ေကာ့ေသာင္းၿမိဳ႕၌ လင္မယားခ်င္းစကားမ်ားရန္ျဖစ္ရာ အိမ္နီးခ်င္းက ဝင္ေရာက္ဖ်န္ေျဖရာမွ လုပ္ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြား ခဲ့ေသာေၾကာင့္ လူတစ္ဦးေသဆံုးမႈျဖစ္ခဲ့သည္။
ေကာ့ေသာင္းၿမိဳ႕နယ္ ေအးျမမဂၤလာ ေက်းရြာေန ဦးေမာင္ခင္(၆၁ ႏွစ္)သည္ ေမ ၁၈ ရက္ ည ၁၁ နာရီခဲြက ေနအိမ္၌ ဇနီးျဖစ္သူ ေဒၚမိုးစႏၵာ(၄၁ ႏွစ္)ႏွင့္ ဖုန္းတိုင္ ေထာင္သည့္ကိစၥျဖင့္ စကားမ်ား ရန္ျဖစ္ေနစဥ္ အိမ္ခ်င္းကပ္လ်က္ေနသူ ေဝယံ(၂၅ႏွစ္) (ေဒၚမိုးစႏၵာ၏ပထမ အိမ္ေထာင္ႏွင့္ရေသာသား)မွ ဝင္ေရာက္ ဖ်န္ေျဖရာ ဦးေမာင္ခင္က ပြိဳင့္ ၂၂ က်ည္ျဖင့္ ပစ္ခတ္ရသည့္ လုပ္ေသနတ္ ကို ကိုင္ထားစဥ္ ေဝယံက လုယူၿပီး ပစ္ခတ္ခဲ့သျဖင့္ ဦးေမာင္ခင္၏ ရင္ၫြန္႔ တြင္ က်ည္ထိမွန္ ဒဏ္ရာ ရရွိၿပီး အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့သည္။
ျဖစ္စဥ္ႏွင့္ စပ္လ်ဥ္း၍ ေဝယံအား မာရမ္းနယ္ေျမရဲစခန္းက အမႈဖြင့္ အေရးယူထားေၾကာင္း သတင္းရရွိ သည္။
thithtoolwin
#Unicode Version#
ကော့သောင်းမြို့၌ လင်မယားချင်းစကားများရန်ဖြစ်ရာ အိမ်နီးချင်းက ဝင်ရောက်ဖျန်ဖြေရာမှ လုပ်သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား ခဲ့သောကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ခဲ့သည်။
ကော့သောင်းမြို့နယ် အေးမြမင်္ဂလာ ကျေးရွာနေ ဦးမောင်ခင်(၆၁ နှစ်)သည် မေ ၁၈ ရက် ည ၁၁ နာရီခွဲက နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်မိုးစန္ဒာ(၄၁ နှစ်)နှင့် ဖုန်းတိုင် ထောင်သည့်ကိစ္စဖြင့် စကားများ ရန်ဖြစ်နေစဉ် အိမ်ချင်းကပ်လျက်နေသူ ဝေယံ(၂၅နှစ်) (ဒေါ်မိုးစန္ဒာ၏ပထမ အိမ်ထောင်နှင့်ရသောသား)မှ ဝင်ရောက် ဖျန်ဖြေရာ ဦးမောင်ခင်က ပွိုင့် ၂၂ ကျည်ဖြင့် ပစ်ခတ်ရသည့် လုပ်သေနတ် ကို ကိုင်ထားစဉ် ဝေယံက လုယူပြီး ပစ်ခတ်ခဲ့သဖြင့် ဦးမောင်ခင်၏ ရင်ညွန့် တွင် ကျည်ထိမှန် ဒဏ်ရာ ရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဝေယံအား မာရမ်းနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိ သည်။
Credit: thithtoolwin