က မောင်လွင်၊ ဗန်မော်ဆရာတော် ဘွဲ့က ရှင်ပဏ္ဍိတ ပါ)

မူရင်း-ဦးလှဘူး

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>