thithtoolwin
#Unicode Version#
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက် ဧရာဦးခန်းမ အနောက်ဘက် မြစ်ကမ်းဘေးရှိ ကိုင်းတောထဲတွင် အသက်(၃၀)ခန့် အမည်မသိ အမျိုးသားတစ်ဦး မေလ(၁၉)ရက်နေ့ ညနေ (၅)နာရီအချိန်ခန့်တွင် သေဆုံးလျက်တွေ့ရှိ ကြောင်း သိရသည်။
အဆိုပါသေဆုံးသူ အမည်မသိအမျိုးသား၏ ယာဘက် နားရွက်တွင် ကိုင်းရွက်ပြတ်ရှထားသည့် သွေးထွက်ဒဏ်ရာ(၁)ခု စစ်ဆေးတွ့ရှိရသဖြင့် သေဆုံးရခြင်းမှာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ပြည်မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ထူးသူရမောင်က စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
thithtoolwin